ရခိုင်ပြည်နယ်၌ လတ်တလောဖြစ်ပွား နေသည့် လူမျိုးစုနှစ်ခုကြား ပဋိပက္ခများ နှင့်ပတ်သက်၍
ယခုလ ၂၆ ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်း မောင်မောင်ဉာဏ်က အရေးတကြီး
တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုကို လွှတ်တော်မှ မှတ်တမ်းတင်
စောင့်ကြည့်သွားမည် ဟု ပြောကြားသည်။
"အဆိုကို အဆိုအတိုင်းထားပြီး လက် တွေ့မှာ ပါမလာဘူးဆိုရင် ကျွန်တော်တို့ အဆိုတင်သွင်းရ
တာ၊ ဆွေးနွေးရတာ၊ ဆုံးဖြတ်ရတာတွေဟာ ဘာမှအဓိပ္ပာယ်ရှိ မှာမဟုတ်ပါဘူး"ဟု ၎င်းကပြော
သည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး
ချမ်းရေး ကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ပန်းတနော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စား
လှယ် ဦးမန်းမောင် မောင်ဉာဏ်၏ ရခိုင်အရေးနှင့်ပတ်သက် သည့် ကြားဖြတ်အရေးကြီးအဆိုကို
လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးခဲ့ပြီး ၎င်းက ပြန်လည်ရှင်းလင်းရာတွင် ပြောကြားခဲ့
ခြင်းဖြစ်သည်။
အဆိုရှင် ဦးမန်းမောင်မောင်ဉာဏ်၏ အဆိုသည် အုပ်ချုပ်ရေးအဖွဲ့တစ်ခု တည်းကိုသာမဟုတ်ဘဲ
ဥပဒေပြုရေးအဖွဲ့များနှင့် တရားစီရင်ရေးအဖွဲ့များကိုပါဝင်သည်ဟု ယူဆရမည်ဖြစ်ပြီး အဆိုကို
ထောက်ခံပါက သက်ဆိုင်ရာတာဝန် ရှိ အဖွဲ့အစည်းများ တိတိကျကျ လိုက်နာရန် လိုလားကြောင်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။
ပဋိပက္ခများ ရပ်တန့်သွားစေရန် တရားဥပဒေစိုးမိုးမှုကို အဓိကထား ပြောကြားနေသော်လည်း အချို့
က နှစ်သက်ခြင်းမရှိဘဲ ပဋိပက္ခကိုသာ မီးမောင်းထိုး ပြချင်နေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်
က ပြောသည်။
"ပြည်သူတွေအနေနဲ့ တရားမျှမျှ တတ ဖြစ်နေပါတယ်ဆိုတာ မယုံကြည် နိုင်လို့ရှိရင် ဆက်ပြီး
ပဋိပက္ခတွေ ဆက် ဖြစ်နေဦးမှာပဲ"ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အရေးတွင် တရားဥပဒေချိုးဖောက်မှုများ၊ အခြေခံလူ အခွင့်အရေးချိုးဖောက်မှုများ
နှင့်ပတ်သက်၍ သက်ဆိုင်သူများကို ထိထိ ရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး ဖမ်းဆီး
ထိန်းသိမ်းထားသည်များလည်းရှိသည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက
ပြောသည်။
"တရားစွဲဆို အပြစ်ပေးတဲ့ကိစ္စတွေ အများကြီးရှိနေပါတယ်"ဟု ၎င်းက ပြောကြားခဲ့သော်လည်း
အမှုအရေအတွက် နှင့် တရားစွဲဆိုထားသူအရေအတွက်များကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း
မရှိပေ။ ယခုလ ၂၁ ရက်က မင်းပြားမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုများ
ကြောင့် ၂၅ ရက်က အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသား လုံခြုံရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး
ကိုခေါ်ယူခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာ
ခဲ့သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်အရေးကို အနီး ကပ် ကြီးကြပ်နိုင်ရန် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်
ချုပ်ကြီး လှမင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးသိန်းဌေး
တို့ ဦးဆောင်သည့်အဖွဲ့သည်လည်း အောက်တိုဘာလ ၂၆ ရက် က ရဟတ်ယာဉ်များဖြင့်
သွားရောက်ခဲ့ သည်ဟု ၎င်းက ပြောသည်။
"ရခိုင်ပြည်နယ်မှာ အခြေအနေပိုမို ဆိုးရွားလာရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ မှာ ပါတဲ့
အတိုင်း အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြည်သူ့လွှတ်တော်အစည်းအဝေး
တွင် ပြောကြားခဲ့သည်။
"နောက်ဆုံး resort to the military power အထိ ရောက်သွားနိုင်တယ်ဆိုတာဖြစ်မယ်"ဟု
လသာမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင်က သုံးသပ်သည်။
ဝင်းကိုကိုလတ်
The Myanmar Times

No comments:
Post a Comment