Wednesday, November 7, 2012

စင်ကာပူလေကြောင်းလိုင်း ရန်ကုန်-စင်ကာပူ နေ့စဉ် ပျံသန်းမည်

ပြည်ပလေကြောင်းလိုင်းတစ်ခုဖြစ်သည့် စင်ကာပူလေကြောင်းလိုင်း (SIA) သည် ရန်ကုန်နှင့်စင်ကာပူကြား နေ့စဉ်ခရီးစဉ်များကို အောက်တိုဘာ ၂၈ ရက်မှ စတင်ပျံသန်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ  ၀င်ရောက်လာချိန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်လာမှုများကြောင့် နိုင်ငံတကာလေကြောင်းလိုင်းသစ်များ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲမှုတွင် စင်ကာပူလေကြောင်းလိုင်းမှာ တစ်ခုအပါအ၀င်ဖြစ်သည်။
စင်ကာပူလေကြောင်းလိုင်း (SIA) သည် စင်ကာပူ-ရန်ကုန် ခရီးစဉ်အား ဘိုရင်း-၇၇ လေယာဉ်ဖြင့် တစ်ပတ်လျှင် ၁၈ ကြိမ် ပျံ သန်း
ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် Silk Air လေကြောင်းလိုင်းသည်
Airbus 320 ဖြင့် စင်ကာပူ-ရန်ကုန် ခရီးစဉ်အား တစ်ပတ်လျှင် (၁၆) ကြိမ် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း စင်ကာပူလေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ (Vice-President) တစ်ဦးဖြစ်သည့် Mr.Mak Swee Wah က ပြောသည်။
စင်ကာပူလေကြောင်းလိုင်းသည် စင်ကာပူ-ရန်ကုန် ပြေးဆွဲသည့် ခရီးစဉ်တွင် ဒုတိယမြောက် ပြည်ပလေကြောင်းလိုင်းတစ်ခု ဖြစ်သည့် စင်ကာပူလေကြောင်းလိုင်းနည်းတူ ပြီးခဲ့သော စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း တောင်ကိုရီးယား လေကြောင်းလိုင်း (KAL) ၊ အရှေ့အလယ်ပိုင်းသို့  ပျံသန်းသည့်  ကာတာလေကြောင်းလိုင်း၊ တိုင်ပေ EVA လေကြောင်းလိုင်းအပြင် ANA လေကြောင်းလိုင်းများလည်း
မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။

ခိုင်ချို
7Day News

No comments:

Post a Comment