ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့နယ် ကျေးရွာများ၌
အောက်တိုဘာ ၂၅ ရက် တွင် ရခိုင်နှင့် ဘင်္ဂါလီတို့အကြား အပြန် အလှန် မီးရှို့ခြင်း၊ ခိုက်ရန်ဖြစ်ပွား
ခြင်းတို့ မှ အဓိကရုဏ်းအသွင်ဆောင်လာသော အကြမ်းဖက်ဖြစ်ရပ်များတွင် ဒေသခံ ရခိုင်လူမျိုးတို့
သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်း၊ ဒဏ်ရာပြင်းပြီး သက်ဆိုင်ရာ ဆေးရုံများသို့ တက်ရောက်ကုသ
လျက်ရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သေနတ်ဒဏ်ရာဖြင့် ကျောက်တော် မြို့နယ်ဆေးရုံနှင့် စစ်တွေမြို့နယ်ဆေးရုံ တို့သို့ ရောက်ရှိလာ
ကြသော ဒေသခံ ပြည်သူတို့တွင် ဘင်္ဂါလီလူမျိုးတို့
ပါဝင်မှု မရှိခြင်းအပေါ် ၎င်းဒဏ်ရာရပြည်သူတို့
က လုံခြုံရေးတပ်ဖွဲ့၏ အဓိကရုဏ်းဖြို ခွင်းမှုသည် ဘက်လိုက်မှုနှင့် မှားယွင်းမှု များရှိနေကြောင်း
ပြောကြားကြသော်လည်း ရခိုင်ပြည်နယ်အစိုးရ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူးကမူ
ဤသို့ မရှိပါကြောင်း အတိအလင်းဖြေကြားခဲ့သည်။
"တပ်က ပစ်တယ်ဆိုတာ လူစုကွဲရုံ လောက်ပဲ ခြောက်လှန့်ပစ်တာပါ။ လူအုပ်က ပိုပြီး များလာတဲ့
အခါ ဆက်ပစ်ရတာမျိုးတွေလည်းရှိတော့ သေနတ်ဒဏ်ရာ ကြောင့် တချို့သေဆုံးမှုတွေလည်း
ရှိနိုင် ပါတယ်။ ဒါပေမယ့် ကျောက်တော်မြို့ နယ်ထဲက လက်ဆောင်ကောက်ရွာမှာ ဖြစ်ပွားခဲ့တဲ့
အဓိကရုဏ်းမှာ တူမီး သေနတ်ဒဏ်ရာနဲ့ သေဆုံးမှုတွေလည်း ရှိပါတယ်။
"အဲဒီအဓိကရုဏ်းအပြီးမှာ ကျန်ခဲ့တဲ့ လက်နက်တွေသိမ်းတဲ့အခါ တူမီး သေနတ်တချို့ ရခဲ့ပါတယ်။
နောက်ပြီး ကျောက်တော်မြို့နယ်ထဲမှာ တူမီး သေနတ် အလက်ပေါင်း ၄၀ လောက် သိမ်းဆည်းရမိ
ပါတယ်။ ဒေသခံတွေ ပြောသလို တပ်က ဘက်လိုက်မှုတွေ၊ မှားယွင်းမှုတွေတော့ လုံးဝမရှိခဲ့ပါဘူး"
ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဦးဝင်းမြိုင်က အောက်တိုဘာလ ၂၆ရက်နေ့ ညနေပိုင်း
မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
၂၅ ရက်နေ့ညနေပိုင်း ၆ နာရီခန့်မှ ည ၉ နာရီအတွင်း ကျောက်တော်မြို့နယ် ဆေးရုံသို့ သေနတ်
ဒဏ်ရာရလူနာ ပေါင်း ၁၄ ဦးတို့ ရောက်ရှိခဲ့ရာ နားထင် ၌ ထိမှန်သူ တင်းမကျေးရွာသားတစ်ဦး
ဆေးရုံရောက်ပြီး ခဏအကြာတွင် သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာ တောင်ဗွေကျေးရွာမှ
ကျောက်တော်မြို့ သို့ စက်လှေဖြင့် သယ်လာစဉ် လမ်း၌ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
၎င်းနေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကျောက်တော်မြို့အ၀င် စစ်တွေ-ရန်ကုန်ကားလမ်းဘေးရှိ
ဘင်္ဂါလီလူမျိုး များနေထိုင်ရာ လက်ဆောင်ကောက်ရွာ ၌ ကားလမ်းပေါ်သို့ ရောက်သွားသော
ရခိုင်အမျိုးသားတစ်ဦးအား ဘင်္ဂါလီတို့ က ဓားဖြင့်ခုတ်သတ်ခြင်းကြောင့် ကျောက်တော်မြို့
ပြည်တော်သာရပ်ကွက် သားတို့က အကူအညီပေးနိုင်ရန် လိုက် သွားခဲ့ကြရာ သေနတ်ဖြင့် အပစ်
ခံရသည် ဟု ၎င်းဒဏ်ရာဖြင့် ဆေးရုံရောက်ရှိလာ သူ ဦးလှမောင်သိန်းက ပြောသည်။
အလားတူ သွားကြည့်ကြသည့်သူ များတွင် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူများ
သာမက ရှမ်းရွာ ရပ်ကွက်မှ လူများလည်း ပါဝင်ကြပြီး ရှမ်းရွာရပ်ကွက်နေ အသက် ၁၉ နှစ်ရှိ
မလှလှမြင့်မှာ ၀ဲဘက်နဖူးဆံစပ်တွင် ကျည်ရှပ်၍ ထိမှန်ခဲ့သဖြင့် ၎င်းကိုလည်း ကျောက်တော်
ဆေးရုံ၌ တွေ့ခဲ့ရသည်။
ကျောက်တော်မြို့နယ် ရတနာပုံ ကျေးရွာအုပ်စုအတွင်းရှိ တောင်ဗွေ ကျေးရွာအဓိကရုဏ်းကမူ
၂၅ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ ကြောင်း၊ တောင်ဗွေ(ဘင်္ဂါလီရွာ)နှင့် တောင်ဗွေ
(ရခိုင်ရွာ) နှစ်ရွာအပြင် အလယ်ရွာ(ဘင်္ဂါလီရွာ)တို့ အပြန် အလှန်အိမ်များမီးရှို့ကြချိန်တွင် နယ်မြေ
လုံခြုံရေးယူထားသော စစ်တပ်သည် တောင်ဗွေ(ဘင်္ဂါလီရွာ)၌ ရှိနေကြောင်း၊ ထိုစဉ်က ပစ်ခတ်မှု
မရှိသေးကြောင်း၊ နောက်ပိုင်း၌ လူနည်းစု ရခိုင်လူမျိုးတို့ကို ကူညီနိုင်ရန် ကဉ္စပနဒီမြစ်တစ်ဖက်ကမ်း
မှ ရခိုင်ရွာများဖြစ်သော သာစည်၊ ရွှေ ပြည်၊ မျောက်တောင်ရွာတို့မှ တိုင်းရင်းသားတို့က စက်လှေ
ဖြင့် အဆိုပါ တောင်ဗွေရွာသို့ အားဖြည့်လာကြ ကြောင်း၊ ၎င်းစက်လှေကမ်းကပ်ပြီး ကုန်းပေါ်သို့
ရခိုင်တိုင်းရင်းသားတို့ အတက်၌ စစ်တပ်က သေနတ်ထောင်ပစ်ပြီး လူစုခွဲပြန်ကြရန် ပြောသဖြင့်
စက်လှေပေါ်သို့ ပြန်ဆင်းကြချိန်တွင် အပစ်ခံရပြီး လှေပါနစ်မြုပ်သွားကြောင်း၊ ထိုအချိန်တွင်
အလယ်ကျွန်းရွာနှင့် ခေါင်းတုတ်ရွာတို့မှ ဘင်္ဂါလီများကလည်း တောင်ဗွေရွာရှိ ဘင်္ဂါလီတို့ကို
ကူညီရန် စက်လှေဖြင့် ရောက်လာကြပြီး ရေထဲ၌ နစ်မြုပ်လုလုမျောနေသော ရခိုင်လှေနှင့် ထိတွေ့
တိုက်ခိုက်ကြစဉ် ရခိုင်တိုင်းရင်းသားတို့ ယခုကဲ့သို့ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကျောက် တော်မြို့နယ်ဆေးရုံသို့ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးသူ
တစ်ဦး၊ ဒဏ်ရာရထား သူတစ်ဦးတို့ ထပ်မံရောက်ရှိလာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရခိုင်ပြည်နယ်မင်းပြားမြို့နယ်မှ ဘင်္ဂါလီလင်မယားနှစ်ဦးစကားများရာ မှ အိမ်နီးချင်းများပါဝင်ပြီး
