“နိုင်ငံတော်၏ လေလံစနစ်တွင် လုပ်ကွက်လျှော့ပေးရန်´´သတင်းပါ
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်အတွင်းရှိ ဧက ၁ ထောင်ရှိသော
ပဉ္ဇမပိုင်းအင်း နှင့် ရေလုပ်သားများ များပြားလာသောကြောင့်
ဘေလေးခ(ငပိချောင်းအင်း)များ တောင်းဆိုမှုတွေအတွက် ပဲခူးတိုင်းဒေသကြီး
ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ၁.၁၁.၂၀၁၂
ရက်နေ့တွင် ကျိုက်စကောကျေးရွာ တာဆုံကျေးရွာ အစရှိသော ကျေးရွာများမှ
ရေလုပ်သားများအား
ခေါ်ယူညှိနှိုင်းတွေ့ဆုံခဲ့ကြောင်းသိရှိရသည်။
ယင်းခေါ်ယူညှိနှိုင်းဆွေးနွေးပွဲတွင် ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့သော်လည်း ဘေလေးအင်း ကိစ္စ နှင့် ပတ်သက်၍ မိမိတို့မှာ
လုပ်ပိုင်ခွင့်မရှိကြောင်း သက်ဆိုင်ရာမှ ခွင့်ပြုမည် ဆိုပါက
မိမိတို့အနေဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန
ဒုဦးစီးမှူး ဦးဆန်းဝင်းမှ ဆိုပါသည်။ ရေပေါ်ရေလျှံလုပ်သားများအား
ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားတဲ့ လေလံအင်းများက လွှဲပြီး
စီးပွားဖြစ်မဟုတ်ပဲ တပိုင်တနိုင်ဝမ်းရေးအတွက် ရှာဖွေစားသောက်ခြင်းကို
ခွင့်ပြုထားပါကြောင်း“ကျွန်တော် ဌာနကနေ ရေပေါ်ရေလျှံငါးလုပ်သားများအတွက် ၁၆
မျိုး ခွင့်ပြုထားပါတယ်။ ၁။ လက်တွန်း ၂။ ကိုင်းထောက် ၃။ ထောင်ခြင်း
၎။ငါးမျှားတန်း ၅။ ဗူးမျှော ၆။လက်ပစ်ကွန် ၇။ယာဉ်တွန်း ။၈ ကော်ပိုက်
၉။ယဲ့သဲ့ ၁၀။ မြုံးငယ် ၁၁။မြုံးကြီး ၁၂။တုတ် ၁၃။ ဆောင်း ၁၄။ တန်ဆောင်း ၁၅။
လှံထိုး ၁၆။ဂုတ် စသည်တို့ကို ခွင့်ပြုထားပါတယ်။ ခွင့်ပြုထားတဲ့ အမျိုးအစား
၁၆ မျိုးဟာ အင်းတွေနဲ့ ဘုံငါးဖမ်းကိရိယာ ၁၆ မျိုးဖြစ်ပါတယ်။ တစ်ပိုင်တနိုင်
ရေလုပ်သားငယ်လေးများအတွက် အခမဲ့ အခွန်လွတ်ပါပဲ။ ဒါနဲ့ လုပ်စားမယ်ဆိုပါက
ပိုက်ဆံပေးစရာမလိုပါဘူး။ သို့သော် ကျွန်တော်တို့ သတ်မှတ်ထားတဲ့
ကာလတစ်ခုတော့ရှိတယ်။ ငါးယစ်ငါးသန်ချိန်တော့ လုပ်လို့မရဘူး။
နွေရာသီနှောင်းပိုင်း မေ ၊ ဇွန် ၊ဇူလိုင် ကာလ ၊ အဲဒီအချိန်မှာ ငါးတွေက
ငါးရစ်တက်တယ်။ ငါးသားပေါက်တယ်။ ငါးမကြီးတွေက ဗိုက်မှာ ဥတွေ ဖောင်းလာတယ်။
သားပေါက်တဲ့အချိန် ပေါ့ဗျာ။ ကျွန်တော်တို့ ဌာနက နေ ၂/၉၂ အမိန့်ကြေညာစာနဲ့
ကြေညာထားတာရှိပါတယ်။ သတင်းစာတွေထဲမှာလည်းပါပါတယ်။ ဒီကာလကလွှဲရင်တော့
ခွင့်ပြုထားတယ်။ သူတို့တောင်းနေတဲ့ ဘုတ်ပြင်အင်းမှာဆို
အခမဲ့ဧရိယာတွေရှိတယ်။ ကျန်တဲ့နေရမှာ ပိုက်တန်းမယ်ဆိုရင်တော့
ပိုက်ဆံပေးရမယ်။ အဆင့်လိုက်အခွန်ဆောင်ရမှာတွေရှိတာပေါ့ဗျာ.
