ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Tuesday, November 6, 2012
အောက်တိုဘာလအတွက် အာရှ အကောင်းဆုံး ၁၁ ယောက်မှာ ရန်ကုန်ယူနိုက်တက်စတား ကွင်းလယ်လူ ကြည်လင် ပါဝင်
အီတလီအခြေစိုက် နာမည်ကြီး အားကစားဝက်ဆိုက်တခုဖြစ်တဲ့ Goal.com ရဲ့ အောက်တို ဘာလအတွက် ထုတ်ပြန်တဲ့ အာရှရဲ့ အကောင်းဆုံး ဘောလုံးသမား ၁၁ ယောက်စာရင်းမှာ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကြည်လင်း ပါဝင်နေပါတယ်။ ရန်ကုန်ယူနိုက်တက် ကစားသမား ကြည်လင်းကို ကွင်းလယ် ညာတောင်ပံ ကစား သမားအဖြစ် Goal.com က ရွေးချယ် လိုက်တာပါ။ ရွေးချယ်လိုက်တဲ့ အာရှရဲ့ အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ ကြည်လင်းဟာ အီတလီနဲ့ ဂျာမန်လိဂ်တွေမှာ
ကစားနေတဲ့ အာရှတိုက်သား ဘောလုံး သမားတွေနဲ့အတူ ယှဉ်တွဲ ဖော်ပြခံရတာ ဖြစ်ပါတယ်။ အသက် ၂၀ ပဲရှိသေးတဲ့ တိုက်စစ်မှူး ကြည်လင်းဟာ ပြီးခဲ့တဲ့ ဆူးဇူကီးဖလား ခြေစစ်ပွဲမှာ မြန်မာအတွက် ခြေစွမ်းပြ ကစားပေးနိုင်လို့ အခု ရွေးချယ်ခြင်း ခံရတာလို့လည်း ဆိုပါ တယ်။
DVB
Labels:
အားကစား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment