““အဓိက အစ်ကိုတို့ဆီမှာ ပြဿနာကတော့ ဒီရေရောက် သစ်တောတွေခုတ်တဲ့ ကိစ္စပဲ အဲဒီ ကိစ္စကတော့ အချင်းများနေတယ်။ အဲတာကတော့
ဘယ်သူရယ်လို့ တော့ မပြောလိုဘူး။အဲဒီပုဂ်္ဂိုလ် တစ်ယောက်ကလည်း အချုပ်ထဲ ကို ရောက်နေတယ်။ ရောက်တာ ကလည်း စည်းမဲ့ကမ်းမဲ့ခုတ်တာ ကြောင့်ပဲ။နောက်တစ်ခုကတော့ ဘယ်သူရယ် ဘယ်ဝါရယ်တော့ မဟုတ်ဘူး။အများထဲကနေပြီး ထိန်းသိမ်းမှုအားနည်းတဲ့အတွက် ခိုးချောင်ခိုးဝှက်ခုတ်တာတို့ ပုဂ္ဂလိက အကျိုးအတွက် သုံးတာတို့ အဲတာ မျိုးတွေကရှိနေတယ်။အရင်က ဒီရေရောက် သစ်တောတွေကို ထိန်းသိမ်းတာမျိုးတွေမရှိခဲ့ဘူး။အခုလို ခုတ်တာများတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီး အသစ်ပြန်စိုက်တာတွေ ပြုလုပ် နေတယ်””ဟု ပြောကြားခဲ့သည်။
ဒီရေရောက်သစ်တောဆို သည်မှာ ကုန်းစပ်ရေစပ်များတွင် ပေါက်သည့် အပင်အမျိုးအစား များဖြစ်ပြီး ၎င်းကဲ့သို့ဒီရေရောက် သစ်တောများ များပြားပါမှ ရေ တိုက်စားမှုဒဏ်ကို ကာကွယ်နိုင် ကမ်းပါးပြိုကျမှုအန္တရာယ်များကို လည်း ကာကွယ်နိုင်တာဖြစ်ကြောင်း သိရှိရသည်။
ဖြိုးအောင်
Hot News
No comments:
Post a Comment