ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Friday, November 2, 2012
ရိက္ခာမဖူလုံမှု၊ ဆင်းရဲမှုနှင့် ပဋိပက္ခများကြောင့် ဘိန်းစိုက်မှုမြင့်တက်
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် စားနပ်ရိက္ခာမဖူလုံမှု၊ ဆင်းရဲမွဲတေ မှုနှင့် ပြည်တွင်း
လက်နတ်ကိုင်ပဋိပက္ခများကြောင့် ပြီးခဲ့သည့်နှစ်ကထက် ယခု နှစ်တွင် ပိုမိုမြင့်တက်လာသည်ဟု
ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
"လုံခြုံမှု၊ ဥပဒေစိုးမိုးမှု အားနည်းတာ နဲ့ ဘိန်းစိုက်ပျိုးမှုဟာ မြင့်တက်လာပါ တယ်"ဟု ကုလသမဂ္ဂ
မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့၏ ဌာနေကိုယ်စားလှယ် Mr. John Bleho က အောက်တိုဘာလ
၃၁ ရက်နေ့က နေပြည်တော်၌ ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံ
ဆိုင်ရာ အစီရင်ခံစာရှင်းလင်းပွဲမှ သိရသည်။
မြန်မာနိုင်ငံတွင်
ဘိန်းစိုက်ပျိုးမှုမှာ ၂၀၁၁ ခုနှစ်၌ ၄၃,၆၀၀ ဟက်တာရှိခဲ့ပြီး ဘိန်းစိုက်သူ တောင်သူ
မိသားစုပေါင်း ၂၅၆,၀၀၀ ရှိခဲ့ကာ ခန့်မှန်း ဘိန်းစိမ်းထွက် ရှိမှုမှာ ၆၁၀ တန်ရှိသဖြင့် တစ်ဟက်တာ
လျှင် ပျမ်းမျှ ၁၄ ကီလို ထွက်ရှိခဲ့ပြီး ခန့်မှန်း တန်ဖိုး အမေရိကန် ဒေါ်လာ ၃၃၀ သန်း ရှိခဲ့သည်။
၂၀၁၂ ခုနှစ်၌မူ ၅၁,၀၀၀ ဟက်တာ၊ ဘိန်းစိုက်တောင်သူ မိသားစုပေါင်း ၃၀၀, ၀၀၀ ခန့်၊ ခန့်မှန်း
ဘိန်းစိမ်းထွက်ရှိမှု ၆၉၀ တန်၊ တစ်ဟက်တာလျှင် ပျှမ်းမျှ ၁၃ ဒသမ ၅ ကီလို၊ ခန့်မှန်းတန်ဖိုး ကန်
ဒေါ်လာ ၄၂၀ သန်းရှိလာသည်ဟု Mr. John Bleho က ပြောသည်။
၂၀၁၁ ခုနှစ်က ဟက်တာပေါင်း ၂၀၆,၇၀၃ စိုက်ပျိုးမှုရှိခဲ့သော အာဖဂန် နစ္စတန်နိုင်ငံနောက်တွင်
မြန်မာနိုင်ငံက ဒုတိယစိုက်ပျိုးမှုအများနေရာ၌ ရှိနေ သည်ဟု ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်က ရှမ်းပြည်နယ်တွင် စုစုပေါင်းဘိန်းစိုက်ဧရိယာ ၃၉,၀၀ ဟက်တာရှိရာ တစ်နိုင်ငံလုံး၏
၉၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂ ခုနှစ်၌ ၄၆,၀၀၀ ဟက်တာသို့ တိုးတက်လာသော်လည်း ရာခိုင်နှုန်းအား
ဖြင့် ၈၂ ရာခိုင် နှုန်းသို့ ကျဆင်းသွားသည်ဟု၎င်းကပြောသည်။
ဘိန်းကို မိုးများသည့်ရာသီတွင် စိုက်ပျိုးမှုနည်းပါးပြီး ခြောက်သွေ့သည့် စက်တင်ဘာလမှ ဒီဇင်ဘာ
လ ရာသီအတွင်း စိုက်ပျိုးလေ့ရှိသဖြင့် ဘိန်းစိုက်သည့် ရာသီတွင် ဂြိုဟ်တုဖြင့်သာမက မြေပြင်
ကွင်းဆင်းစစ်ဆေးမှုများပါ ပေါင်းစပ်ပြီး ၂၀၁၂ ခုနှစ်အတွက် ခန့်မှန်းချက်ကို တွက်ချက်ထားခြင်းဖြစ်
သည်။
ထုတ်လုပ်သည့် ဘိန်းတန်ချိန် ၆၉၀ အနက် အများစုသည် တရုတ်နိုင်ငံသို့ ရောက်ရှိပြီး ကျန်အရှေ့
တောင်အာရှ နိုင်ငံများမှတစ်ဆင့်လည်း ကမ္ဘာ့အနှံ့သို့ ရောက်ရှိနေပြီး ပြည်တွင်းသုံးစွဲမှုမှာ ပမာဏ
အနည်းငယ်သာရှိသည်ဟု Mr. John Bleho က ပြောကြားသည်။
"ပြည်တွင်းမှာ မူးယစ်ဆေးထိုးသူ ဦးရေ ၇၅,၀၀၀ ခန့်ပဲ ရှိတဲ့အတွက် သုံးစွဲမှုက အနည်းငယ်ပဲရှိ
တယ်လို့ ပြောလို့ရပါတယ်"ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်
ကျော်ကျော်ထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် အစားအစာဝယ်ယူရန်အတွက် ဘိန်းစိုက်ပျိုးမှုသည် ၆၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်
တွင်မူ ၄၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ငွေကြေး ပိုမိုရလိုမှုကြောင့် ၄၆ ရာခိုင်နှုန်းနှင့် အခြား
အကြောင်းကြောင့် ကိုးရာခိုင်နှုန်း ရှိသည်ဟု ၎င်းက ပြောသည်။
"ဘိန်းခင်းဖျက်ပြီး စားစရာမရှိရင် ပြန် စိုက်ကြမယ်။ လိုအပ်ချက်တွေ ဖြည့် ဆည်းပေးနိုင်ဖို့ ကြိုးစား
ရမယ်"ဟု Mr. John Bleho က ပြောသည်။
ဘိန်းမစိုက်သည့် တောင်သူမိသားစု များ၏ ပျမ်းမျှတစ်နှစ်ဝင်ငွေသည် ၂၀၁၁ ခုနှစ်က ကန်ဒေါ်လာ
၁,၁၈၀ နှင့် ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁,၆၁၀ ရှိပြီး ဘိန်း စိုက်တောင်သူများ၏ တစ်နှစ်ပျမ်းမျှ
ဝင်ငွေမှာမူ ၂၀၁၁ ခုနှစ်တွင် ကန် ဒေါ်လာ ၁,၀၃၀ နှင့် ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁,၈၃၀ ရှိမည်
ဟု အစီရင်ခံ စာတွင် ဖော်ပြထားသည်။
"စပါးစိုက်ခင်းမှာ ၀င်လုပ်ရင် တစ်ရက်မှ ကျပ် ၁,၀၀၀၊ ၁,၅၀၀ လောက်ပဲရတယ်။ ဘိန်းခင်းမှာဝင်
လုပ် ရင်ကျပ် ၅,၀၀၀ လောက်ရကြ တယ်"ဟု မြ.ဲသ့ညြူန့သ ကပြောသည်။ ပြည်တွင်း ပဋိပက္ခ
ဖြစ်ရာဒေသများ သည်လည်း တရားဥပဒေစိုးမှုးမှုကင်းမဲ့ ကာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု များပြား
သောဒေသများ ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အဖွဲ့ဝင်များမှ ၂၀၁၀-၁၁ ခုနှစ် ဘိန်းစိုက်ရာသီ
တွင် ဘိန်းခင်း ဟက်တာ ၇,၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပြီး ၂၀၁၁-၁၂ ခုနှစ်တွင် ၂၃,၇၀၀ ကျော်
ဖျက်ဆီးနိုင်ခဲ့သည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက ပြောသည်။
ဝင်းကိုကိုလတ်
The Myanmar Times
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment