အဓမ္မမြေယာသိမ်းယူမှုများ ရပ်တန့်ရန်နှင့် သိမ်းဆည်းပြီးလယ်ယာမြေများ
ပြန်လည်ရရှိရန်အတွက် ချောင်းသာကျေးရွာဒေသခံတောင်သူ (၂၀၀)ခန့်သည် ယမန်နေ့က
ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းအတွင်း သိမ်းဆည်းလယ်ယာမြေများကို
မူလပိုင်ရှင်များ အား (၂)လအတွင်း ပြန်လည်ရရှိအောင် တိုင်းအစိုးရမှ
စီမံချက်ဖြင့် ဆောင်ရွက်ပေးရန် ဆုံးဖြတ်ပြီး (၁)ပတ် အကြာတွင် ဖြစ်ပွားသော
ပထမဆုံးဆန္ဒဖော်ထုတ်ပွဲကို ချောင်းသာဒေသခံများက ပြုလုပ်ခဲ့ခြင်းလည်း
ဖြစ်သည်။
““အဘတို့က လယ်မြေတွေကို
လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး၊
သားကောင်တွေရှိနေတဲ့တောတွေ ကို (၅)နှစ်လောက် ခုတ်ထွင်ရှင်းလင်းပြီးမှ
အစိုးရကို မြေခွန်ဆောင်ပြီး စိုက်ပျိုးစားသောက်ခဲ့ရတာ၊ အဲဒါကို
အာဏာရှင်တွေနဲ့ ခရိုနီတွေက ဒေသဖွံ့ဖြိုးဖို့ဆိုပြီး အဓမ္မသိမ်းပြီး
(၁၇)နှစ်လောက်ကြာတဲ့အထိ ဘာမှမလုပ် ဘဲ မြေကွက်အလွတ်ကြီးဖြစ်နေတာ ပြန်ရအောင်
ဆန္ဒဖော်ထုတ်တာပါ”” ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ အသက် (၈၈)နှစ်အရွယ်ရှိ
ချောင်းသာကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးသာချမ်းဖြူက ပြောပြသည်။
ဆန္ဒဖော်ထုတ်သူများသည် နေ့လယ် (၁၂း၄၅)မှစတင်၍ ချောင်းသာကျေးရွာ၊
စကားဝါတောင်လမ်းမှ စီတန်း၍ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ကြံ့ခိုင်ရေးလမ်းတစ်ဆင့်
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကာ ပိုစတာများ
ကြွေးကျော်သံများဖြင့် ဆန္ဒဖော်ထုတ် ပြသခဲ့ကြသည်။
ဆန်္ဒဖော်ထုတ်ပွဲတွင်ပါဝင်သော အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်မြစိန်က
““သူတို့တွေ မြေတွေသိမ်း သွားတဲ့အတွက် မိသားစုတွေရဲ့
လူမှုဘ၀တွေဆင်းရဲခဲ့ရပြီး အန်တီတို့မိန်းမတွေဆို ကောက်ညှင်း ထုပ်ရောင်းရ၊
ကမ်းခြေမှာ ငါးကင်နဲ့ မီးရှုးပန်းတွေရောင်း၊ ရေစည်တွန်းရောင်းပြီး
မိသားစုတွေ လည်း အငတ်ငတ်အပြတ် ပြတ်နဲ့ ဘ၀ကို ဖြတ်သန်းခဲ့ရတယ်”” ဟု ပြောသည်။
ချောင်းသာကျေးရွာမှ လယ်ယာမြေအများစုကို နတခအစိုးရလက်ထက်က
ဒေသဖွံ့ဖြိုးရေးအတွက်ဟု ဆိုကာ စစ်တပ်အရာရှိများနှင့် လုပ်ငန်းရှင်ကြီးများက
ဒေသခံများကို လျော်ကြေးလုံးဝမပေးဘဲ သိမ်းယူခဲ့ကြ သည်ဟု ဒေသခံတောင်သူများက
ဆိုသည်။
ဆန်္ဒဖော်ထုတ်ပွဲတွင် ဟောပြောခဲ့သူ ကိုသိပ်္ပံစိုးက ““အာဏာရှင်တွေရယ်၊
သူတို့နဲ့ပူးပေါင်းပြီး ချမ်းသာခဲ့ကြတဲ့ ခရိုနီတွေကို
ကျွန်တော်ဒီကတစ်ခုတော့ ပြောချင်တယ်။ ကျွန်တော်တို့အားလုံး
သွေးချင်းမောင်နှမညီအစ်ကိုတွေပါပဲ။ ဒီနေ့ ဒီလိုနေပူထဲမှာရပ်ပြီး
ဆန်္ဒဖော်ထုတ်နေတဲ့ တောင်သူ တွေရဲ့ဘ၀ကို ကိုယ်ချင်းစာကြပါ။ လူစိတ်မွေးကြပါ။
အားလုံးက မိဘတွေ ညီအစ်ကိုမောင်နှမတွေ ချည်းပါပဲ။ ဒုက်္ခရောက်နေကြတာကို
သိပေးပါ”” ဟု ပြောသည်။
ဆန္ဒဖော်ထုတ်သူများသည် ခရိုနီများကိုပူးပေါင်းပြီး ပြည်သူများကို
ဒုက္ခပေးနေသော တိုင်းဝန်ကြီးချုပ် အား အလိုမရှိကြောင်း ကြွေးကျော်ခဲ့ကြပြီး
တိုင်းလွှတ်တော်ဥက်္ကဋ္ဌအား မိမိတို့အားကိုးစရာအဖြစ် ဆက်လက် တာဝန်ကျေပွန်စွာ
ရဲရဲဝံ့ဝံ့ထမ်းဆောင်ပေးရန် ကြွေးကျော်ခဲ့ကြသည်။
ဒေသခံတောင်သူများ၏ ဆန္ဒဖော်ထုတ်ပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှ
ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့်
ရဲလုံခြုံရေးများသည် ဆန္ဒဖော်ထုတ်ပွဲကို လိုက်လံကြည့်ရှုခဲ့ကြပြီး
ချောင်းသာကမ်းခြေမှ ဒေသခံထောင် ပေါင်းများစွာက ကြည့်ရှုအားပေးခဲ့ကြပြီး
ဆန္ဒဖော်ထုတ်ပွဲမှ ပါဝင်သူလူကြီးများနှင့် အမျိုးသမီးများ နေပူထဲ တွင်
ကျန်းမာရေးထိခိုက်မည်စိုးရိမ်သဖြင့် နေ့လယ် (၁)နာရီခွဲအချိန်တွင်
ဆန္ဒဖော်ထုတ်ပွဲကို အဆုံးသတ်၍ လူစုခွဲခဲ့ကြသည်။
မန်းကြည်ရွှင်
Hot News
No comments:
Post a Comment