နေပြည်တော် ဈေးကွက်အတွင်း တရုတ်နိုင်ငံလုပ် Huawei အမှတ်တံဆိပ်
ဟန်းဆက်များ အရောင်းသွက်လျက်ရှိရာ Touch Screen အမျိုးအစားဟန်းဆက်ဖြစ်သော
U-8836 မော်ဒယ်သစ် ဟန်းဆက်တစ်မျိုး ၀င်ရောက်လာပါတယ်။ Display ကို 4.3 လက်မ
qHD ကိုအသုံးပြုထားပြီး
Dual Sim စနစ် 3G အမျိုးအစား ဖုန်းဖြစ်တဲ့အတွက် GSM ရော WCDMA ပါ
တစ်ခါတည်း ထည့်သုံးလို့ရပါတယ်။ Network ပိုင်းက GSM 850/900/1800/1900 MHz
နဲ့ WCDMA 900/2100 MHz တွေကို အသုံးပြုနိုင်ပါတယ်။ Android Version 4.0 OS
ကိုအသုံးပြုထားပြီး
CPU ကတော့ 1GHz ဖြစ်ပါတယ်။ Ram Memory ကတော့ 1GB
ရှိပါတယ်။ Rom Memory ပိုင်းအနေနဲ့ 4GB ပါဝင်ပြီး 32GB အထိ
တိုးမြှင့်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဟန်းဆက်ဝယ်ယူတဲ့အခါ 4GB
ပမာဏရှိတဲ့ Memory ကတ်တစ်ခုကို လက်ဆောင်အဖြစ် ထည့်သွင်းပေးသွားမယ်လို့
သိရပါတယ်။ Double Flash (LED) ပါတဲ့ 2.0 Megapixel ရှိတဲ့
နောက်ကင်မရာပါဝင်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအတွက် BT3.0, HS BT 4.0, Wifi
802.11 a/b/g/n စတဲ့စနစ်တွေ ပါဝင်ပါတယ်။ 1930 AMP ရှိတဲ့ ဘက်ထရီကို
အသုံးပြုထားတာကြောင့် အားအပြည့်သွင်းထားရင် နာရီပေါင်း ၂၀၀ ကနေ ၃၀၀ အထိ
Stand by အသုံးပြုနိုင်ပြီး ဆက်တိုက်စကားပြောမယ်ဆိုရင်တော့ ၃ နာရီကနေ ၅
နာရီအထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဆိုပါဟန်းဆက်ကို နေပြည်တော်
ပျဉ်းမနား၊ ပေါင်းလောင်းရပ်ရှိ Dr.G Mobile ဖုန်း-၀၉၅၃၅၁၅၁၃
သို့ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်မယ်လို့ သိရပါတယ်။
Internet Journal
ကျော်ဇေယျ
No comments:
Post a Comment