မိုဘိုင်း Firefox တွင် ဇော်ဂျီနှင့် ယူနီကုဒ် Font များကို Font ထည့်သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဇော်ဂျီနှင့် ယူနီကုဒ် Font များကို မိုဘိုင်း Firefox ပေါ်တွင် ဖတ်ရှုနိုင်မည်ဖြစ်သည့် Tagu (တန်ခူး)ကို မြန်မာ Developer တစ်ဦးဖြစ်သူ
ကိုထိန်လင်းရွှေက ရေးဆွဲထားခြင်း ဖြစ်သည်။
အဆိုပါ Tagu ဆော့ဖ်ဝဲကို မကြာမီအချိန်အတွင်း အသုံးပြုနိုင်အောင် ဖြန့်ချိပေးမည်ဖြစ်ပြီး သုံးစွဲသူကိုယ်တိုင် မိုဘိုင်းအတွက်
Compile လုပ်ပြီး
သုံးစွဲနိုင်မည် ဖြစ်သည်။
ထို့ကြောင့် မိုဘိုင်းပေါ်တွင် Tagu ကို Compile လုပ်ပြီး သုံးစွဲလိုသူများအနေဖြင့် Firefox add-on Source Code ကို https://github.com/saturngod/Tagu-firefox ပေါ်တွင် ရယူသုံးစွဲနိုင်သည်။
မြန်မာ Developer ကိုထိန်လင်းရွှေအနေဖြင့် လက်ရှိအချိန်တွင် Desktop Browser များအတွက် Tagu ကို https://chrom. google.com/webstore နှင့် https://addons.mozilla.org တို့တွင် အခမဲ့ရယူအသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။
ထို့အပြင် Chrome Browser အတွက် Source Code ကို https://github.com/saturngod/Tagu-Chrome ပေါ် တွင် တင်ပေးထားသည်။
ယင်းသည် Massachusetts Institute of Technology (MIT)၏ အခမဲ့ Software လိုင်စင်တစ်ခုဖြစ်သည့် အသုံးပြုလိုသူတိုင်း လွတ်လပ်စွာ
အသုံးပြုနိုင်သည်။
ယုဇနကိုကို
7Day News

No comments:
Post a Comment