ဝါရင့်အမျိုးသမီးအဆိုတော်တွေ သီဆိုထားတဲ့ သီချင်းဟောင်းတွေကို ပြန်ဆိုထားတဲ့ အေသင်ချိုဆွေရဲ့ “အနီးဆုံးလူ..နမ်းမှာလား” အယ်လ်ဘမ်
ထွက်ရှိလာတဲ့အခါ အရင်ဆိုဟန်တွေကိုမမီဘူးလို့ ဝေဖန်သံတွေရှိသလို တစ်ဖက်မှာလည်း အားပေးမှုတွေ ရရှိထားပါတယ်။ အဲဒီအယ်လ်ဘမ်ထဲကမှ “နေရာတိုင်းမှာ” သီချင်းနဲ့ ပရိသတ်တောင်းဆိုမှု အများဆုံးဆုအဖြစ် ရွှေအက်ဖ်အမ်က ချီးမြှင့်တဲ့ဆုကိုလည်း လောလောလတ်လတ် ရရှိထားတဲ့ အေသင်ချိုဆွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
အေသင်ရဲ့ “အနီးဆုံးလူ ..နမ်းမှာလား” စီဒီက ပရိသတ်အားပေးမှုရခဲ့တယ်လေ။ အခုဆို အဲ့ဒီခွေနဲ့ ဆုရခဲ့တယ်နော်။ အစက ဗီစီဒီမရိုက်တော့
ဘူးဆိုပြီး အခု ပြန်ရိုက်ဖြစ်တော့လည်း ကိုယ်တိုင်ထုတ်လုပ်သူမလုပ်ဖြစ်တာက။
အဲ့ဒါ မရိုက်တော့ဘူးဆိုတာ သီချင်းတွေက နည်းနည်းရိုးတယ်လေ။ ဘယ်လိုရိုက်ရမယ်ဆိုတာ အေသင်စဉ်းစားတာ ဘယ်လိုမှ စဉ်းစားလို့မရဘူး။ အဲ့ဒီတော့ ကိုယ့်ဘာသာကိုယ် ဒီအခွေမထွက်ဘဲနဲ့ သီချင်းခွေအသစ်ကို မျှော်နေတဲ့ ပရိသတ်ကရှိတော့ အေသင်က အသစ်ပဲထုတ်တော့မယ်ဆိုပြီးတော့ လုပ်လိုက်တာ၊ ကြားထဲမှာ ပရိုဂျူဆာမညိုမာက ကမ်းလှမ်းလာပြီး သူထုတ်မယ်ဆိုတာနဲ့ ထုတ်ဖြစ်သွားတာ။ အမှန်တကယ် ပရိုဂျူဆာရှိလို့ ထုတ်ဖြစ်သွားတာပါ။
မမျှော်လင့်ဘဲ ပရိုဂျူဆာကြောင့် ဗီစီဒီထုတ်ခွင့်ရတော့ အေသင်ဝမ်းသာနေမှာပေါ့။
အဓိက ပရိသတ်တွေကြောင့်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီခွေကပေါက်ထားတဲ့အတွက် အားလုံးကထုတ်စေချင်တယ်။ ပရိုဂျူဆာရှိလာတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ၀မ်းသာတာပေါ့နော်။ ပရိသတ်အတွက်လည်း ၀မ်းသာစရာတစ်ခုပါပဲ။ အေသင်လည်း ပရိသတ်အတွက် ဗီစီဒီထုတ်ခွင့်ရတဲ့အတွက် စိတ်ထဲမှာပျော်လည်းပျော်တယ်။ ဒီတစ်ခွေလုံးကို ကိုဇေပါရိုက်တာ။ ကိုဇေပါနဲ့က တိုင်ပင်လို့ကောင်းတယ်လေ။
ညီမဆံပင်ကို တစ်ခေါင်းလုံး ရွှေအိုရောင်ဆိုးဖို့ ဘယ်လိုအိုင်ဒီယာရသွားတာလဲ။
အေသင်က ဆိုးချင်တာကြာပြီ။ အေသင်က ဘိုမလေးတွေဆို အရမ်းကြိုက်တယ်။ အင်္ဂလိပ်မလေးတွေ သူတို့ရဲ့အရောင်လေးတွေက ဒီလိုအရောင်လေးတွေ အရမ်းချစ်ဖို့ကောင်းတယ်။ မျက်နှာလေးကအစ နုသွားတာပေါ့နော်။ ဆိုးချင်တာ မြန်မာနိုင်ငံမှာကျတော့ ကားရိုက်ရှိတာနဲ့ဘာနဲ့ အမေကလည်း မဆိုးခိုင်းဘူး။ ဆိုးရင်လည်း ဆံပင်ပျက်စီးမှာတဲ့။ ဆိုင်တွေက မဆိုးပေးဘူး။ အဲ့ဒါ ကိုရီးယားရောက်တော့ နန်းဆုနဲ့အေသင် နှစ်ယောက်သား ဆံပင်သွားဆိုးလိုက်ကြတာ။
သွားခဲ့တဲ့ခရီးက ကိုရီးယားနိုင်ငံမှာ ဖျော်ဖြေတာ ပထမဆုံးလို့ သိရတယ်။ ပရိသတ်ကို အတွေ့အကြုံလေးတွေ ဝေမျှပေးပါဦး။
ကိုရီးယားမှာ အစစအရာရာ အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတာ ပွဲလုပ်တဲ့ ကန်ထရိုက်တွေက အရမ်းသဘောကောင်းတယ်။ သူတို့က အကုန်လုံးလိုက်ပို့ပေးတယ်။ တော်တော်လည်ပတ်ခဲ့ပါတယ်။ တော်တော်လည်း ပင်ပန်းခဲ့တယ်။ ဒါပေမဲ့ ပင်ပန်းရကျိုးနပ်ပါတယ်။ နေရာအစုံရောက်ခဲ့တယ်။
ကိုယ် ဟိုးအရင်က အခုအချိန်အထိ ကြိုက်နေဆဲ ပြည်တွင်း၊ ပြည်ပ အနုပညာရှင်တွေက ဘယ်သူဖြစ်မလဲ။
ပြည်ပမှာဆို အေသင်အရမ်းခရေဇီဖြစ်တာ နှစ်ယောက်ရှိတယ်။ ပထမက ဘရစ်တနေစပီးယား၊ ဘီယွန်းဆေး သူတို့နှစ်ယောက်က အေသင်ရဲ့ ဟီးရိုးလို့ ပြောလို့ရတယ်။ ပြည်တွင်းမှာဆိုလို့ရှိရင် ဟိုးအရင်ထဲက ကြိုက်တာဆိုရင် မတင်ဇာမော်ကို ကြိုက်တယ်။ မဖြူဖြူကျော်သိန်း၊ အခုနောက်ပိုင်းဆို မချမ်းချမ်း ကြိုက်တယ်။ အန်တီမေဆွိ၊ အန်တီဟေမာတို့ရဲ့သီချင်းကို အေသင် နားထောင်တာ တော်တော်များပါတယ်။
အေသင်ရဲ့ အရင်ဖက်ရှင်ပုံစံက ခပ်မိုက်မိုက်စတိုင်လေးတွေ၊ အခုနောက်ပိုင်းဖက်ရှင်က မိန်းကလေးဆန်တဲ့ဖက်ရှင်တွေ ၀တ်တာများလာတယ်နော်။
အေသင်က ယောက်ျားလေးလို နေတာများတယ်။ တကယ်ကြိုက်တာကျတော့ အဲလိုမျိုးလေး အနုအရွထက်ကို မိုက်တဲ့ဘက်ကို ပိုကြိုက်တယ်။ မိုက်မိုက်ခပ်မာမာထန်ထန်ကို ပိုကြိုက်တယ်။ နောက်ပိုင်းကျတော့လည်း မြန်မာပြည်ရဲ့ ရေစီးကြောင်းအရ တစ်လိုင်းတည်းမရဘူး။ လိုင်းပေါင်းစုံလုပ်ရမယ်ဆိုပြီး လုပ်ဖြစ်လာတာပါ။
ဝိတ်နည်းနည်း ပြန်တက်လာတယ်နော်။ ၀ိတ်ပြန်မထိန်းတော့ဘူးလား။
ခန္ဓာကိုယ်ကတော့ ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ခန္ဓာကိုယ်က တက်လွယ်၊ ကျလွယ်ဆိုတော့ ခရီးသွားပြီးပြန်လာရင် အစားမှန်၊ အအိပ်မှန် ပင်ပန်းရင် အေသင် ပိုပြီးတော့ဝတယ်။ အိမ်မှာနေရင်တော့ လေ့ကျင့်ခန်းလုပ်ဖြစ်တော့ သိပ်မတက်ဘူး။
၂၀၁၂ က အေသင်အတွက် အပြောင်းအလဲများတဲ့နှစ်လို့ ပြောလို့ရလား။
သီတင်းကျွတ်လည်းနီးပြီဆိုတော့ သီတင်းကျွတ်ကာလမှာ ဘယ်လိုအစီအစဉ်တွေလုပ်ဖို့ စီစဉ်ထားလဲ။
သီတင်းကျွတ်ကတော့ ပွဲတွေပဲ ရှိပါတယ်။ ဒါတွေနဲ့ပဲ လုံးပန်းသွားရမှာ။ တန်ဆောင်မုန်းလပြည့်မှာ အေသင် “အနီးဆုံးလူ ..နမ်းမှာလား” ဗီစီဒီကို ပရိုမိုရှင်းလုပ်မယ်။
ရှိုးပွဲတိုင်းမှာ ပရိသတ်က “တင်းတယ် ..တင်းတယ်” သီချင်းကို အမြဲတောင်းတုန်းပဲလား။
ပွဲတိုင်းလိုလို “တင်းတယ် တင်းတယ်” သီချင်းပဲ။ အခုအချိန်ထိ ဘယ်သွားသွား မရိုးသေးဘူး။ ပရိသတ်တွေနဲ့ စိတ်ချင်းတိုက်ဆိုင်လို့ ထင်တယ်။
ကိုရီးယားအဆိုတော် PSY ရဲ့ ဂန်နမ်စတိုင်သီချင်းက ဂင်းနစ်စံချိန်တောင်ကျော်သွားတယ်။ တစ်ကမ္ဘာလုံး အားပေးမှုရနေတယ်လေ။ မြန်မာပြည်မှာလည်း ခေတ်စားနေတယ်။ အေသင်ရော အဲ့ဒီအဆိုတော်ကို အားမကျဘူးလား။
အားကျမိပါတယ်။ သူက တော်တော်လည်း ကြိုးစားထားပါတယ်။ သီချင်းဆိုတာတော့ တော်တော်ကြာပြီ။ ဒါပေမဲ့ အခုမှ သီချင်းတစ်ပုဒ်ထဲနဲ့ နာမည်ကြီးသွားတာ။ သူကတာလေးကြည့်လိုက်ရင် အရမ်းပေါ့ပါးတယ်။ သူ့ခန္ဓာကိုယ်နဲ့တောင် မလိုက်ဘူး။ အရမ်းကြိုက်တယ်။ ကြည့်မိတော့ ကိုယ်တောင်လိုက်ကမိတယ်။ ကြိုက်လည်းကြိုက်တယ်။
သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ အေသင်ဘာတွေလုပ်ဖို့ရှိလဲ။
အခုလောလောဆယ် အေသင်ကားရိုက်လက်မခံသေးဘူး။ ဒီဆံပင်ကြောင့်လည်း ပါတယ်။ ဒီဆံပင်နဲ့လည်း အေသင်သီချင်းတွေ ဆိုချင်သေးတယ်။ အဲ့ဒီအခါကျတော့ လက်မခံဖြစ်ဖူးပေါ့နော်။ လက်ခံဖြစ်ရင် ကိုယ့်အတွက် လုပ်ကွက်ကျန်မယ့် ဇာတ်လမ်းမျိုးပေါ့။
ကြူကြူဟန်
7Day News

No comments:
Post a Comment