မြို့မြေကွက်ဖော်ထုတ်ရေး စီမံချက်ခေါင်းစဉ်တပ်ကာ မြို့နယ်၊ ခရိုင်၊ တိုင်း တာဝန်ရှိ ဥက္ကဋ္ဌတွေနှင့် စစ်ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေက ချောင်းသာကမ်းခြေတစ်ရွာလုံးနီးပါးကို အဆင့်ဆင့် သိမ်းဆည်းခွဲဝေယူခဲ့ကြပါ သည်။ လုပ်ငန်းရှင် ခရိုနီလက်သစ်တွေကို သိန်းပေါင်းရာထောင်ချီပြီး ပြန်လည်ရောင်းစားခဲ့လို့ အဲဒီပုဂ်္ဂိုလ် တွေနဲ့ လုပ်ငန်းရှင်တွေသာ စီးပွားရေးဖွံ့ဖြိုးလာတယ်။ ဒေသခံရွာသားတွေကတော့ အလုပ်လက်မဲ့ဖြစ်ပြီး ဆင်းရဲတွင်းထဲက မတက်နိုင်သေးပါဘူး။ ““မြို့မြေကွက်ဖော်ထုတ်ရေးခေါင်းစဉ်ကြီးက နှစ်ပေါင်း (၂၀)ကျော် ကြာခဲ့ပေမယ့် ယနေ့အထိ ချောင်းသာဟာ မြန်မာသိ၊ ကမ္ဘာသိ ကျေးရွာအဆင့်ပဲ ရှိပါသေးတယ်””ဟု ဆန္ဒ ဖော်ထုတ်သည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသိပ္ပံစိုးမှ ပြောသည်။
ချောင်းသာကျေးရွာတွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်များအတွင်း မယက၊ ခယက၊ တိုင်းဥက္ကဋ္ဌများ၊ ဒုတိယဗိုလ်ချုပ်ကြီးက အစပြုပြီး မြို့မြေကွက်ဖော်ထုတ်ရန် ခေါင်းစဉ်ဖြင့် အဆင့်ဆင့်သိမ်းကာ ခွဲဝေယူခဲ့ကြပြီး၊ ၂၀၀၀-၂၀၀၁ ခုနှစ်မှ ပုဂ္ဂလိကကုမ္ပဏီများမှလည်း တိုင်းစီမံချက်ဟုဆိုကာ ပုစွန်ကန်လုပ်ရန် အဓမ္မသိမ်းယူခြင်း နှင့်၊ ၂၀၀၆-၂၀၀၇ ခုနှစ်များမှာ နွားစားကျက်မြေများကို အကြောင်းအမျိုးမျိုးပြ သိမ်းယူခဲ့ပြီး သိမ်းဆည်းမြေများ ကို အမှန်တကယ်ဆောက်လုပ်ခြင်း မရှိဘဲ လုပ်ငန်းရှင်များမှ အဆင့်ဆင့် သိန်းပေါင်းရာ/ထောင်ချီ၍ လက်ဆင့်ကမ်းရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူများမှ ပြောပြသည်။
သိမ်းဆည်းမြေများကို မြို့မြေကွက်ချထားခွင့်ပြုမိန့်၌ ခွင့်ပြုမြေများကို (၆)လအတွင်း အဆောက်အဦ ကို အပြီးဆောက်လုပ်ရန် ခွင့်ပြုစီမံချက်ပါအတိုင်း တစ်နှစ်အတွင်း (၅၀%) မပြီးပါက၊ မြေယာဖော်ထုတ်ခ (၂၀၀၀၀ိ/-)ပြန်မရဘဲ သိမ်းယူမည်ဟု ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့က တ၀တ(ဧရာဝတီ)အတွင်းရေးမှူး ဗိုလ်မှူးထွန်းရှင်၏ ခွင့်ပြုသည့်မြေယာကွက် ချထားမိန့်တွင် ပါရှိပြီးဖြစ်သည်ဟု သိရသည်။
ယခု (၁၇)နှစ်ကြာခဲ့သည့်အချိန်တွင် ၁၉၉၇ ခုနှစ်က မြေကွက်များကို (၇.၅.၂၀၁၂)ရက်နေ့မှစ၍ (၆)လအတွင်း အပြီးဆောက်ရမည်။ မဆောက်ပါက ပြန်လည်သိမ်းယူမည်ဟု ချောင်းသာမြေယာချထားရေး ကော်မတီမှ နိုင်ငံပိုင်သတင်းစာတွင်လည်းကောင်း၊ ချောင်းသာကျေးရွာတွင် ဆိုင်းဘုတ်ကြေညာချက်များဖြင့် လည်းကောင်း ထုတ်ပြန်ခဲ့ခြင်းများသည် ဒေသအာဏာပိုင်များက သူတို့ချမှတ်ထားသည့်အမိန့်ကို သူတို့ ချိုးဖောက်ကာ ကျေးရွာသားတွေကို လှည့်စားခဲ့ခြင်းကြောင့် ယခင် ၁၉၉၇ ခုနှစ် မြေယာကွက်ချထားခွင့်ပြုမိန့် မှာ သတ်မှတ်ချက်ပါ စည်းကမ်းဥပဒေ အသက်မ၀င်ဘဲ ရွာသားတွေမြေယာဒုက္ခရောက်ခဲ့ရခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်မြင့်မှ ပြောသည်။