အခုသူတို့ဖြစ်နေတဲ့ ပြဿနာက ရေတိုင် ပြဿနာပဲ ။ အင်းသမားတွေက ရေတိုင်ကို
ဟိုလို သူတို့က ဒီလိုပြန်စိုက်ချင်ကြတယ်။ အခုတော့ ဟိုတုန်းက ပတ်တာအင်းဆိုတာ
ရှိတယ်။အဲဒီ ပတ်တာမံကို ရေလုပ်သားများ လုပ်စားလို့ရအောင် ပေးဖို့
စီစဉ်နေတယ်။ လုပ်ပေးဖို့လဲ ညှိနှိုင်းနေပါတယ်။ အဒါကို သူတို့ကိုခေါ်ပြီး
ပေးဖို့ စီစဉ်နေပါတယ်။ ဒီအင်းတွေဟာ သ/မ ခေတ်ကတည်းက
ပြည်ထောင်စုစာရင်းပေါက်ပြီးသား အင်းတွေဖြစ်တယ်။ ၁၉၈၅/၈၆ ကဆို ကျွန်တော်တို့
မမှီပါဘူး။ ဒါကြောင့် ဒီကိစ္စအားဟိုယခင်မီခဲ့တဲ့လူကြီးတွေကို
မေးကြည့်ရဦးမယ်။ နောက်ထပ်ဆပ်မံတောင်ဆိုတဲ့ ဘေလေးအင်းကိစ္စဆိုတာ
ကျွန်တော်တို့အဆင့်နဲ့ ရ/မရ ဆိုတာပြောလို့မရပါဘူး´´ဟုဆိုထားပါသည်။
ရေလုပ်သားများ မှ ထပ်မံတောင်းဆိုသော ဘေလေးအင်းသည် အာမမခံနိုင်သလို
ဆုံးဖြတ်ပိုင်ခွင့် မရှိသော ကြောင့် ဆုံးဖြတ်ပိုင်ခွင့်ရှိနိုင်မည့်
ပတ်တာမံအငးအား ပြန်လည်ချပေးရန် စီစဉ်နေကြောင်းသိရှိရသည်။ သို့သော်
ခေါ်ယူညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ရေလုပ်သားများ
အနေဖြင့်“ကျွန်တော်တို့မှာ အခုတောင်းဆိုထားတာက မဖြစ်နိုင်တဲ့ ဘက်က
တောင်းဆိုတာမဟုတ်ပါဘူး။ အင်းသူကြီးတွေကို သတ်သတ်မှတ်မှတ်ရေတိုင်စိုက်ပေးပါ။
ကျွန်တော်တို့ ကိုလည်း သတ်သတ်မှတ်မှတ် တစ်ပိုင်တစ်နိုင် လုပ်စားနိုင်ဖို့
လုပ်ကွက်လေးကို အမြန်ဆုံး အကောင်အထည်ဖော်ပေးမယ်ဆိုရင် အကောင်းဆုံးလို့
ပြောချင်ပါတယ်။သူတို့ဆုံးဖြတ်ချက်နဲ့ မပေးနိုင်ဘူးဆိုရင်လည်း အထက်ကို
တင်ပြပေးရင်တော့ ကောင်းမှာပေါ့ဗျာ´´ဟု ရေလုပ်သားများဘက်က ဆိုလာကြပါသည်။
စိုးဝင်းနိုင်
Hot News
No comments:
Post a Comment