ပြည်တွင်းဆားဈေးကွက်သို့ ထိုင်းနိုင်ငံ ထုတ်ဆားများ ၀င်ရောက်မှုများပြားလာ ခြင်းကြောင့်
ဒေသတွင်းဆားလုပ်ငန်း များ အခက်တွေ့ကာ ပြည်တွင်းဆား ထုတ်လုပ်အားမှာလည်း ရာ
ခိုင်နှုန်း အနည်းငယ်ခန့်သာ ကျန်ရှိတော့ ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများ က မြန်မာ
တိုင်း(မ်)ကို ပြောသည်။
"ပြည်တွင်းဆားလုပ်ငန်းမှာ ဒီနှစ် ထုတ်လုပ်နိုင်မှုအားက ၄၀ ရာခိုင်နှုန်း လောက်ပဲ ရှိတော့
မယ်။ ဒီက ဆား လုပ်ငန်းရှင်တွေက ထိုင်းကဆားကို တစ်ဆင့် ပြန်ရောင်းချနေရတဲ့ အဆင့်
ပဲ ရှိတော့တယ်။ အခုတော့ ဆားတောင်သူ တွေရော ပြည်တွင်းဆားလုပ်ငန်းရှင် တွေပါ
အားလုံးအခက်တွေ့နေရတယ်" ဟု လပွတ္တာမြို့မှ ဆားလုပ်ငန်းရှင်တစ်ဦး ဖြစ်သူဦးမြင့်သန်း
က ပြောသည်။
ဆားဈေးကွက်အတွင်း
လက်ရှိဈေး နှုန်းများမှာ ထိုင်းနိုင်ငံထုတ်ဆား လက်ကားဈေး တစ်ပိဿာ
ကျပ် ၂၇၀ ဖြစ်ပြီး ပြည်တွင်းဆားချောမှာ တစ်ပိဿာ ၇၅ ကျပ်မှ ၈၀ ကြားတွင် ရှိသည်။
ပြည်တွင်းဆားကြမ်းမှာ၂၀၁၁ ခုနှစ် က တစ်ပိဿာ ၂၅ ကျပ်မှ ၃၀ ခန့်သာရှိ ပြီး ၂၀၁၂ ခုနှစ်
တွင်လည်း ထိုဈေးနှုန်း ဖြင့်သာ ဆက်လက်ရောင်းချနေရ၍ ထုတ်လုပ်မှုစရိတ်ပင် မကာမိ
ကြောင်း ဆားတောင်သူ ဦးဝင်းနိုင်ဦးက ပြောသည်။
၂၀၀၈ ခုနှစ်၊ မေလဆန်းက နာဂစ်မုန် တိုင်းတိုက်ခတ်အပြီးတွင် မြစ်ဝကျွန်းပေါ် ဒေသရှိ ဒေသ
တွင်း ဆားထုတ်လုပ်သည့် ဆားကွင်းအများအပြား ပျက်ဆီးခဲ့ရခြင်း ကြောင့် ပြည်တွင်းစားသုံး
မှု ဖြည့်ဆီးနိုင် ရန်အတွက် အရည်အသွေးမြင့်မားသော ထိုင်းနိုင်ငံထုတ်ဆားများကို တင်သွင်း
လာခဲ့ပြီး နောက်ပိုင်းမှစတင်ခါ ပြည်တွင်း ဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် ဆားများကို လူကြိုက်
များလာခြင်းဖြစ်ကြောင်း လည်း ဆားလုပ်ငန်းရှင်များက ပြော သည်။
"နာဂစ်အပြီးမှာ ထိုင်းနိုင်ငံထုတ် ဆားတွေရောက်လာပြီး အဲဒီအချိန် ကတည်းကဈေးကွက်ရ
လာတာ ခုချိန်မှာတော့ ဈေးကွက်တစ်ခုလုံးကို ကြီးစိုးသွားတဲ့ သဘောပါ"ဟု ဦးမြင့်သန်းက
ပြောသည်။
စိန်မေတ္တာဆားစက်လုပ်ငန်းပိုင်ရှင် ဦးသန့်ဇင်က "ထိုင်းနိုင်ငံထုတ်ဆားက အရည်အသွေး
အရမ်းကောင်းတယ်။ ပြည်တွင်းဆားက စက်ပစ္စည်းကအစ လိုအပ်ချက်ရှိနေတော့မယှဉ်နိုင်
ဘူး ပေါ့"ဟု ပြောသည်။
နာဂစ်ဖြစ်ပြီးကာစတွင် ပြည်တွင်း ဆားချော တစ်ပိဿာ ကျပ် ၅၀၀ မှ ၆၀၀ ဈေးရှိချိန်တွင်
ထိုင်းနိုင်ငံထုတ်ဆားမှာ တစ်ပိဿာ ကျပ် ၂၁၀ ခန့်ဖြင့် ဈေးကွက် အတွင်း နေရာယူခဲ့ခြင်း
ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာဆားထုတ်လုပ်မှု ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ နှစ်စဉ်ပိုလျှံ လျက်ရှိပြီး ဆား
အသုံးပြုမှုစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်ကိုသာ မီးဖိုချောင် သုံးအဖြစ်သုံးစွဲမှုရှိပြီး အများစုမှာ
စက်မှုလုပ်ငန်းသုံးဆားအဖြစ် အသုံးပြုခြင်း ဖြစ်ကြောင်းလည်း ဦးသန့်ဇင်က ပြောသည်။
"နာဂစ်အပြီးမှာ မြန်မာ့ဆားလိုအပ် ချက်ကြောင့် ထိုင်းနိုင်ငံထုတ်ဆားတွေ ၀င်ရောက်ရောင်း
ချလာတာပါ။ အခု ပြည်တွင်းလိုအပ်ချက်ပြည့်မီနေတော့ ပြည်ပဆားဝင်ရောက်တာတွေကို
ထိန်းချုပ်သင့်ပါတယ်"ဟု ဦးမြင့်သန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင်း၌ မူလက ဆား လုပ်ငန်းရှင် ၂၆၀ ဦးရှိသော်လည်း ၂၀၁၂ ခုနှစ်တွင် ၇၂
ဦးသာ ဆားကွင်း လိုင်စင်လာရောက်လျှောက်ထားခြင်းရှိ ပြီး ဧရာဝတီတိုင်းဒေသကြီးတွင်
နာဂစ် မတိုင်မီက ဆားလုပ်ငန်းရှင် ၇၀၀ ကျော် ရှိသည့်အနက် ယခုနှစ်တွင် ဆားကွင်း လိုင်
စင်တင်နိုင်သူမှာ ၄၀၀ ကျော်သာ ရှိတော့သည်။
စမ်းယမင်းအောင်
The Myanmar Times
No comments:
Post a Comment