ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Friday, November 2, 2012
လာမည့်နှစ်ဆန်းပိုင်းတွင် စတင် အကောင်ထည်ဖော်မည့် သီလ၀ါအထူး စီးပွားရေးဇုန် တည်
ဆောက်ရေးတွင် လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး သဘာဝ ပတ်ဝန်း
ကျင် ထိခိုက်မှုနှင့် ဒေသခံများအပေါ် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွား
မည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က
အောက်တိုဘာလ ၂၈ ရက်နေ့တွင်ပြုလုပ်သော သီလ၀ါ အထူးစက်မှုဇုန် အလုပ်ရုံဆွေးနွေးပွဲ
တွင် ပြောသည်။
"သီလ၀ါ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး အဓိကအချက်နှစ်ချက် ပြောချင်ပါတယ်။ တစ်
ချက်က ပွင့်လင်း မြင်သာမှုပါ။ အထူးစီးပွားရေးဇုန်က တခြားစက်မှု ဇုန်တွေနဲ့မတူပါဘူး။ တ
ခြားနိုင်ငံတွေမှာ တည်ထောင်ပြီးပါပြီ။ မြန်မာနိုင်ငံက
အခုမှစတင်တာပါ။ ပွင့်လင်းမြင်သာမှု
မရှိရင် ဘယ်သူကမှ လာပြီးရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက ရေရှည်ဖွံ့ဖြိုးတိုး
တက်မှုပါ။ အဲဒီအချက်ကို အကောင်အထည် ဖော်ဖို့အတွက် လူမှုအခြေပြုအဖွဲ့အစည်းတွေ
နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါ တယ်"ဟု ဦးဆက်အောင်က ပြောသည်။
သီလ၀ါအထူးစက်မှုဇုန်နှင့် ပတ်သက် ပြီးထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းများနှင့်
လက်ရှိအကောင် အထည်ဖော်မည့် သီလ၀ါအထူးစက်မှု ဇုန်စီမံကိန်းမှာ လုံးဝမသက်ဆိုင်
ကြောင်း ဦးဆက်အောင်က ပြောသည်။
"သီလ၀ါအထူးစီးပွားဇုန်နဲ့ ပတ်သက် ပြီး သတင်းတွေအများကြီးထွက်ပေါ်ခဲ့ ပါတယ်။ အဲဒီသ
တင်းတွေကြောင့်လည်း သန်လျင်ကမြေဈေးတွေ အတော်လေး တက်သွားခဲ့တယ်။ အခု
ကျွန်တော်ပြော ချင်တာက အရင်ထွက်ပေါ်ခဲ့တဲ့ သတင်း တွေနဲ့ အခုလက်ရှိအကောင်ထည်
ဖော် နေတာကအစ မတူပါဘူး။ အထူး စက်မှု ဇုန်တည်မည့်နေရာကိုတောင် အခုထိ သေချာ
မပြောနိုင်သေးပါဘူး။ သီလ၀ါ အထူးစက်မှုဇုန်အတွက် Master Plan ရေးဆွဲနေတုန်းပါပဲ"
ဟု ၎င်းက ပြောသည်။
အဆိုပါ သီလ၀ါအထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက်ဂျပန် အဖွဲ့ အစည်း Japan
External Trade Org-anization (JESTRO) နှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်
မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး ဂျပန်မှ
၄၉ ရာခိုင်နှုန်းနှင့် မြန်မာမှ ၅၁ ရာခိုင်နှုန်း ရှယ်ယာများပါဝင်ထားခြင်း ဖြစ်သည်။
"အများသိထားတဲ့ အတိုင်းပါပဲ။ ဂျပန် က မြန်မာနိုင်ငံရဲ့ စုစုပေါင်းတင်နေတဲ့ အကြွေးရဲ့ ၇၀
ရာခိုင်နှုန်းကို ထောက်ကူ ထားပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့
ဘာပဲလုပ်လုပ် ပွင့်လင်းမြင်သာမှုရှိအောင် ဦးစားပေး လုပ်သွားရမှာပါ။ အဲလိုမှမဟုတ်ရင်
တစ်ဖက်ကလည်း လက်ခံနိုင်ဖို့ မလွယ်ပါဘူး"ဟု ဦးဆက်အောင်က ပြောသည်။
သီလ၀ါအထူးစက်မှုဇုန်တည်ထောင် ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များစွာကို ဖန်
တီးပေးနိုင်မည်ဖြစ်ပြီး အဆင့်မြင့်နည်းပညာရင်းနှီးမြှုပ်နှံနိုင်ရန်နှင့် အခြေခံအဆောက်အ
အုံကောင်းများလိုအပ်ပြီး လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးသွင်းနိုင်ရန်လည်း လိုအပ်
ကြောင်း အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး ခဲ့ကြသည်။
"အထူးစီးပွားရေးဇုန် တည်တောင် ခြင်းအားဖြင့် တည်ဆောက်ဆဲကာလ ၂၀၁၃ ကနေ
တည်ဆောက်ပြီးစီးဖို့ လျာထားတဲ့ ၂၀၁၅ အတွင်း နှစ်ရှည် အလုပ်အကိုင် အခွင့်အလမ်း
တွေကို ရရှိမှာပါ။ ပြီးတော့ အထူးစီးပွားရေးဇုန် မှာ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ
တွေကနေတစ်ဆင့် နည်းပညာဖလှယ် တာတွေ ရှိလာမယ်။ နောက်ပြီးတော့ ဒီအထူးစီး
ပွားဇုန်ထဲမှာ နိုင်ငံတကာ အဆင့်မီ နည်းပညာကျောင်းတွေ ပေါ်ပေါက်လာမှာပါ။ ဘယ်
ကုမ္ပဏီကမှ အကုန်အကျခံပြီး သူ့နိုင်ငံသားကိုဒီအထိ ခေါ်မလာဘူး။ ပြည်တွင်းကလည်း
လုပ်နိုင်တဲ့သူတွေပေါ်လာဖို့ လိုအပ်လာ ပါပြီ" ဟု ၎င်းက ပြောသည်။
မြတ်မေဇင်
The Myanmar Times
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment