
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် မြို့နယ်စည်ပင်သာယာဈေးကြီး အတွင်း ဒီဇင်ဘာ (၄)ရက်နေ့ နံနက်(၉း၀၀)အချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ အရံမီးသတ် တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ပူးပေါင်း၍ မီးဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းအခမ်းအနားကို မြို့သစ်မြို့နယ် စည်ပင်သာယာဈေးကြီးအတွင်း လေ့ကျင့်ကြောင်း သိရသည်။ အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်စည်ပင်သာယာရေးမှ












