Friday, November 2, 2012

ယခုနှစ်ကျောက်ဆည်ဆင်ပြိုင်ပွဲ၌ ရိုးရာဆင်ဆုကြေးတိုးမြှင့်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့၏ ထင်ရှားသောပွဲတော်တစ်ခုဖြစ်သည့် ရွှေသာ
လျောင်းဆင်လှူပွဲတော်၏ ဆင်ပြိုင်ပွဲများအနက် ရိုးရာဆင်ပြိုင်ပွဲ ဆုကြေးကို ယခုနှစ်တွင် တိုးမြှင့်
ပေးခဲ့ကြောင်း သိရသည်။ "မြို့စည်ကားအောင်နဲ့ ရိုးရာကိုထိန်း သိမ်းတဲ့အနေနဲ့ မြို့မိမြို့ဖကနေ ဒီနှစ်မှာရိုးရာဆင်ပြိုင်ပွဲကို
ဆုကြေးငွေတိုးမြှင့်ပေးထားပါတယ်။ ဒီနှစ်မှာ ဘော်ကြယ်ဆင်လေးစီး၊ ရိုးရာဆင်ရှစ်စီး၊ ကလေး
ဆင်ရှစ်စီး ၀င်ပြိုင်တယ်"ဟု ဆင်ပြိုင်ပွဲကျင်းပရေးကော်မတီဝင်  ဦးခင်မောင်မြင့်က ပြောသည်။
ယခုနှစ် ရိုးရာဆင်ဆုကြေးငွေမှာ
ပထမဆု ကျပ်ခြောက်သိန်း၊ ဒုတိယဆု ငါးသိန်း၊ တတိယဆု
လေးသိန်း၊ ဘော်ကြယ်ဆင်ဆုကြေးငွေမှာ ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု လေးသိန်း၊
တတိယဆု သုံးသိန်းဖြစ်ပြီး ကလေးဆင်ဆုကြေးမှာ ပထမဆု ကျပ် သုံးသိန်း၊ ဒုတိယဆု နှ
စ်သိန်း၊ တတိယဆု တစ်သိန်းဖြစ်ကြောင်း သိရသည်။
"ပြိုင်ပွဲဝင်ဖို့ ရက် ၂၀ လောက်ကြိုတင်  ပြင်ဆင်ရတယ်။ ဆင်အက၊ အဆို၊ အတီး၊ အင်အားပြ
ဆိုပြီး ပူးပေါင်းပါဝင်ရတယ်။ ဒီလိုဝင်ပြိုင်ရတာ ဆုကြေးကြောင့် မဟုတ်ပါဘူး။ ရိုးရာဆိုတော့
နှစ်တိုင်း ဒီအချိန်ရောက်ရင် ၀င်ပြိုင်ချင်တဲ့ ပိုးက ထလာတော့တာပါပဲ"ဟု ရိုးရာဆင်ပြိုင်ပွဲဝင်
တစ်ဦးက ပြောသည်။
ပုဂံခေတ် အနော်ရထာမင်းလက် ထက်မှစ၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကျောက်ဆည်မြို့ ရွှေသာ
လျောင်းဆင် လှူပွဲတော်တွင် ၀င်ရောက်ယှဉ်ပြိုင်ကြ သည့် ဆင်အဖွဲ့များ၏ နှစ်စဉ်ကုန်ကျ စရိတ်
များပြားလာ၍ ပြိုင်ပွဲဝင် အရေအတွက်နှင့် ပွဲတော်လာဧည့်ပရိသတ်များ ပိုမိုများပြားလာကြောင်း၊
ယမန်နှစ်က ရိုးရာဆင်ရှစ်စီး၊ ဘော်ကြယ်ဆင်ငါးစီးနှင့် ကလေးဆင်ငါးစီး  ၀င်ရောက်ယှဉ်ပြိုင်
ခဲ့ကြောင်းသိရသည်။

စည်သူလွင်
The Myanmar Times

No comments:

Post a Comment