အင်ဒိုနီးရှားရှိ လှုပ်ရှားမှုအများဆုံး မီးတောင်များအနက် တစ်ခုဖြစ်သော
လော်ကွန်မီးတောင်သည် ထပ်မံပေါက်ကွဲနေပြီး ပြာများမှုတ်ထုတ်လျက်ရှိကြောင်း
အစိုးရတာဝန်ရှိသူများက အောက်တိုဘာလ ၈ ရက်နေတွင် ပြောကြားခဲ့သည်။
အမြင့်ပေ ၅၂၁၄(၁၅၈၀ မီတာ) ရှိပြီး ဆူလာဝေဆီကျွန်း၏
အရှေ့မြောက်ပိုင်းတွင်ရှိသော ယင်းမီးတောင်သည် ငါးကီလိုမီတာ (သုံးမိုင်)
အကွာအဝေးအထိ ကြားနိုင်လောက်သော မိုးထစ်ချုန်းသံကဲ့သို့ အသံများထွက်ပေါ်ပြီး
အောက်တိုဘာလ ၇ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီက
စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
လော်ကွန်မီးတောင်သည် ပြီးခဲ့သည့် လများအတွင်းကတည်းက
လှုပ်ရှားမှုများရှိနေခဲ့ပြီး ယခုပေါက်ကွဲမှုသည် စက်တင်ဘာလလယ် နောက်ပိုင်း
မီးတောင်ပေါက်ကွဲမှုများအနက် ခုနှစ်ကြိမ်မြောက် အကြီးမားဆုံးဖြစ်သည်။
မီးတောင်ဝန်းကျင်တွင်
ပြာမှုန့်များ တိမ်တိုက်များသဖွယ် ဖုံးလွှမ်းနေသောကြောင့် အမြင့်မည်မျှအထိ
ပေါက်ကွဲခဲ့သည်ကို မခန့်မှန်းနိုင်ကြောင်းနှင့် မီးတောင်ပေါက်ကွဲမှုကြောင့်
အနီးဝန်းကျင်သို့ ရွှံ့မိုးရွာသွန်းခဲ့ကြောင်း အစိုးရမီးတောင်ပညာရှင်
ဖာရစ်ဘီနာက ပြောကြားခဲ့သည်။
လော်ကွန်မီးတောင်၏ အကြီးမားဆုံးပေါက်ကွဲမှုသည် ၂၀၁၁ ခုနှစ်
ဇူလိုင်လကဖြစ်ပြီး ပြာများကို အမြင့် မီတာ ၃၅၀၀ အထိ မှုတ်ထုတ်ခဲ့ကာ လူပေါင်း
၅၂၀၀ ခန့် နေရာရွှေ့ပြောင်းခဲ့ရသည်။ ၁၉၉၁ ခုနှစ်က
လော်ကွန်မီးတောင်ပေါက်ကွဲမှုတွင် ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး
သေဆုံးခဲ့သည်။
Eleven Media Group
No comments:
Post a Comment