ရပ်ကွက် အတွင်း အဓိကရုဏ်းသဖွယ်၊ သို့မဟုတ် ယမ်းအိုးကြီးနှင့်တူသော ရခိုင်ပြည်နယ် အတွက်
စနက်တံတစ်ခုသဖွယ် ဖောက်ခွဲ လိုက်သကဲ့သို့ ဖြစ်ခဲ့ရကြောင်း၊ ၎င်းမှ ကျောက်ဖြူ၊ မြောက်ဦး၊
မြေပုံ၊ ကျောက် တော်၊ ရသေ့တောင်တို့၌ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ
သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသ "မင်းပြားဆိုပေမယ့်လည်း မင်းပြား
မြို့နယ်နဲ့ မြောက်ဦးမြို့နယ်အစပ်မှာ ဖြစ် တာပါ။ ဆက်သွယ်သွားလာရေး အလှမ်း ဝေးတဲ့ လက်
လှမ်းမမီနိုင်တဲ့ နေရာမျိုးပါ"ဟု ၎င်းက ပြောသည်။
အခင်းဖြစ်ပွားခဲ့သည့် အဆိုပါ မြို့နယ် ခြောက်မြို့နယ်တို့မှ ထွက်ပြေးလာကြ သည်ဟု ယူဆရ
သော ဘင်္ဂါလီသုံးထောင် ခန့်ပါဝင်သည့် လှေအစင်း ၅၀ ခန့်တို့ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်း
တွင် စစ်တွေမြို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်း တည်ရှိရာ သဲချောင်းရွာအနီးသို့ ကပ်လာ ကြောင်း၊
ပြည်နယ်အစိုးရအနေဖြင့် ၎င်းတို့အား သဲချောင်းရွာသို့ အ၀င်မခံခဲ့ဘဲ ၂၆ ရက်နေ့တွင် ဖရုံကာ
ကျွန်းစုအတွင်း ရှိ ဆင်နမော်ကျွန်း (ဆံတော်ရှင်ကျွန်း) ၌ ယာယီနေရာပေးထားကြောင်းလည်း
၎င်းက ဖြည့်စွက်ပြောကြားသည်။
"သဲချောင်းရွာကို ထပ်ရောက်လာမယ့် ဘင်္ဂါလီအသစ်တွေကို လက်မခံနိုင် ပါဘူး။ ရခိုင်ပြည်နယ်မှာ
ဒုက္ခသည်စခန်း တွေအတွက် တစ်ရက် တစ်ရက်ကို သိန်း ထောင်ချီပြီး ကုန်ကျစရိတ်ရှိပါတယ်။
အမှန်ပြောရရင် လက်ထဲမှာ သုံးလစာ လောက်ပဲ ရိက္ခာရှိပါတော့တယ်။ ဒါကို အစိုးရတစ်ဦးတည်း
က ဆောင်ရွက်လို့ မရပါဘူး။ နောက်ပြီး ဒီလူတွေ ပြန် လည်သင့်မြတ်ရေးကိုလည်း အစိုးရ တစ်ဦး
တည်းက ဆောင်ရွက်လို့ မရနိုင် ပါဘူး၊ မြို့မိမြို့ဖတွေ၊ ဘာသာရေးခေါင်း ဆောင်တွေပါ ပူးပေါင်း
လုပ်ကြရမှာပါ။ ဒါပေမယ့် လတ်တလောတော့ ညှိလို့မရ နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
ဓလေ့စရိုက်တွေ မတူညီလို့ပါ" ဟု လည်း ၎င်းက ပြောကြားခဲ့သည်။ လူမျိုးစုနှစ်စုကြား ပြန်လည်
သင့်မြတ် ရေးမတိုင်ခင် လတ်တလောဖြစ်ပွားခဲ့ သော အဓိကရုဏ်းဖြစ်ရပ်မျိုး ပြန်လည် မဖြစ်ပွား
စေရန် ဒေသတွင်း လုံရေးတိုးမြှင့်ဖို့ရှိသလား ဟူသည့် အမေးကို ၎င်းက -
"အုပ်ချုပ်ရေး လက်လှမ်းမမီလောက်တဲ့၊ ဆက်သွယ်ရေး၊ သွားလာရေး အလှမ်းဝေးတဲ့နေရာတွေမှာ
ရခိုင်လူမျိုးတွေက နည်းပြီး ဘင်္ဂါလီလူမျိုးတွေက အများစုရှိနေတဲ့အတွက် ခုလို ထပ်ဖြစ်နိုင်တဲ့
အခွင့်အရေးတွေ ရှိနိုင်တယ်ဆိုတာ မှန်ပါ တယ်။ ဒါပေမယ့် ဒေသလုံခြုံရေးကတော့ လက်ရှိတပ်
အင်အားက လုံလောက်ပါတယ်။ လုံခြုံရေးအင်အားကို ထပ်တိုး လိုက်ရင် မတန်တဆ အင်အား
