ကျေးရွာစည်ပင်သာယာရေး နှင့် ရန်ပုံငွေအတွက်ဟုဆိုကာ နေပြည်တော်ဒက်္ခိဏသီရိမြို့၊ ထန်းတစ်ပင်ကျေးရွာ အုပ်ချုပ် ရေးမှူးက အိမ်ထောင်စုများထံမှ တစ်အိမ်ထောင်လျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် လိုက်လံတောင်းခံ ပြီး ယင်းငွေများအား စာရင်းရှင်း ရာတွင်လည်း ရွာနှင့်ပတ်သက်မှု မရှိသော နေရာများဖြစ်သည့် မီးသတ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးနေရာများတွင်သာ သုံးထားကြောင်း စာရင်းပြခဲ့ခြင်း အပေါ် ကျေးရွာနေပြည်သူ အချို့မှ မကျေမနပ်ဖြစ်လျက်ရှိ ကြောင်း စုံစမ်းသိရှိရသည်။
““ဒီရွာမှာ တစ်အိမ်ထောင်စု ကို (၅၀၀၀)နှုန်းနဲ့ ရွာစည်ပင်သာ ယာရေး အသင်းဝင်ရတယ်။ ရွာ မှာရှိတဲ့ အိမ်ထောင်စုတိုင်းဆီက တောင်းတာ။ ရွာမှာ
အိမ်စုစု ပေါင်း (၈၅၁)လုံးရှိတယ်။ ကျေး ရွာအုပ်ချုပ်ရေးမှူးကလည်း ရတဲ့ ငွေသိန်း (၃၀)ကျော်ကို ပြန်စာ ရင်းရှင်းတမ်းထုတ်တဲ့အခါမှ မီး သတ်အတွက် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအတွက်၊ ပြီးတော့ ဥပ္ပါတသန်္တိစေတီဝတ်အသင်း အ တွက် ကားခနဲ့အ၀တ်အစားဖိုးဆို ပြီး စာရင်းပြတယ်။ အစိုးရဘတ် ဂျက်ရှိပြီးသား နေရာတွေမှာပဲ သုံးတာ အဓိပ်္ပာယ်မရှိဘူး။ ရွာမှာ မိသားစုကနေ အိမ်ထောင်ခွဲတာ တို့၊ဘာတို့လုပ်ရင် သူက ကျေးရွာ စည်ပင်သာယာရေး ရန်ပုံငွေဆို ပြီး (၅၀၀၀)တောင်းတယ်။ ရွာသူ ရွာသားတွေကလည်းဘာမျှမဆိုင် ဘဲ ဘယ်နေရာမှ ဒီလိုမျိုးတောင်း တာမျိုး မရှိတာကို သိပေမဲ့လည်း ကိုယ့်အရပ်က လူကြီးနဲ့ အမြဲ ဆက်ဆံနေရမှာကို ရှေးရှုပြီး သူ တောင်းတာကို ပေးနေရတယ်။ ခုကျတော့ သူ့မှာ ဒီငွေတွေ လုံးဝ မရှိတော့ဘူးတဲ့။ သူ့အနေနဲ့ ရွာ ကတောင်သူတွေကို လယ်/ဆည် ၀န်ကြီးဌာနက ခေါ်လို့ သွားတုန်း က ကားခတွေ၊ ၀တ်အသင်း ဘုရားသွားတုန်းက ကားခတွေ အကြောင်းပြတယ်””ဟု နေပြည် တော် ဒက်္ခိဏသီရိမြို့ ထန်းတစ် ပင်ကျေးရွာ ရွာသားတစ်ဦးက ပြောကြားသွားခဲ့သည်။
အဆိုပါ ထန်းတစ်ပင်ကျေး ရွာ၌ အိမ်ခြေ (၈၁၅) အိမ်ထောင် စု (၈၂၀)ကျော်ရှိပြီး ယင်းတို့ထံမှ အုပ်ချုပ်ရေးမှူး၏ ကျေးရွာစည် ပင်သာယာ ရန်ပုံငွေအကြောင်း ပြချက်ဖြင့် တောင်းခံခဲ့သည့် ငွေ မှာ (၃၂)သိန်းရှိပြီး ရွာအတွက် အမှန်တကယ် အသုံးပြုသောငွေ မှာ ကျပ် (၈)သိန်းသာရှိကြောင်း ရွာသူ၊ ရွာသားများက ပြောကြ သည်။ ငွေစာရင်းရှင်းရာ၌ ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က မီးသတ်၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေးစသည်တို့၊ ထိုငွေများ အား မိမိအနေဖြင့် အသုံးပြုခဲ့ ကြောင်း စာရင်းရှင်းသော်လည်း မီးသတ်နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးကဏ္ဍများမှာ အသုံး ပြုခဲ့ခြင်းအပေါ် ရွာသူရွာသား များက အုပ်ချုပ်ရေးမှူးအပေါ် သံသယဖြစ်လျက်ရှိကြောင်း သိရှိ ရသည်။
ခန့်ခန့် (ဒဿနိက)
Hot News
No comments:
Post a Comment