Friday, November 2, 2012

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ ဆုံမှု စနေနေ့ 

ဒီတစ်ပတ် စနေနေ့ မှာတော့ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာ ပြိုင်ဘက်လို့  ဆိုရမယ့် မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့  ပွဲစဉ်နဲ့ စဖွင့်မှာ ဖြစ်ပါတယ် ပရီးမီးယားလိဂ် လို့  အမည်ပြောင်းလဲပြီး ကျင်းပတဲ့ နောက်ပိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ပြိုင်ဘက် ၂ သင်းဟာ ယခုအချိန် အထိ ဆက်လက် ပြိုင်ဆိုင်နေတုန်းပါပဲ ရွိုင်ကိန်း ဗီအဲရာတို့  ရှိစဉ်ကလောက် ပြိုင်ဆိုင်မှု မပြင်းထန်ပေမယ့် သိက္ခာအတွက်တော့ ဆက်လက် တိုက်ပွဲဝင်နေတုန်းပါပဲ အခုပွဲစဉ်ဟာ ပုံမှန်ဆိုရင်တော့ စူပါဆန်းဒေးလို့  ခေါ်တဲ့ တနင်္ဂနွေမှာ ယှဉ်ပြိုင်မှာ ဖြစ်ပေမယ့် ကြားရက်မှာ ချန်ပီယံလိဂ် ရှိတာကြောင့် အစောပွဲ အနေနဲ့ ကျင်းပလိုက်ရတာ ဖြစ်ပါတယ် လက်ရှိမန်ယူအသင်းရဲ့ တိုက်စစ်မှုး ဖြစ်သူ ဗန်ပါစီဟာ သူ့ ရဲ့ အသင်းဟောင်းကို ပထမဆုံးအကြိမ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် မန်ယူအသင်းမှာ ပုံမှန်ဂိုးသွင်းနေတဲ့ ပါစီတစ်ယောက် အခုပွဲမှာ အသင်းဟောင်းဘက်ကို ဂိုးသွင်းယူ နိုင်မလား
စိတ်ဝင်စားဖွယ် ကောင်းလှသလို ဂိုးသွင်းယူနိုင်ခဲ့ရင် အောင်ပွဲခံမလားဆိုတာကလည်း စိတ်ဝင်စားဖို့  ကောင်းတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် အခုပွဲစဉ်ကိုတော့ မန်ယူအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ ဒ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ကစားမည့် အချိန်ကတော့ မြန်မာစံတော်ချိန် ည(၇း၁၅) ဖြစ်ပါတယ်
MANCHESTER UNITED
မန်ယူအသင်းဟာ ပွဲကြပ်ကာလလို့  ဆိုရမယ့် အချိန် ဖြစ်ပါတယ် ယခင်အပတ်မှာ ချယ်လ်ဆီးနဲ့ တွေ့ ဆုံခဲ့ရသလို ကြားရက်မှာလည်း ချယ်လ်ဆီးနဲ့ ထပ်မံ ယှဉ်ပြိုင် အပြီး အခု အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ရလာဒ်ကောင်းတွေ ယူထားနိုင်တဲ့ မန်ယူတို့  အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ရမှာက တစ်ပန်း သာစေတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် လက်ရှိမှာ တိုက်စစ် ထက်မြက်နေတဲ့ မန်ယူတို့  အခုပွဲမှာရော ဆက်လက် ဂိုးတွေ ထပ်သွင်းယူ နိုင်မလား ဆိုတာကလည်း