အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) က ယနေ့ (နိုဝင်ဘာ ၁)ရက်မှစတင်၍ မန္တလေး- ဂယာ-မန္တလေးခရီးစဉ်အား စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
မန္တလေး-ဂယာ-မန္တလေးသို့ အဖွဲ့လိုက် အသွားအပြန်မှာ အမေရိကန်ဒေါ်လာ ၃၈၀ ခန့်ရှိ ပြီး တစ်ဦးချင်း အသွားအပြန်မှာ အမေရိကန်ဒေါ်လာ ၄၀၀ ကျော်ခန့်ရှိကြောင်း MAI မှ သိရသည်။
“မန္တလေးကနေ ဂယာကို တိုက်ရိုက်သွားလို့ရပြီဆိုတော့ ကောင်းပါတယ်။ အရင်ကဆို ရန်ကုန်ကို သွားရတယ်။ ရန်ကုန်လေဆိပ်ကမှ တစ်ဆင့်သွားရတော့ ခရီးကြန့်ကြာတယ်။ ပိုက်ဆံလည်း ပိုကုန်တာပေါ့”ဟု မန္တလေးမြို့ အောင်မြေသာစံအရပ်၌နေသော
ဗုဒ္ဓဂယာဘုရားဖူး အတွေ့အကြုံရှိသူ ဒေါ်တင်တင်ဝင်းက ပြောသည်။
“ဒီမန္တလေး-ဂယာ ခရီးစဉ်က ပထမဦးဆုံးပါ ။ မန္တလေးမြို့နဲ့ မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ ဘုရားဖူးခရီးသည်တွေ အဆင်ပြေဖို့ပါ။
မန္တလေး-ဂယာ-မန္တလေးကို Aribus A 320 လူဦးရေ ၁၈၀ ခန့်စီးနိုင်တဲ့ လေယာဉ်အသစ်နဲ့ ပျံသန်းပြေးဆွဲမှာပါ” ဟု MAI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်အေးမရသာမှ ပြောသည်။ မန္တလေး-ဂယာ-မန္တလေးခရီးစဉ်အား တစ်ပတ်တွင် သုံးကြိမ်ပျံသန်းမည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။
ခိုင်ချို
7Day News
No comments:
Post a Comment