Thursday, December 6, 2012

၂၀၁၃ တွင် ပြည်တွင်းအတွက် သဘာဝဓာတ်ငွေ့ နှစ်ဆနီးပါး တိုးရမည်


Photo


ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများဖြစ်သော ရတနာ၊ ရွှေနှင့် ဇောတိကစီမံကိန်းများမှ လာမည့်နှစ်တွင် ပြည်တွင်းသုံးစွဲမှုအတွက် သဘာဝဓာတ်ငွေ့ နှစ်ဆနီးပါး  တိုးမြှင့်ရဖွယ်ရှိနေကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ပြည်တွင်း သုံးစွဲမှုအတွက် ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၉၀ ၀န်းကျင် ပို့လွှတ်နေပြီး လာမည့်နှစ်တွင် တိုးမြှင့်ပို့လွှတ်နိုင်ရန် စီစဉ်နေကြောင်း တိုတယ်အီးအမ်ပီ မြန်မာမှ သိရသည်။
စီမံကိန်းအသစ်များဖြစ်သော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၀၁၃ ခုနှစ် မေလအတွင်း ပြည်တွင်းသုံးစွဲမှုအတွက် နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ ပို့လွှတ်မည်ဖြစ်ပြီး ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းမှ လာမည့်နှစ် နောက်ဆုံးလပတ်တွင် ပြည်တွင်းသုံးစွဲမှုအတွက် နေ့စဉ်
သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၀ ပို့လွှတ်နိုင်ရန် ဆောင်ရွက်နေသည်။
ထို့ကြောင့် လက်ရှိရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ နေ့ စဉ်သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၉၀ ရရှိနေရာမှ လာမည့် နှစ်တွင် ရွှေနှင့် ဇောတိကသဘာ ၀ဓာတ်ငွေ့စီမံကိန်းတို့မှ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၆၀ တိုး မြှင့်၍ရရှိဖွယ်ရှိနေခြင်းဖြစ်သည်။
ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းသည်  နေ့စဉ် သဘာဝ ဓာတ်ငွေ့ပမာဏ ကုဗပေ သန်း ၃၀၀ ထုတ်လုပ်၍ ထိုင်းနိုင်ငံသို့ သန်း ၂၄၀ နှင့် ပြည်တွင်းအတွက် သန်း ၆၀ အသုံးပြုသွားမည်ဖြစ်သည်။ နှစ်ပေါင်းနှစ်ဆယ်သက်တမ်းရှိပြီဖြစ်သော ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းသည် နေ့စဉ် သဘာဝဓာတ်ငွေ့ ပမာဏကုဗပေ သန်း ၈၀၀ နီးပါး ထုတ်လုပ်နေပြီး ထိုင်းနိုင်ငံသို့ သန်း ၅၈၀ နှင့် ပြည်တွင်းအတွက် သန်း ၁၉၀ ပို့လွှတ်
လျက်ရှိရာ  အစိုးရလိုအပ်ချက်ပေါ်မူတည်၍ သဘာဝဓာတ်ငွေ့ကို  တိုးမြှင့်ပို့လွှတ်သွားမည်ဖြစ်ကြောင်း ၎င်းစီမံကိန်းလည်ပတ်နေသော တိုတယ်အီးအမ်ပီ (မြန်မာ)၏ အထွေထွေမန်နေဂျာ Ms.Nam-ita Shah ကပြောသည်။
ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်း လည်ပတ်နေ သော ထိုင်းနိုင်ငံအခြေစိုက် ပီတီ တီအီးပီကုမ္ပဏီနှင့် ရတနာသဘာ ၀ဓာတ်ငွေ့စီမံကိန်းလုပ်ငန်း လည်ပတ်နေသော ပြင်သစ်နိုင်ငံအခြေစိုက် တိုတယ်အီးအမ်ပီကုမ္ပဏီတို့သည် ယခုလတွင် ပြည်တွင်းသတင်းထောက်များအား ၎င်းတို့လုပ်ငန်းလည်ပတ်မှုများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းသဘာဝဓာတ်ငွေ့သုံးစွဲမှုအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ သဘာဝဓာတ်ငွေ့ကို ၀ယ်ယူအသုံးပြုနေရခြင်း ဖြစ်သည်။ သဘာဝဓာတ်ငွေ့ဈေးနှုန်းအနေဖြင့် ပြည်ပသို့ ရောင်းချသော ဈေးနှုန်းထက် ပြည်တွင်းသို့ ရောင်းချသောဈေးနှုန်းက ပိုမိုသက်သာကြောင်း Ms.NamitaShah က ပြောသည်။
စီးပွားရေးပိတ်ဆို့မှုကြောင့် ယခင်က ပြည်တွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေးလုပ်ငန်းများတွင် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်ခဲ့ရာ ယခုအခါတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေးလုပ်ငန်းများတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်မြင့်တက်လာဖွယ်ရှိနေသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်မှ ကုန်းတွင်းလုပ်ကွက်အတွက် နိုင်ငံတကာတင်ဒါဖိတ်ခေါ်ခဲ့ရာ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ ထိုင်း၊ အင်ဒို
နီးရှား၊ ရုရှား၊ ဂျပန်၊ မလေးရှား၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ ဆွစ်ဇာလန်၊ ယူအေအီး၊ ကူဝိတ်နှင့် အိုမန်နိုင်ငံတို့မှကုမ္ပဏီ
(၃၇)ခုက စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေကြောင်း အဆိုပါဝန်ကြီးဌာနမှ သတင်းရရှိသည်။

နေလင်းထွန်း
7Day News 

No comments:

Post a Comment