Thursday, December 6, 2012

င်ငံရေးမှုဖြင့် လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေ ၃၂ ဦးအနက် ၁၄ ဦး လိုင်စင်ပြန်လည်ရရှိ

နိုင်ငံရေးမှုဖြင့် လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေ ၃၂ ဦးအနက် ၁၄ ဦးလိုင်စင် ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှ သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏မေးခွန်းကို ပြည် ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်ဦးထွန်းထွန်းဦးက ဖြေကြားခဲ့ရာ၌ ၁၉၇၂ မှ ၂၀၁၂အထိ အကြောင်း အမျိုးမျိုးကြောင့် လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။ ၃၂ ဦးမှာ နိုင်ငံရေးအမှုကြောင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှသိရသည်။
''ကျွန်တော်က ၁၉၉၀ ကနေ ၂၀၀၁ အထိ နိုင်ငံရေးအမှုနဲ့ ထောင်ကျခဲ့တယ်။ ထောင်ကပြန်လွတ်တော့ ကျွန်တော်တို့ အမှုတွေပြန်လိုက်တယ်။ အဲဒီမှာ
ကျွန်တော်တို့ကို နိုင်ငံရေး မလုပ်တော့ပါဘူးဆိုတဲ့ အကြောင်းကို စာတင်ခိုင်းတယ်။ အဲဒီမှာမတင်လို့ဆိုပြီး လိုင်စင်သိမ်းလိုက်တာ အခုထိဆိုရင် ၁၁ နှစ် ကြာမှ လိုင်စင်ပြန်ရတယ်''ဟု ရှေ့နေများ ကွန်ရက်မှ လိုင်စင်ပြန်လည်ရရှိခဲ့သူ ရှေ့နေတစ်ဦးဖြစ်သည့် ဦးသိန်းသန်းဦးက ပြောပါသည်။
စွပ်စွဲခံရသည့် ရှေ့နေများကို လိုင်စင်သိမ်းမည်ဆိုပါက ၁၉၂၉ ရှေ့နေများကောင်စီ အက်ဥပဒေအရ စွပ်စွဲခံရသည့် တရားလွှတ်တော်ရှေ့နေ၊ ရှေ့နေချုပ်ရုံး ကိုယ်စားလှယ်၊ ရှေ့နေများကောင်စီ ကိုယ်စားလှယ်တို့ သုံးပွင့်ဆိုင် တရားလွှတ်တော်ချုပ်တွင် လျောက်လဲချက် ပေးရမည်ဖြစ်သော်လည်း ယင်းအဆင့်ကို လုံးဝမလုပ်ဘဲ ၎င်းတို့အားလုံး၏ လိုင်စင်ရုပ်သိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ဦးသိန်းသန်းဦးက ဆက်လက် ပြောကြားခဲ့သည်။
လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများအနေဖြင့် အုပ်စုလိုက် အယူခံဝင်ခဲ့သော်လည်း တစ်ဦးချင်း အယူခံဝင်ခဲ့ရာမှသာ လိုင်စင် ပြန်လည် ထုတ်ပေးခဲ့ဖြစ်ကြောင်း သိရသည်။ ရှေ့နေများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် စာတမ်းဖတ်ပွဲတစ်ခုကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment