Saturday, November 3, 2012

မှော်ဘီမြေစာရင်းဝန်ထမ်းအချို့ လုပ်ပိုင်ခွင့်မလျော် အသုံးပြုနေကြောင်းသိရ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ကံကလေး(အမ်)ကုန်းကလေး ကျေးရွာတွင် မြေကွက်အငြင်းပွား မှုနှင့်ပတ်သက်၍ မြေစာရင်း ၀န် ထမ်းအချို့လုပ်ပိုင်ခွင့် မလျော် အသုံးပြုနေကြောင်း စိစစ်တွေ့ရှိ ရသည်ဟု သိရသည်။
ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊ ကံကလေး(အမ်)ကုန်းကလေး ကျေးရွာရှိ ကွင်းအမှတ် (၆၃၅)၊ ဦးပိုင်အမှတ် (လ/၁၆)ဧရိယာ (၀.၇၅)၏ မူလပိုင်ရှင်များဖြစ် သည့် ဦးထွန်းရင်ပုနှင့် ဒေါ်က လေးမမိသားစုတို့က အဆက် ဆက်နေထိုင်ခဲ့ပြီးနောက် ၎င်းင်းတို့ မိသားစုတို့က ဆွေမျိုးတော်စပ် သူ ဦးထွန်းကြည်အား ၁၉၅၉ ခုနှစ်ကတည်းကပင် ပေးအပ်ခဲ့ ကြောင်း၊ ဦးထွန်းကြည်အနေဖြင့် လည်း အဆိုပါ မြေ၀ိုင်းကို ၁၉၅၉ ခုနှစ်မှစ၍ နေထိုင်စောင့်ရှောက် ခဲ့သည်မှာ မြေပိုင်ဆိုင်မှု အငြင်း ပွားမှုမဖြစ်သည့် ၂၀၀၉ ခုနှစ် မတ်လအထိ နှစ်ပေါင်း (၅၀)တိုင် တိုင် နေထိုင်လျက်ရှိကြောင်း၊သို့ သော် ဦးထွန်းကြည်အနေဖြင့် အဆိုပါ မြေကွက်ကို ရယူစဉ်က ဆွေမျိုး၊ မိသားစုက အစဉ်အ ဆက် နေထိုင်ခဲ့သည့်မြေဖြစ်၍ မည်သည့်စာချုပ်စာတမ်းများဖြင့် လွှဲပြောင်းလက်ခံခြင်းမရှိသည့် အပြင် ရပ်ဓလေ့ရွာဓလေ့အရ ခြံ စည်းရိုးကာရံထားခြင်းလည်း မရှိ ခဲ့ဟု ပြောကြားသည်။
သို့သော် ၂၀၀၉ခုနှစ် မတ် လတွင် တစ်ရွာတည်းနေ ဒေါ် တင်မြ၏အစ်ကိုဖြစ်သူက ရေကြီး ပြီး၊ ကမ်းပြိုခြင်းကြောင့် နေထိုင် ရန် အခက်အခဲရှိသည်ဆိုကာ အကူအညီတောင်းသဖြင့် ဒေါ် တင်မြ၏အစ်ကိုဖြစ်သူ၏ ကျွဲ၊ နွားနှင့် စပါးကျီများအား ရွှေ့ ပြောင်းနိုင်ရန် ဦးထွန်းကြည်က ခေတ္တအသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း၊ ဒေါ်တင်မြ၏ အစ်ကိုဖြစ်သူ ကွယ်လွန်သည်တွင် ဒေါ်တင်မြ က ၎င်းင်းမြေကို သူပိုင်သည်ဆိုကာ ကျေးရွာဥက်္ကဋ္ဌအား စတင်တိုင် ကြားခဲ့သည်။ ထိုစဉ်က ကျေးရွာ၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီဥက္ကဋ္ဌက ဦးထွန်း ကြည်အား အထောက်အထား စာချုပ်စာတမ်း မပြနိုင်ဟု ဆိုကာ မြေခွန်ပေးသွင်းခပြေစာနှင့် ခြံ ပေါ်တွင် အဆောက်အအုံ ရှိသူ က ပိုင်ဆိုင်သည်ဆိုကာ တိုင် ကြားသူ ဒေါ်တင်မြအား အနိုင် ပေးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ကျေးရွာဥက္ကဋ္ဌ၏ ဆုံးဖြတ် ချက်အပေါ် ဦးထွန်းကြည်က