သုံးတယ်လို့ နိုင်ငံတကာက ပြောလာနိုင်တယ်။ ဒါကြောင့် လုံခြုံရေးကို ထပ်တိုးဖို့ အစီအစဉ်
မရှိပါဘူး"ဟု ပြော ကြားခဲ့သည်။
ဒေသတွင်းလုံခြုံရေးနှင့် ပတ်သက်ပြီး ဒေသခံ မြို့မိမြို့ဖတို့၏ အမြင်ကမူ ဤသို့ ကွဲပြားခြားနား
လျက်ရှိသည်။ "ကျွန်တော်တို့ ကျောက်တော်မြို့နယ်ဆိုရင် ရခိုင်အမျိုးသား တွေအတွက် ပထ၀ီ
နိုင်ငံရေးအရ အန္တရာယ်ရှိနေတယ်။ မြို့ရဲ့ တောင်ဘက်မှာ အိမ်ခြေတစ်ထောင်ရှိတဲ့ ဘင်္ဂါလီရွာ၊
ပိုက်သည် ရွာ၊ အိမ်ခြေ ၃၅၀ ရှိတဲ့ လက်ဆောင်ကောင်ရွာ၊ မြောက်ဘက် မှာလည်း အလားတူပဲ
ဘင်္ဂါလီရွာကြီး သုံးရွာဖြစ်တဲ့ ၀ါးကင်း ကျေးရွာအုပ်စု၊ ပီစိပိုက်သည် ကျေးရွာနဲ့ နိဒင်ရွာတို့မှာ
အိမ်ခြေ နှစ်ထောင်ကျော်၊ အနောက်ဘက်ကျတော့ ဘင်္ဂါလီအိမ်ခြေ ၁,၅၀၀ရှိတဲ့ တောင်ထောင်ရွာ
နဲ့ တောင်ထောင် ဟရားရွာ တွေက ၀ိုင်းရံထားတဲ့အတွက် ကျောက်တော်မြို့က လူတွေရဲ့ အရေး
ပေါ်ထွက်ပေါက်က မြို့အရှေ့ဘက်က ကုလားတန်မြစ်ပဲ ရှိတယ်။ ဘင်္ဂါလီရွာတွေက အိမ်ခြေပေါင်း
ငါးထောင်ရှိပြီး ကျောက်တော်မြို့က အိမ်ငါးထောင်မပြည့်ဘူး။
"ပြီးတော့ အင်အားကြီးတဲ့ ဘင်္ဂါလီ ရွာတွေကြားမှာ လူနည်းစု ရခိုင်ရွာလေးတွေလည်း ရှိနေတယ်။
ဒါကြောင့် ဒေသလုံခြုံရေး ကို တာဝန်ယူထားတဲ့ စစ်တပ်အနေနဲ့ ဘင်္ဂါလီရွာတွေထဲမှာ စခန်းမချဘဲ
ဘယ်ရွာနဲ့မှ မဆိုင်ဘဲ ရွာ အပြင်ဘက်တွေမှာ စောင့်ပေးတာမျိုး ဖြစ်စေချင်တယ်။ ပြီးတော့ ဒေသခံ
ရခိုင်လူမျိုးတွေ အနေနဲ့ အခုလို ကာဖျူးထုတ်ထားချိန်မှာ ကိုယ့်အရပ်ကို ညဘက် ကင်းစောင့်ချင်
လည်း မရ၊ တုတ်ဓားလှံ လက်နက်တွေ ကိုင်ဆောင် ခွင့်လည်းမရ ဖြစ်လေတော့ တကယ်တာဝန်
ယူထားတဲ့ စစ်တပ် ကိုပဲ အားကိုးကြရ တာပါ။ ဒါကြောင့် စစ်တပ်အနေနဲ့ လူနည်းစုနဲ့ လူများစုရွာ
တွေအကြား အဓိကရုဏ်းတွေ ထပ်မဖြစ်အောင်ကြားမှာပဲ နေစေချင်ပါတယ်"ဟု ကျောက်တော်မြို့
၏ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဒေါက်တာထွန်းအေးက ပြောသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်တစ်ဝန်း စပါးခင်းများ ရင့်မှည့်ပြီး ရိတ် သိမ်းဖို့ စီစဉ်နေကြချိန်၌ မြို့နယ်
အများစုတို့တွင် ရခိုင်ရွာနှင့် ဘင်္ဂါလီရွာတို့ရှိ စပါးခင်းချင်း ထိလျက်ရှိသောကြောင့် မိမိတို့ စပါး မိမိ
တို့ ရိတ်သိမ်းနိုင်ရန် လယ်ကွင်းထဲဆင်းကြသည့်အခါ မိမိတို့ရွာကို လာဝိုင်းလေမလား ဟူသည့်
အပြန်အလှန် စိုးရိမ် စိတ်များဖြင့် မသွားရဲ၊ မလာရဲ မရိတ်သိမ်းရဲသည်တို့လည်း ရှိနေ ကြောင်း
တွေ့ရသည်။
စိုးသန်းလင်း
The Myanmar Times
No comments:
Post a Comment