ဝါကျွတ်ပြီးသော်လည်း နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ ရောင်း၊ ၀ယ်၊ ငှား သွက်လက်မှုမရှိဘဲ
ကြိုက်ဈေးဖြင့်သာ အရောင်းအ၀ယ်ဖြစ်နေကြာင်း ပျဉ်းမနားမြို့ရှိ ရွှေလက်ပံ အိမ်၊ ခြံ၊ မြေ အကျိုး
ဆောင်လုပ်ငန်းမှ ကိုအတီးက အောက်တိုဘာ လ ၂၈ ရက်နေ့က ပြောသည်။
"၀ါကျွတ်ပြီးပေမယ့်လည်း မြေကွက် တွေက ကြိုက်ရောင်း၊ ကြိုက်ဝယ် အနေအထားမှာပဲ ရှိတယ်။
လာမယ့်နှစ် ၂၀၁၃ ခုနှစ်ရောက်ရင်တော့ ပြန်ပြီးလှုပ်ခပ်လာ နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
ဆီးဂိမ်းကျင်းပဖို့ ရှိတဲ့အတွက်ရယ်၊ နောက် ၂၀၁၄ ခုနှစ်မှာလည်း
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ
တာဝန်ယူရမှာဆို တော့ နေပြည်တော်အနေနဲ့ မြို့တော် ဖြစ်တဲ့အတွက်ကြောင့်ပါ"ဟု ၎င်းက
ပြောသည်။
နေပြည်တော်ရှိ မြေကွက်များအပေါ် ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်ရခြင်းမှာ ၀ယ်သူများအနေဖြင့်
ဈေးကွက်အခြေ အနေကို စောင့်ကြည့်ခြင်းကြောင့်လည်း ကောင်း၊ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး
စီမံကိန်းများ နည်းပါးသွားခြင်းကြောင့် လည်းကောင်း၊ ကျောက်မျက်အရောင်း ပြပွဲ ခေတ္တရပ်ဆိုင်း
ထားခြင်းကြောင့် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများအနေ ဖြင့်လည်း နေပြည်တော်တွင်သာမက
ဘားအံ၊ မြိတ် စသော အလားအလာ ကောင်းသည့် ဒေသများတွင်ပါ စီးပွား ရေးအရ ဖြန့်ကြက်၍
ရင်းနှီးမြှုပ်နှံလာကြ ခြင်းကြောင့်လည်းကောင်း ယခုနှစ်အတွင်း မြေကွက်ဝယ်ယူရာတွင် အုန်းအုန်း
ကျွက်ကျွက်ဖြစ်ခြင်းမျိုး မရှိကြောင်း ကိုအတီးက သုံးသပ်ပြောသည်။
"ပြီးခဲ့တဲ့နှစ်က မထင်မှတ်လောက် အောင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်သွားတော့ မြေဈေးနှုန်း
လည်း တစ်ခါတည်း ပြုတ်ကျသွားတာ၊ ဒီနှစ်ကအမြင့်ဈေးမှာ ကြိုက်လို့ဝယ်တာရှိသလို လျှော့ဆစ်
ပြီး ကြိုက်လို့ဝယ်တာတွေလည်းရှိပါတယ်။ ဒီနှစ်မှာထူးခြားတာက ၀ယ်တဲ့သူ က မြေကွက်ကို
ကြည့်ပြီးကြိုက်ပြီဆိုရင် ကားနဲ့လဲတာတွေရှိလာတယ်။ တချို့ဆိုရင် ကားအပြင်လိုအပ်ရင် ငွေအ
လိုက် ပေးပြီးလဲတာလည်း ရှိတယ်"ဟု ကိုအတီးက ပြောသည်။
ယင်းသို့အိမ်၊ ခြံ၊ မြေ နှင့်ပတ်သက်၍ ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက်သည် ယခုနှစ်၊ ဩဂုတ်လ
ကစတင် ပြောင်းလဲ ခဲ့သည့် အခွန်နှုန်းထားကြောင့်ဖြစ် ကြောင်း ၎င်းက ပြောသည်။
"အခွန်ကအရင်ကထက် ရာခိုင်နှုန်း တက်သွားတာဆိုတော့ ၀ယ်လက်တွေအနေနဲ့လည်း မြေကွက်
တစ်ကွက် ၀ယ်လိုက်ပြီဆိုရင် ပေးဆောင်ရမယ့်အခွန်ကိုလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ထဲ
မှာပါတယ်။ ဒါတွေကြောင့် နေပြည်တော်က မြေကွက်တွေကိုကြိုက် ရောင်း၊ ကြိုက်ဝယ် ဖြစ်သွား
တာပါ "ဟု ကိုအတီးက ပြောသည်။
လက်ရှိအနေအထားအရ နေပြည် တော်ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ လူစိတ်ဝင်စားမှုအများဆုံး
နေရာများဖြစ်သည့် ဇမ္ဗူသီရိမြို့နယ်ရှိ သပြေကုန်းရပ်ကွက်အတွင်းပိုင်း ပေ ၆၀ပတ်လည် မြေကွက်
တစ်ကွက်လျှင်ကျပ်သိန်း ၈၀၀ နှင့် ၁,၀၀၀ ကြား၊ လမ်းမတန်းတွင်မူ ကျပ်သိန်း ၄,၀၀၀ နှင့် ၅,၀၀၀
ကြားရှိပြီး ဒုတိယလူစိတ်ဝင်စားဆုံးနေရာတစ်ခုမှာ ပျဉ်းမနားမြို့၊ ရာဇဌာနီလမ်းဘေး ၀ဲယာ(လမ်းမ
တန်း) ဘက်အခြမ်းတွင် ကျပ်သိန်း ၂,၅၀၀ နှင့်အထက်၊ ဘောဂသီရိကားဝင်းအနီးတွင် ကျပ်သိန်း
၂,၀၀၀ နှင့် ၂,၅၀၀ ကြား၊ အတွင်းပိုင်းတွင်မူ ပေ ၄၀ x ၆၀ ၊ ပေ ၆၀ x၈၀ မြေကွက်များ၏ အကျယ်
နှင့်နေရာပေါ်မူတည်ပြီး သိန်း ၂၀၀ မှ ၁,၀၀၀ အထိရှိသည်။
ထို့ပြင် ယခင်က အရောင်း၊ အ၀ယ် ကောင်းခဲ့သည့် နေပြည်တော်စည်ပင် ဧည့်ရိပ်သာအနီးရှိ
ရွှေကြာပင်ရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့ နယ်များရှိ မြေကွက်များလည်း ၀ယ်သူ
နှင့် ရောင်းသူနှစ်ဦး၊ နှစ်ဖက် ကြိုက်ဈေးတွေ့မှသာ အရောင်း၊ အ၀ယ်ဖြစ်လျက်ရှိကြောင်း ပွဲစားများ
က ပြောသည်။
လက်ရှိတွင်အိမ်၊ ခြံ၊ မြေ ရောင်း၊ ၀ယ် ခွင့် တရားဝင်တားမြစ်ထားပြီး နောင် တစ်ချိန်တွင် စီးပွားရေး
အချက်အချာ ဖြစ်လာနိုင်သည့် ပုဗ္ဗသီရိမြို့နယ်ရှိ စွယ်တော်၊ ချယ်ရီ၊ စစ်တောင်း၊ ရွှေလီ၊ ဧရာဝတီ၊
ဇော်ဂျီ နှင့်ပိတောက်လမ်း ဘက်အခြမ်းရှိ အိမ်ပါပြီး မြေကွက်များမှာ လူကြိုက်အများဆုံးနေရာများ
ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ က ပြောသည်။
နေပြည်တော်၌ မြေဈေးကွက်လှုပ်ခပ် မှုအကောင်းဆုံးကာလအဖြစ် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ဟု
သတ်မှတ်နိုင်ပြီး အဆို ပါနှစ်က မြေကွက်များ ၀ယ်ယူ ရင်းနှီး မြှုပ်နှံသူများမှာ ရန်ကုန်နှင့် မန္တလေး
စသောမြို့များက အများဆုံးဖြစ်သော် လည်း ယခုနောက်ပိုင်းတွင်မူ မန္တလေး အပါအ၀င် လားရှိုး၊
မြစ်ကြီးနား စသော မြို့များမှ မြို့သစ်ကို စိတ်ဝင်စားသူများ သာ အများဆုံးဖြစ်သည်။
ပြည့်သက်ဖြိုး
The Myanmar Times
No comments:
Post a Comment