ကျေနပ်မှုမရှိသဖြင့် မြို့နယ် အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ တင်ပြခဲ့ရာ၊ မှော်ဘီ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက စစ်ဆေးရေး အဖွဲ့အား စနစ်တကျ ဖွဲ့စည်းပြီး  ဦးထွန်းကြည်၏ တင်ပြလာမှု အပေါ် အရေးတယူဖြင့် ကွင်း ဆင်းစစ်ဆေးခဲ့သည်။ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ ရှိချက်မှာ တိုင်ကြားသူ၏ စွပ်စွဲ တိုင်ကြားချက်များ မှန်ကန်ကြောင်း ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌသည် လုပ်ပိုင်ခွင့်ကို မလျော်အားဖြင့် လူမှုရေးများ ရောထွေးပြီး မြေစာ ရင်း ၀န်ထမ်းများဖြင့် ပူးပေါင်း ကာ ဒေါ်တင်မြအား မြေခွန်များ ကို နောက်ကြောင်းပြန်ပေးသွင်း စေခြင်း၊ မြေစာရင်းပြေစာများ တွင် ပြင်ဆင်မှုများရှိနေပြီး ယင်း ပြင်ဆင်ချက်များကို သက်ဆိုင်ရာ အာဏာပိုင် (တာဝန်ရှိသူ)က လက်မှတ်တိုရေးထိုးထားခြင်းမရှိ ဘဲ မင်ဖျက်ကိရိယာ (Correction Pen) ဖြင့် ဖျက်ကာ ယခင် ခ၀တ ဥက္ကဋ္ဌ ဦးသိန်းနိုင်က လက်မှတ် ရေးထိုးထားသည်ကို တွေ့ရခြင်း။
ဒေါ်တင်မြ၏ ကိုယ်တိုင် ထွက်ဆိုချက်မှာလည်း အခင်းဖြစ် မြေပေါ်တွင် တစ်ခါမျှ နေထိုင်ဖူး ခြင်းမရှိကြောင်း၊ ရေကြီး၍ ကမ်း ပြိုမှုကြောင့်  မျက်နှာချင်းဆိုင် မြေကွက်တွင် ကျွဲနှင့်၊ နွားများ ထားခဲ့ပြီး စပါးကျီ ဆောက်လုပ်ခဲ့ ကြောင်း၊ ဆောက်လုပ်သူမှာ အစ် ကိုဖြစ်ပြီး ယခု ကွန်လွန်သွားပြီ ဖြစ်ကြောင်း ထွက်ဆိုထားခြင်း။
ဒေါ်တင်မြသည် လောဘ ဇောဖြင့် ၇၀က/မြေစာရင်း ၀န် ထမ်းများနှင့် ပူးပေါင်းကြံစည် ထားသည်ကို စိစစ်တွေ့ရှိရခြင်း။
မြေခွန်မြေစာများတွင်လည်း တစ်နှစ်နှင့် တစ်နှစ် နှုန်းထားတူ ညီမှုမရှိဘဲ စုစုပေါင်းငွေများသာ တူညီနေကြောင်း၊
မြေစာရင်းဝန်ထမ်းများအား စစ်ဆေးရန် ခေါ်ဆိုရာတွင်လည်း အကြောင်းအမျိုးမျိုးပြကာ လာ ရောက်ဖြေရှင်းမှုမပြုဘဲ မူမမှန်မှု များ တွေ့ရပြီး ရင်ဆိုင်ဖြေရှင်းရန် ၀န်လေးနေကြောင်း စိစစ်တွေ့ရှိ ကြောင်းဖြင့် အစီရင်ခံစာအသေး စိတ်အား ၂၀၁၀ ခုနှစ် ဇွန်လ ၂၁ ရက်ပါစာဖြင့် မှော်ဘီ မ၀တမှ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီရုံးသို့ အစီရင်ခံ တင်ပြထားသော်လည်း ခ၀တ အနေဖြင့် တစ်စုံတစ်ရာ အရေး ယူဆောင်ရွက်ပေးခြင်းမရှိခဲ့သဖြင့် ဦးထွန်းကြည်က နိုင်ငံတော်အ ဆင့် တာဝန်ရှိသူများထံ အသနား ခံတိုင်ကြားထားကြောင်း သတင်း ရရှိသည်။


ငွေထွန်း
Hot News

No comments:

Post a Comment