ရွှေသောင်ယံမြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးတင့်ထွန်းအောင်မှ ယနေ့မြေယာဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး ပြောဆိုရာတွင်-
““၁၉၉၇ ခုနှစ်က မြို့မြေကွက်ဖော်ထုတ်ချပေးတဲ့ အမိန့်သတ်မှတ်ချက် ဥပဒေက ဟိုဘက်အစိုးရခေတ် က ဆောင်ရွက်မှုတွေဖြစ်တဲ့အတွက် ယခု ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး၊ ခုမှ အိမ်ရာကွက်တွေ ၀င်ဆောက် တယ်ဆိုတာလည်း ဟိုအရင်ကတည်းက သူတို့တွေမှာ ပိုင်ဆိုင်မှုအထောက်အထားရှိ/မရှိကို ကျွန်တော်တို့ က သေချာစိစစ်ပြီးမှ ခွင့်ပြုခဲ့တာပါ၊ ဒါကလည်း အထက်က ညွှန်ကြားမှုနဲ့ လုပ်ခဲ့ရတာပါ။ ရွာသားတွေ သူတို့ရဲ့ မြေယာနစ်နာမှုအတွက် ဆန္ဒဖော်ထုတ်တာကို ဘာမှ မပြောလိုပါဘူး။ သူတို့ဖြစ်ချင်တဲ့ဆန္ဒ အေးအေး ချမ်းချမ်းနဲ့ အောင်မြင်သွားတာကိုပဲ ၀မ်းသာပါတယ်”” ပြောသည်။
ဝန်ကြီးချုပ် ဦးသိန်းအောင် ACE ဟိုတယ်တွင် ဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများကို တွေ့ဆုံစဉ် ချောင်းသာကမ်းခြေဒေသရှိ တောင်သူလယ်သမားများ ဆုံးရှုံးနစ်နာမှုအပေါ်တွင် အဆောက်အဦ ဆောက်ပြီးသားမှ လွဲ၍ အခြားမဆောက်ရသေးသည့်နေရာများကို ပြန်လည်စိစစ်ပြီး၊ ဆောင်ရွက်ပေးပါမည် ဟု ၀န်ခံကတိပြု ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် ဒေသခံမြေပိုင်ရှင်ရွာသားများ ၂၀၁၂ ခုနှစ်အထိ မြေခွန် ပြေစာဆောင်ရဆဲ လယ်မြေများအပေါ်တွင် အတင်းအဓမ္မအိမ်ယာများကို နေ့ချင်း၊ ညချင်းဆောက်လုပ်နေ ခြင်းများကို ယနေ့ထိ ရပ်တန့်မရှိခဲ့သည့်အပြင် ပို၍ပင် တိုးလာခဲ့ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးလွှတ် တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြဆွေးနွေးမှုကြောင့် ဖြစ်ပေါ်လာရသော မြေယာစုံစမ်းရေး ကော်မရှင်အားလည်း ကြိုဆိုထောက်ခံသည့်အနေဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းင်းကပင် ပြေသည်။
ယနေ့ဆန္ဒဖော်ထုတ်မှုတွင် ချောင်းသာဘောလုံးကွင်းတွင် စုရပ်အဖြစ်ထားရှိကာ ဘောလုံးကွင်း၏ မြောက်ဘက် Woody House တည်းခိုခန်းရှေ့မှ ကြံ့ခိုင်ရေးလမ်းတစ်လျှောက် တန်းစီစုဝေးချီတက်ကာ အဓမ္မ မြေယာသိမ်းမှုရပ်ဆိုင်းရေး …ဒို့အရေး၊ အသိမ်းခံလယ်ယာမြေပြန်လည်ရရှိရေး …ဒို့အရေး၊ ခရိုနီလက် သစ်များ …အလိုမရှိ”” ဟု ကြွေးကြော်သံများနှင့်အတူ ကြွေးကြော်ခဲ့ကြပြီး၊ (၂x၃)ပေရှိ မြေယာသိမ်းမှု-ရပ်၊ မြေယာစုံစမ်းရေးကော်မရှင်အား ကြိုဆိုပါ၏။ အသိမ်းခံမြေ- ပြန်ပေး၊ နစ်နာကြေးရရှိရေး- ဆောင်ရွက်ပေး ဟု ပါရှိသော ခွင့်ပြုပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ စီတန်းလှည့်လည်ခွင့်စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။ ဆန္ဒဖော်ထုတ်သူများက ခေါင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ရှေ့တွင် စုဝေးတန်းစီကာ ကြွေးကြော်သံများဖြင့် ကြွေးကြော်ပြီး ခေါင်းဆောင်(၂)ဦးမှ ဆန်္ဒထုတ်ဖော်မှုများကို ပြောကြားခဲ့ပြီး နေ့လယ် ၂း၃၅ အချိန်တွင် ပြီးစီးခဲ့ကြောင်းသိရသည်။
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၅)အရ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုမိန့်အမှတ်၊ ၁/၂၀၁၂၊ ပုံစံ(၇)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်သူ (၂၀၀)ဦးနှင့် ဘေးမှကြည့်ရှူ့အားပေးသူ (၄၀၀)ကျော်ခန့်ရှိခဲ့သည်ဟု သိရသည်။
မူလက ဆန်္ဒထုတ်ဖော်သူ အင်အား(၃၀၀)ဦးဟု ခွင့်ပြုမိန့်တွင် ပါရှိခဲ့သော်လည်း မြေယာသိမ်းဆည်း စဉ်ကာလများကတည်းက စစ်တပ်အရာရှိများ၏ အမိန့်အာဏာလွှမ်းမိုးမှုကို ယနေ့အထိ စိုးရွံ့နေဆဲဖြစ်၍ ချောင်းသာကျေးရွာသား (၁၀၀)ဦးခန့်က မလိုက်ဝံ့ကြပါဟု အဓမ္မမြေယာသိမ်းဆည်းခံခဲ့ရမှုကြောင့် ရပ်ကွက် (၇)မှ လမ်းဘေးတွင် အကြော်ရောင်းစားနေရသူ ဦးကျော်စိန်၊ (၈၂)နှစ်နှင့် ဇနီး ဒေါ်မေရီ (၇၂)နှစ်တို့ ပြောပြ သည်။
““ချောင်းသာကမ်းခြေကျေးရွာတွင် တိုင်းမှူး ဗိုလ်ချုပ်တင်လှ လက်ထက်မှ ဖွံ့ဖြိုးရေးစီမံချက်ဖြင့် မြေယာ သိမ်းယူပြီး မြို့မြေကွက်ဖော်ထုတ်ရာတွင်၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်တင် ပိုင်ဆိုင်ခဲ့သော မင်းမင်းစိုး ဟိုတယ်နေရာ တွင် အများပြည်သူ အပန်းဖြေနေရာ (Public View) နှင့် ပုလဲနှင့် ရွှေပင်လယ် တည်းခိုခန်းရှေ့မြေနေရာကို ချောင်းသာမြို့တော်ခန်းမဟု သတ်မှတ်ချထားခဲ့သော်လည်း ယခုအချိန်တွင် လုပ်ငန်းရှင်များ၏ စီးပွားရေး အချက်အခြာနေရာအဖြစ်နှင့်သာ မြင်တွေ့ရသည်”” ဟု မြေယာကွက်ဖော်ထုတ်စဉ်က ကော်မတီဝင်အဖြစ် ပါဝင်ခဲ့သူ ချောင်းသာကျေးရွာသား ဦးလှမြင့်က ပြောသည်။
ချောင်းသာကျေးရွာ၏ ဖွံ့ဖြိုးမှုများတွင် ကုမ္ပဏီစီးပွားရေးလုပ်ငန်းရှင်များ ခရိုနီလက်သစ်များက အများဆုံးနေရာယူထားကြရုံသာမက ဓားမ ခါးချ လုပ်ကိုင်စားသောက်လာသော လယ်မြေ၊ ယာမြေ၊ တောင်မြေ နွားစားကျက်မြေများပါမကျန် အကြောင်းအမျိုးမျိုးပြ၍ အမိန့်အာဏာဖြင့် ခြိမ်းခြောက်ကာ အဓမ်္မ သိမ်းဆည်းခံခဲ့ရခြင်းတို့ကြောင့် ယခုအခါ ရွာသားများမှ လုပ်ကိုင်စားသောက်စာရာနေရာများ မရှိသည့်အပြင် နေစရာအခက်အခဲများပါ ကြုံတွေ့နေရခြင်းကို တိုင်းဒေသကြီး ၀န်းကြီးချုပ်မှ ပြေလည်အောင်ဖြေရှင်းပေးပါ ရန် ဆန္ဒဖော်ထုတ်သူ ရွာသားများက တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
မန်းကြည်ရွှင်
Hot News
No comments:
Post a Comment