Wednesday, November 7, 2012

ရန်ကုန်ဆိပ်ကမ်းနယ်မြေအတွင်းမှ စားသောက်ဆိုင် လေးဆိုင် ဖျက်သိမ်းရမည်ဆိုလျှင် အဆောက်အအုံတန်ရာတန်ကြေးရယူလိုဟုဆို

ရန်ကုန်ဆိပ်ကမ်း နယ်မြေ အတွင်းရှိ စားသောက်ဆိုင် လေး ဆိုင်အား ဖျက်သိမ်းခံရမည်ဆို လျှင် အဆောက်အအုံ တန်ရာ တန်ကြေးရယူလိုသည်ဟု အဆိုပါ ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
ရန်ကုန်ဆိပ်ကမ်း နယ်မြေ အတွင်းရှိ ခိုင်ရတနာစားသောက် ဆိုင်၊ ရွှေအိမ်စံစားသောက်ဆိုင်၊ ကောင်းမှကောင်းစားသောက်ဆိုင်၊ အဏ္ဏ၀ါစားသောက်ဆိုင် လေး ဆိုင်မှ ဆိုင်ရှင်များကို မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးဘိုစိုးက ခေါ်တွေ့ပြီး အောက်တိုဘာ ၁ ရက်နေ့က နောက်ဆုံးထားပြီး ၎င်းထံ ဆိုင်သော့များ အပ်နှံရန် ပြောကြားခဲ့ကြောင်း အဏ္ဏ၀ါ စားသောက်ဆိုင်ပိုင်ရှင် ဦးအောင် သူရိန်က ပြောသည်။
““ကျွန်တော်တို့က
နိုင်ငံတော် စီမံကိန်းတွေစတော့မယ်ထင်လို့  တစ်လလောက်တော့ တိုးပေးပါ လို့ပြောတော့ သူတို့က လက်ခံ တယ်။ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး ရွှေ့ရမယ်လို့ ပြောတယ်””ဟု ၎င်းကပြောသည်။ ဆိုင်ခန်းများကို ပြောင်းရွှေ့ခိုင်း ရာတွင် လျော်ကြေးငွေအဖြစ် ဆိုင်ခန်းအကြီးအသေးအလိုက် တစ်ဆိုင်လျှင် ၈ သိန်းမှ ၁၃ သိန်း အထိသာပေးပြီး လက်ရှိပေါက် ဈေးအရ အဆိုပါဆိုင်ခန်းများမှာ သိန်း ၁၀၀ မှ သိန်း ၃၀၀ အထိ တန်ကြေးရှိကြောင်း ၎င်းင်းက ပြော သည်။
““ကျွန်တော်တို့က တန်ရာ တန်ကြေးပေးရင် ဖယ်ပေးမယ်။ အစိုးရစီမံကိန်းကြီးတွေရှိရင် ဖယ်ပေးမယ်။ ဒါမှမဟုတ် တခြား ဘာအကြောင်းမှမရှိရင် ဆက်ဖွင့် ချင်တယ်။ တခြားဆိုင်တွေလည်း အများကြီးရှိရဲ့သားနဲ့ ကျွန်တော် တို့ ဆိုင်လေးဆိုင်ကိုပဲ ဖယ်ခိုင်း တာတော့ တရားမျှတမှု မရှိဘူး”” ဟု ဦးအောင်သူရိန်က ပြော သည်။

ဖြိုးအောင်
Hot News

No comments:

Post a Comment