၃၁.၁၀.၂၀၁၂ နေ့တွင် သံတွဲမြို့
အမှတ်(၃) ရပ်ကွက်အတွင်းရှိ
ဂျာမေ့ဗလီမှ တုတ်၊ ဓါး လက်နက်
များ ကို တပ်မတော်နှင့် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၊ မြို့မိမြို့ဘ ပူးပေါင်းအဖွဲ့များမှ
သိမ်းဆည်းရမိခဲ့ပါသည်။
ထိမ်းသိမ်းခဲ့ပါသည်။ ထိုလေးဦးထဲမှ ၂ ဦးမှာ အသက်မပြည့်သေးသော
ကလေးငယ်
များဖြစ်ပြီး ၎င်း တို့မှာ
လက်နက်များစုဆောင်းထားရှိခြင်ြး ဖစ်စဉ်တွင် တစ်စုံတစ်ရာ
ပါဝင်ပါတ်သက်ခြင်းမရှိပဲ ဗလီတွင်ဝေရာဝစ္စ လုပ်ကိုင်ပေးနေသော
ကလေးများဖြစ်ကြောင်း
သိရပါသည်။
ဗလီမှ တာဝန်ရှိသူများဖြစ်သည့် ဦးချစ်ဦး နှင့်
ဦးမောင်မောင်ဦးတို့ နှစ်ဦးကိုသာ
လက်နက်မှု ဖြင့် တရားစွဲဆိုခဲ့ပါသည်။
အမှုကို ပထမတွင် ၁၉(င) ဖြင့် စွဲဆိုခဲ့ပြီး နောက်ပိုင်းတွင်
လက်နက်သက်သေများနှင့် တကွ ၁၉(က) သို့ပြောင်းလဲ တရားစွဲဆိုခဲ့ပါသည်။ ယင်းအမှုကို
ယမန်နေ့ (၁.၁၁.၂၀၁၂)နေ့တွင် စစ်ဆေးခဲ့ပြီး ယနေ့ (၂.၁၁.၂၀၁၂)နေ့တွင်လဲ
ထပ်မံစစ်ဆေးသည်ဟုသိရှိရပါသည်။ အမှုမှာစစ်ဆေးဆဲဖြစ်ပြီး အမှုဖြတ်ခြင်း
မရှိသေးကြောင်းကိုလဲ သိရှိရပါသည်။
ယခုအခါ သံတွဲမြို့ အခြေအနေမှာ အေးချမ်းတည်ငြိမ်လျှက်
ရှိနေပြီး သံတွဲမြို့ရှိ ငွေကြေး
ပြည့်စုံသူ အစ္စလာမ် ဘာသာဝင်များမှာ လွန်ခဲ့သော ရက်သတ္တပတ်များ
အတွင်းကပင် ရန်ကုန်သို့ ရှောင်တိမ်းသွားကြပြီး ယခုအခါ တစ်ချို့
ပြန်လည်ဝင်ရောက်
လာပြီဖြစ်ကြောင်းလည်းသိရပါသည်။
ရခိုင်
သားကောင်း
ရွှေမြန်မာမီဒီယာဂရု
No comments:
Post a Comment