ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Wednesday, November 7, 2012
Chevening ပညာသင်ဆု စတင်လျှောက်ထားနိုင်မည်
ဗြိတိန်အစိုးရမှ ပေးအပ်နေသော Chevening ပညာသင်ဆု ၂၀၁၃-၂၀၁၄ ခုနှစ် အစီအစဉ်အတွက် မဟာဘွဲ့သင်တန်း တစ်နှစ်တက်ရောက်နိုင်ရန်
မြန်မာကျောင်းသားများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လာမည့်နှစ်ဇန်န၀ါရီလ ၂ ရက် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ၌ ပညာသင်ယူရမည်ဖြစ်သည်။
မဟာဘွဲ့သင်တန်း ပညာသင်ဆုအတွက်
လူအခွင့်အရေး၊ နိုင်ငံရေးသိပ္ပံနှင့် အုပ်ချုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ဂျာနယ်လစ်ဇင်နှင့် မီဒီယာ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ပဋိပက္ခဖြေရှင်းရေး စသည့် ဘာသာရပ်နယ်ပယ်များကို လျှောက်ထားသူများအား ဦးစားပေးသွားမည် ဖြစ်သည်။
ပညာသင်ဆုအတွက် အသက်အရွယ်ကန့်သတ်ထားခြင်း မရှိဘဲ ပညာသင်ကာလ ပြီးဆုံးချိန်တွင် မိမိနိုင်ငံသို့ ပြန်လာရမည်ဖြစ်ပြီး ဘွဲ့လွန်သင်ခန်းစာများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ၆ ဒသမ ၅ ခန့် ရရှိထားရမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွက် Chevening ပညာသင်ဆု လျှောက်ထားသော မြန်မာကျောင်းသားဦးရေသည် ၁၀၀ နီးပါး ရှိခဲ့ပြီး ကျောင်းသားငါးဦးကို ရွေးချယ်ပညာသင်ယူပေးအပ်ခဲ့သည်။
ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ဗြိတိန် အဆင့်မြင့်ပညာရေးအကြောင်းကို လေ့လာမှုအချို့ပြုလုပ်ထားသင့်ကြောင်း အကြံပြုထားပြီး https://www.chevening.org တွင် ၀င်ရောက်လေ့လာလျှောက်ထားနိုင်သည်။
နေလင်းထွန်း
7Day News
Labels:
ပညာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment