ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Friday, November 2, 2012
၂၀၁၃ ဆီးဂိမ်းအမီ ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များ အားလုံးဖွင့်နိုင်ရန် လျာထား
ငွေဆောင်ကမ်းခြေတွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှအားက စားပြိုင်ပွဲ
(ဆီးဂိမ်း) ရွက်လှေပြိုင်ပွဲ အတွက် ဟိုတယ်အခန်းများ လောက်င နိုင်စေရန် ၂၀၀၆ ခု
နှစ်မှ စတင်ခါ ယာယီ ပိတ်ထားသော ဟိုတယ်ငါးလုံးကို ပြန်လည်ဖွင့်လှစ်နိုင်ရန် လျာ
ထားသည် ဟု ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်
ငန်း ၀န်ကြီးဌာနမှ တာဝန်ခံဦးလှမိုးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
"၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ ရာသီ ဥတုအခြေအနေကြောင့် ပျက်စီးသွားတဲ့ ဟိုတယ်
တွေ၊ မဖွင့်ဖြစ်တဲ့ဟိုတယ်တွေ ကို ပြန်ဖွင့်ဖို့ ရှိတယ်။ အဲဒီဟိုတယ်တွေ အပြင် လက်
ရှိဖွင့်နေတဲ့ ဟိုတယ်တချို့က
လည်း အခန်းတွေထပ်ချဲ့ပြီး အဆင့်မြင့် ပြန်ပြုပြင်ဖို့တွေ
လုပ်နေတယ်" ဟု ဦးလှမိုးက ပြောသည်။
Rainbow View ဟိုတယ်ကို လာမည့် နှစ် ဆီးဂိမ်းအမီအပြီးအဆင့်မြင့် ပြန်လည်ပြု
ပြင်သွားမည်ဖြစ်ပြီး ဟိုတယ် ACE၊ Asia World ဟိုတယ်များကိုလည်း လာမည့်နှစ်
တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ရှိသည်။
ထို့ပြင် ၂၀၀၆ ခုနှစ်မှ စတင်ပိတ် ထားခဲ့သည့် ရွှေခရု၊ ရွှေသဇင်ဟိုတယ် များကိုလည်း
၂၀၁၃ ခုနှစ်တွင် အပြီးသတ် ပြန်လည်ပြုပြင်ဖွင့်လှစ်သွားရန်ရှိသည် ဟု ၎င်းက ပြော
သည်။ ငွေဆောင်ဟိုတယ်ဇုန် ဘဏ္ဍာရေးမှူး ဦးအောင်ဌေးလင်းက ၂၀၁၃ ခုနှစ်၊ ဒီဇင်
ဘာလတွင်ကျင်းပမည့် ဆီးဂိမ်း ရွက်လှေပြိုင် ပွဲဝင်များအတွက် ဟိုတယ် ရှစ်လုံး လျာ
ထားပြီးဖြစ်ကြောင်း ပြောကြားသည်။
"အခုမှ ဆီးဂိမ်းအတွက် ပြင်ဆင်နေတုန်း ရှိပါသေးတယ်။ ပြိုင်ပွဲဝင်တွေ အတွက်အပြင်
လာလည်တဲ့ခရီးသည် တွေ တည်းခိုဖို့လွယ်ကူအောင် အခန်း တွေ တိုးချဲ့ရမှာပါ"ဟု
၎င်းကပြောသည်။
ယခုလတ်တလော ဖွင့်လှစ်လျက်ရှိ သည့် ဟိုတယ် ၁၇ လုံးတွင် အခန်းပေါင်း ၇၀၀
ကျော်ရှိပြီး ၂၀၁၃ ခုနှစ်အတွက် ဟိုတယ်စုစုပေါင်း ၂၁ လုံးဖွင့်လှစ်နိုင်ရန် ဆောင်ရွက်
လျက်ရှိသည်။
"၂၀၁၃ ခုနှစ်မှာ ဟိုတယ် ၂၁ လုံး ဖွင့်နိုင်ရင် ငွေဆောင်ဟိုတယ်ဇုန်မှာ အခန်းပေါင်း
၈၄၀ ကျော်လာမှာပါ။ ဒါကြောင့် တစ်ရက်ကို ပျမ်းမျှခရီးသည် ၁,၇၀၀ ကျော် လက်
ခံနိုင်မှာ ဖြစ်တယ်"ဟု ဦးလှမိုးက ပြောကြားသည်။
ယခင် ၂၀၁၁-၁၂ ခုနှစ် ပွင့်လင်း ရာသီ တွင် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း ပြည်ပ
ခရီးသည် စုစုပေါင်း ၃၇,၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး လာမည့် ၂၀၁၂-၁၃ ရာသီ တွင်
ခရီးသည်ပိုမိုလာရောက်တည်းခို နိုင်ဖွယ်ရှိသည်ဟု ငွေဆောင်ဇုန်ဟိုတယ် လုပ်ငန်းရှင်
များက ခန့်မှန်းထားကြောင်း သိရသည်။
ယုယုမော်
The Myanmar Times
Labels:
ခရီးသွား,
ပြည်တွင်းသတင်း,
အားကစား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment