Friday, November 2, 2012

စင်ကာပူလေကြောင်းလိုင်း ရန်ကုန်သို့ စတင်ပြေးဆွဲနေ



စင်္ကာပူလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ နေ့စဉ်တိုက်ရိုက် ခရီးစဉ်အား အောက်တိုဘာလ
၂၈ ရက်နေ့မှ စတင် ပြေးဆွဲနေပြီဖြစ်သည်။
စင်ကာပူလေကြောင်းလိုင်း၏ ပထမဆုံး တိုက်ရိုက်ခရီးစဉ် လေယာဉ်သည် အောက်တိုဘာလ ၂၈
ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ခဲ့ပြီး နံနက်
၁၁နာရီတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
"မြန်မာနိုင်ငံက ခရီးသွား၊
စီပွားရေး ခရီးသွားဧည့်သည် အသွားအလာများလာပြီး ဈေးကွက်လိုအပ်
ချက်ရှိလာတဲ့အတွက် အခုလို နေ့စဉ်တိုက်ရိုက်ပြေးဆွဲရခြင်းဖြစ်ပါတယ်"ဟု လေကြောင်းလိုင်း
မြန်မာနိုင်ငံဆိုင်ရာရုံးခွဲ မန်နေဂျာ Lim Wei Pang က ပြောသည်။
အဆိုပါ တိုက်ရိုက်ခရီးစဉ်အား စင်ကာပူလေကြောင်းလိုင်း၏ လေကြောင်းခွဲ ဖြစ်သည့် ဆစ်ခ်အဲ
လေကြောင်းလိုင်းနှင့်အတူ ရန်ကုန်မြို့သို့ တစ်ပတ်လျှင် ၁၆ ကြိမ်အထိ ပျံသန်းပြေးဆွဲသွားမည်
ဖြစ်သည်။

ဇော်ဝင်းသန်း
The Myanmar Times

No comments:

Post a Comment