စိတ်ဝင်စားဖို့  ကောင်းလှပါတယ်  လက်ရှိ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာ ရဂိုး ၂၄ ဂိုး သွင်းယူထားတဲ့ မန်ယူတိုက်စစ်ကတော့ ထက်မြက်တယ်လို့  ဆိုရမှာ ဖြစ်ပါတယ်  ခံစစ်ကလည်း ပွဲတိုင်းနီးပါး ဂိုးပေးထားရလို့  ယိုယွင်းနေတယ်လို့  ဆိုရမှာ ဖြစ်ပြီး ပေးဂိုးပေါင်း ၁၃ ဂိုး ရှိနေပါတယ် လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၂၁ မှတ်နဲ့ ရပ်တည်နေပြီး ဦးဆောင်သူ ချယ်လ်ဆီးနဲ့ တစ်မှတ်အကွာ အနေအထား ဖြစ်လို့  အခုပွဲ အနိုင်ရရင် ဇယားကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်
လက်ရှိမန်ယူအသင်းဟာ ပွဲကြပ်တွေကို ဆက်တိုက် ကစားနေရတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် ကြားရက် ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမားတွေကို အနားပေးထားလို့  အခပွဲစဉ်ကို အာရုံစိုက် ကစားလာမှာ မလွဲပါဘူး နောက်တန်းမှာ ဒဏ်ရာ ရ ကစားသမားတွေ များပြားနေတာက မန်ယူအတွက် ထိုးနှက်ချက်လို့  ဆိုရမှာ ဖြစ်ပါတယ် အသင်းရဲ့ လူငယ် ကစားသမား ရာဖေးလ်ဟာ အခုပွဲမှာ ပါဝင်မယ်ဆိုရင် ပွဲပန်းမှု ဒဏ်ကို ခံရမှာ မလွဲပါဘူး ဖီးလ်ဂျုံးနဲ့ စမောလင်းတို့ ဒဏ်၇ာ သက်သာလာပြီဆိုပေမယ့် အခုလို ပွဲစဉ်မှတော့ အရဲစွန့် သုံးမယ်လို့  မမြင်မိပါဘူး အသင်းရဲ့ အဓိက တိုက်စစ်မှုး ဖြစ်သူ ဗန်ပါစီကတော့ သူ့ ရဲ့ အသင်းဟောင်း ကို ပြန်လည် ရင်ဆိုင်ရမယ့် ပွဲစသ်ဖြစ်ပါတယ် အာဆင်နယ်ကနေ ပြောင်းရွှေ လာပြီး မန်ယူအသင်းမှာ ဂိုးတွေ သွင်းပေးနေတဲ့ ဗန်ပါစီဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းသူ အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ် တွဲဖက် တိုက်စစ်မှုး ဖြစ်သူ ရွန်နေးနဲ့ နားလည်မှု ရပြီး ဂိုးတွေ သွင်းပေးနေတဲ့ ဗန်ပါစီ အသင်းဟောင်းကို ဂိုးသွင်းနိုင်မလားဆိုတာကို စောင့်ကြည့် ရမှာ ဖြစ်ပါတယ် နည်းပြဖြစ်သူ ဖာဂူဆန်ကတော့ ကွင်းလယ်ကို အနည်းငယ် ပြုပြင်ပြောင်းလဲ ကစားဖွယ် ရှိပြီး ဘရာဇီးကွင်းလယ်လူ အန်ဒါဆန်ကို ပွဲထွက် ကစားဖွယ် ရှိစေတယ်လို့  ဆိုထားတာ ဖြစ်ပါတယ် အန်ဒါဆန်သာ ပွဲထွက် ကစားလာမယ်ဆို သူနဲ့ ယမန်နှစ်ရာသီမှာ အတွဲညီခဲ့တဲ့ ကလယ်ဗာလေပါ ပွထြွက်လာဖွယ် ရှိပါတယ်ယမန်နှစ်က အာဆင်နယ်ကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ယူခဲ့တုန်းက အစွမ်းပြခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမား အခုပွဲမှာ ပွဲထွက်လာဖို့  ရှိနေပြီး မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ် လိုင်းနပ်က အောက်ပါအတိုင်း ဖြစ်မယ် ထင်ပါတယ်
ဂိုး                 -          ဒီဂီအာ
နောက်တန်း -   ရာဖေးလ် ၊ အီဗန် ၊ ဖာဒီနန် ၊ အီဗရာ
အလယ်တန်း- ဗလင်စီယာ ၊ အန်ဒါဆန် ၊ ကလယ်ဗာလေ ၊ ယန်း
ရှေ့ တန်း     – ရွန်နေး  ၊ ဗန်ပါစီ
ARSENAL
ဧည့် သည် အာဆင်နယ်အသင်းကတော့ ကြားရက် လိဂ်ဖလား ပွဲစဉ်မှာ ရီဒင်းအသင်းကို ၄ ဂိုး ရှုံးနေရာကနေ အံ့ သြဖွယ်ရာ အနိုင်ယူပြထားတာ ဖြစ်လို့  စိတ်ဓါတ်ကတော့ တက်ကြွနေမယ်လို့  ပြောရမှာ ဖြစ်ပါတယ် တောင်ပံကစားသမား ၀ဲလ်ကော့ အစွမ်းပြမှုနဲ့ အတူ အာဆင်နယ်တို့  လိဂ်ဖလား ပွဲမှာ အောင်ပွဲ ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ် ယမန်နှစ်ကလို အရှုံးမျိုး မဖြစ်စေဖို့ အတွက် အာဆင်ဝင်းဂါးတို့  ခံစစ်ကို အသေအချာ ပြင်ဆင်လာမှာ မလွဲပါဘူး လက်ရှိမှာလည်း အာဆင်နယ်ခံစစ်ဟာ ပရီးမီးယားလိဂ်မှာ ပေးဂိုး အနည်းဆုံး ဖြစ်နေတာက မန်ယူကို ခက်ခဲစေမယ်လို့  သုံးသပ်ရပါတယ် တိုက်စစ်အကောင်းဆုံး အသင်းနဲ့ ခံစစ် အကောင်းဆုံး အသင်း ထိပ်တိုက်တွေ့ ဆုံပွဲဆိုလည်း မမှားပါဘူး  ခံစစ် အကောင်းဆုံး ဖြစ်တဲ့ အာဆင်နယ် တိုက်စစ်ကတော့ ထက်မြက်မှု မရှိသေးတာက အခုပွဲအတွက် အဆုံး အဖြတ်ဖြစ်လာစေမယ်လို့  ယူဆရပါတယ် အသစ်ခေါ်ယူထားတဲ့ ဂီရော့ဒ် အသင်းနဲ့ အံဝင်အောင် မကစားနိုင်တာက အာဆင်နယ်ကို အားနည်းစေတာ ဖြစ်ပါတယ် ကွင်းလယ်လူတွေ တောင်ပံကစားသမားတွေ ဂိုးသွင်းယူနေလို့  အာဆင်နယ်တို့  အခြေအနေ ကောင်းနေတယ်လို့  ဆိုရမှာ ဖြစ်ပါတယ်
လိဂ်ဖလားပွဲစသ်မှာ ရှုံးနိမ့်ရာကနေ ပြန်လာနိုင်တဲ့ အာဆင်နယ်တို့  အဲပွဲစဉ်မှာ အဓိက ကစားသမားတွေ အားလုံး နီးပါး အနားပေးထားတာ ဖြစ်လို့  ပွဲပန်းတဲ့ ဒဏ်ကတော့ ခံရဖွယ် မရှိပါဘူး အသင်းရဲ့ တောင်ပံကစားသမား ဂါဗင်ဟို ဒဏ်ရာ ရသွားတာကတော့ အာဆင်နယ်တိုက်စစ်ကို အားနည်းစေတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် လူငယ်ကွင်းလယ် ကစားသမား ၀ီရှိုင်းယား ဒဏ်ရာ က သက်သာလာတဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသွားတာကတော့ အာဆင်နယ်တို့  အတွက် ကောင်းမွန်ပါတယ် အသင်းရဲ့ကွင်းလယ်လူ ဒီယာဘီ နာနေချိန်မှာ ၀ီလ်ရှိုးင်းယားက အာဆင်နယ်ကွင်းလယ်ကို မောင်းနှင်သူ အဖြစ် ပွဲထွက်လာမှာ မလွဲပါဘူး ညာနောက်ခံလူ ဆက်ဂ်ညာကလည်း ဒဏ်ရာက သက်သာလာလို့  အာဆင်နယ်နောက်တန်း ပိုတောင့်တင်းလာတယ်လို့  ဆိုရမှာ ဖြစ်ပါတယ် ဘယ်နောက်ခံလူ ကီရန်ဂစ် ကတော့ အခုပွဲကို လွဲချော်မှာ ဖြစ်တယ်လို့  သိရပါတယ်  ရီးဒင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ၀ဲလ်ကော့ အခုပွဲစဉ်မှာတော့ ပွဲထွက် ခွင့်ရမယ်လို့  ယူဆမိပါတယ် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် လိုင်းနပ်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်
ဂိုး                        -          ဆက်ဇနီ
နောက်တန်း        – ဆက်ဂ်ညာ ၊ ဗာမယ်လန်း ၊ မာတီဆက်ကာ ၊ ဆန်းတို့ စ်
အလယ်တန်း      – ၀ဲလ်ကော့ ၊ အာတီတာ ၊ ၀ီလ်ရှိုင်းယား ၊ ရမ်ဆေး ၊ ကာဇိုလာ
ရှေ့ တန်း             – ပိုဒေါ့လ်စကီး
သုံးသပ်ချက်
ပရီးမီးယားလိဂ်ရယ်လို့  ပြောင်းလဲပြီး နောက်ပိုင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ အသင်း၂ သင်းထိပ်တိုက် တွေ့ ဆုံနေတဲ့ ပွဲဖြစ်နေတဲ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းနေတာကတော့ အမှန်ပါပဲ မနှစ်က မိမိရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ဂိုးပြန် အရှုးခံထားရလို့  အာဆင်နယ်တို့  အခုပွဲကိုလည်း ဂရုစိုက် ကစားရမယ် ထင်ပါတယ် အသင်းမှာ လူငယ် ကစားသမားတွေ များနေတာက အာဆင်နယ်တို့ ကို အားနည်းစေတာ ဖြစ်တယ်လို့  ဆိုရမှာ ဖြစ်ပါတယ် မန်ယူအသင်းကတော့ အိမ်ကွင်း အိုးထရက်ဖို့ ဒ်မှာတော့ ကစားအား အတော် ကောင်းမွန်တယ်လို့  ဆိုရမှာ ဖြစ်ပါတယ် အသင်းရဲ့ တိုက်စစ်မှုး နှစ်ယောက်ဖြစ်တဲ့ ရွန်နေး ဗန်ပါစီတို့ ကလည်း အတွဲအဖက် မိနေသလို မိမိရဲ့ အိမ်ကွင်း အိုးထရက်ဖို့ ဒ်မှာ အာဆင်နယ်ကို အသာရထားလေတော့ အခုပွဲမှာလည်း အနိုင်ရသွားမယ်လို့  မျှော်လင့်ရပါတယ် အခုပွဲနိုင်ရင် ဇယားထိပ်ကို တက်လှမ်းမယ့် မန်ယူတို့  အိမ်ကွင်းမှာ အာဆင်နယ်ကို ဂိုးပြတ် အနိုင်ယူသွားမယ်လို့  မျှောလင့်မိပါတယ် မန်ယူအနိုင် သေချာတဲ့ ပွဲစဉ်ပါ
ခန့် မှန်း ရလာဒ်         >>>>>>>>>>>>>>           မန်ယူ            (     ၃      -          ၁        )           အာဆင်နယ်

Myanmar Manchester United Fan Club

No comments:

Post a Comment