အသက်မွေးဝမ်းကျောင်းပညာနှင့် ကျောင်းပြင်ပ ပညာရေးကို
ထူထောင်ရန်အထူးအားပေးပြီး ပြုလုပ်ဖို့ရှိသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
“နိုင်ငံရဲ့ ပညာရေးစနစ်က အင်မတန်မှ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။
အခြေခံပညာရေးကိုလည်း လုပ်ရမယ်။ အဆင့်မြင့်ပညာရေးကိုလည်း လုပ်ရမယ်။
အဆင့်မြင့်ပညာရေးနဲ့ အခြေခံပညာရေးမှာ ကျွန်မတို့ အသက်မွေးဝမ်းကျောင်းပညာနဲ့
ကျောင်းပြင်ပပညာရေးကိုလည်း လုပ်ရမယ်။ နှစ်ပေါင်းများစွာက မွေးထုတ်လိုက်တဲ့
ဘွဲ့ရပြီး ပညာမပြည့်စုံတဲ့၊ ဘွဲ့မရပေမယ့် ကျောင်းပြီးပြီးတော့
ပညာမပြည့်စုံတဲ့ ကျောင်းတောင်မှ ပြီးအောင်မသင်နိုင်ခဲ့တဲ့ လူငယ်၊
လူရွယ်တွေကနေပြီးတော့ အခုလူရွယ်ပိုင်းကို ရောက်သွားတဲ့သူတွေအတွက်
မလုပ်ပေးလို့မဖြစ်ပါဘူး။ အဲဒီလို မလုပ်ပေးဘူးဆိုရင် ကျွန်မတို့ဆီမှာ
ဒဏ်ရာရသွားတဲ့ မျိုးဆက်တွေ ကျန်ခဲ့ပါမယ်။ အဲဒီမျိုးဆက်တွေအတွက် ကျွန်မတို့က
အခြေခံပညာရေးအနေနဲ့ ပြန်လုပ်လို့လည်း မရတော့ဘူး။ ကျောင်းပြန်တက်လို့
မရတော့တဲ့သူတွေအတွက် အသက်မွေး ၀မ်းကျောင်းပညာနဲ့ ကျောင်းပြင်ပ ပညာရေးကို
ထူထောင်ဖို့ အထူးအားပေးပြီး လုပ်ဖို့ရှိပါတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ မြန်မာနိုင်ငံကို ပညာရေးနှင့်ပတ်သက်၍
ကူညီချင်သည့် အဖွဲ့အစည်း များစွာရှိသည်ဟုသိရပြီး ထိုအဖွဲ့အစည်းများအား
တိတိကျကျ စနစ်တကျနှင့် စီမံကိန်းများ တင်ပြနိုင်မည်ဆိုပါက အကူအညီရရန်
အခွင့်အလမ်း များပြားနိုင်သည်ဟု သိရသည်။
Internet Journal
ကိုဟိန်း
No comments:
Post a Comment