““ကျွန်တော့်လယ်တွေက ဘိုးဘပိုင်လယ်တွေပါ။ဒီလယ် တွေမှာ ကျွန်တော်တို့လုပ်စားလာ တာ နှစ်၄၀လောက်ရှိနေပြီ။ အမ တော်ကြေးကိုလည်း ကျွန်တော့် နာမည်နဲ့နှစ်တိုင်းထုတ်ယူနေတာ ပါ။ ကျွန်တော်ပိုင်လယ် ၂၂ဧက ကနေ ၂၀၀၉ခုနှစ်မှာ မြို့နယ်အုပ် ချုပ်ရေးမှူးက ဘုန်းကြီးကျောင်း အတွက် လယ် ၃ဧက အလှူခံ တယ်။အဲဒီနှစ်ကတည်းကအဲဒီ၃ဧက ကို ပြန်မပေးဘူး။အုပ်ချုပ်ရေးမှူး တောင် ပြောင်းသွားပြီ။၂၀၁၀မှာ
ပါတီကြီးတစ်ခုက ပါတီဝင်ဦးသိန်း ဆောင်က ကျွန်တော့်ခွင့်ပြုချက် မယူဘဲ ကျွန်တော့်လယ် ၁၂ဧက ကို ၀င်ရောက်စိုက်ပျိုးခဲ့ပါတယ်”” ဟု ၎င်းကပြောသည်။
အဆိုပါ လယ်မြေကျူးကျော် ၀င်ရောက် ထွန်ယက်စိုက်ပျိုးသူ အား မြို့နယ်တရားရုံးတွင်တရား စွဲဆိုရာတွင် ၂၀၁၃ခုနှစ်တွင် ဒဏ် ငွေ ၁၀၀၀၀ သာရိုက်၍ အပြစ် ပေးခဲ့ကြောင်းသိရသည်။ပါတီကြီး တစ်ခု၏ပါတီဝင် ဦးသိန်းဆောင် သည် သူ၏ တပည့်နောက်တစ် ဖွဲ့ကိုပြောင်းလဲ၍ လယ်မြေများ တွင် ဆက်လက်ကျူးကျော်လုပ် ကိုင်စေပါသောကြောင့် လယ်ပိုင် ရှင်ဦးအောင်မြင့်ဆွေက ဒုတိယ အကြိမ်ထပ်မံတရားစွဲဆိုရာ ၂၀၁၂ခုနှစ်၌ မြို့နယ်တရားရုံး က လယ်ထဲတွင် ၀င်ရောက်ကျူး ကျော်ဝင်ရောက်ထွန်ယက်သူ ရှစ် ဦးကို ဒဏ်ငွေ ၅၀၀ကျော်စီပေး ဆောင်စေခဲ့ပြီး ကျန်ခြောက်ဦးမှာ လယ်ထဲတွင် နေခြင်းမဟုတ်ဘဲ လယ်ကန်သင်းပေါ်မှညွှန်ကြားစေ ခိုင်းသူများဖြစ်သဖြင့် ပြစ်မှုမ မြောက်ဘဲ အပြီးအပြတ်လွှတ် ပေးသည်ဟု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
““ကျွန်တော်တို့က ဆင်းရဲ သားလယ်လုပ်သူ တောင်သူတွေ ပါ။ တရားလည်းထပ်မစွဲနိုင်တော့ ဘူး။တရားစွဲဖို့ပိုက်ဆံလည်းမရှိ တော့ဘူး””ဟု ကိုအောင်မြင့်ဆွေ ကပြောသည်။ အဆိုပါ လယ်မြေ သည် ကိုအောင်မြင့်ဆွေပိုင် လယ်မြေများဖြစ်ကြောင်း သူကြီး ပတုပ်ကျေးရွာ တာဝန်ရှိသူတစ်ဦး က အတည်ပြုပြောကြားသည်။
ဘိုဘိုမင်း
Hot News
No comments:
Post a Comment