မိုဘိုင်းဖုန်း သုံးစွဲသူများအတွက် ဒုတိယအကြိမ်မြောက် မြန်မာမိုဘိုင်းဖုန်းပြပွဲကို လာမည့်နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းမိုဘိုင်းဖုန်းပြပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း အသင်းချုပ်
(UMFCCI )တွင် ကျင်းပမည်ဖြစ်သည်။
“မိုဘိုင်းဖုန်းသုံးစွဲသူတွေအတွက် ဟန်းဆက်အမျိုးအစား
အစုံအလင် ၀ယ်ယူနိုင်ဖို့၊ ဈေးကွက်ထဲမှာရှိတဲ့ Brand အစုံအလင်ကို တစ်နေရာတည်းမှာ
ကြည့်နိုင်မယ်။ Brand အသစ်တွေကိုလည်း လေ့လာနိုင်မယ့်အပြင် ဆင်းမ်ကတ်တွေကိုလည်း ၀ယ်ယူနိုင်မှာပါ” ဟု ZIUION Business Services Limited မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးတင်ထွန်းဦးက ဆိုသည်။
ထိုပြပွဲကို နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း၊ Handset Brand မျိုးစုံကိုလည်း ဈေးနှုန်းချိုသာစွာရောင်းသွားပေးမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၈ ခန်းပါဝင်ကြောင်း ဦးတင်ထွန်းဦးကပင် ပြောသည်။
“ကျွန်တော်တို့ ဆိုင်အနေနဲ့ ဒီပွဲမှာ K-Touch ဆိုတဲ့ မိုဘိုင်း Brand အသစ်ကို မိတ်ဆက်မှာပါ။ ဒီ Brand က GSM, WCMA ဖုန်းလိုင်းတွေမှာ သုံးလို့ရပါတယ်။ ဆမ်ဆောင်းဟန်းဆက်တွေကိုလည်း ဈေးနှုန်းလျှော့ချသွားမှာပါ” Best More Smart Mobile မှ တာဝန်ခံတစ်ဦးဖြစ်သူ
ကိုဇာနည်က ပြောသည်။
ခိုင်ချို
7Day News

No comments:
Post a Comment