ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Friday, November 2, 2012
Northumbria University မှ ပညာသင်ဆုများပေးအပ်မည်
Northumbria University မှ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ Intake တွင် ပညာသင်ဆု (Scholarship) အနည်းဆုံး စတာလင်ပေါင် ၁,၀၀၀ ပေးအပ်မည့် အစီအစဉ်ရှိကြောင်း သိရှိရသည်။ အဆိုပါ ပညာသင်ဆု စတာလင်ပေါင် ၁,၀၀၀ ကို သီးသန့်လျှောက်စရာမလိုဘဲ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလတွင် Northumbria University သို့ ကျောင်းတက်ရောက်ရန် ၀င်ခွင့်ရထားသူများကို ပေးအပ်မည်ဖြစ်သည်။
ထို့ပြင် ထူးချွန်သောကျောင်းသူ၊ ကျောင်းသားများကိုမူ စတာလင်ပေါင် ၁,၀၀၀ နှင့်အထက် ပညာသင်ဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလတွင် Arts and Social Sciences, Built and Natural Environment, Computing Engineering and Information Sciences, Design, Health Community and Education Studies, Life Sciences, Business အစရှိသော ပညာရပ် များနှင့် ဆက်နွယ်သော ဘာသာရပ်များကို တက်ရောက်သင်ယူနိုင်မည်ဖြစ်သည်။ International Business Management BA (Hons) Completion နှင့် BSc Leadership and Management ဘာသာရပ်များ၏ နောက်ဆုံးနှစ် (Top Up Program) ကိုမူ နှစ်စဉ်ဇန်န၀ါရီလတွင်သာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ Northumbria University သို့ဝင်ခွင့်ရရန် အင်္ဂလိပ်စာလိုအပ်ချက်မှာ ပထမနှစ်နှင့် ဒုတိယနှစ်တက်ရောက်မည့် သူများသည် IELTS 6.0 အနည်းဆုံး ရရှိရန်လိုအပ်ပြီး နောက်ဆုံးနှစ်နှင့် ဘွဲ့လွန်တက်ရောက်မည့်သူများမှာ အနည်းဆုံး IELTS 6.5 ရှိရန်လိုအပ်ပါသည်။ Northumbria University သို့ ကျောင်းလျှောက်လိုသော မြန်မာကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သော Regent Consultancy Services (ဖုန်း- ၀၁၅၀၀၀၅၄၊ ၀၉၅၀၁၉၈၇၀) သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။
Labels:
ပညာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment