Wednesday, November 7, 2012

မူဆယ်မြို့အ၀င် မောင်းတံဂိတ် အချိန်စောပိတ်ကာဖြတ်သန်းသွားသူများအား ငွေကြေးတောင်းခံ

                                                         မြန်မာ-တရုတ် ၀င်ပေါက်

သက်ဆိုင်ရာက ည ၁၀ နာရီထိ သွားလာခွင့်ပြုထားသော မူဆယ်မြို့အ၀င် မောင်းတံအား ည ၁၀ နာရီမထိုးခင်ပိတ်ကာ ဖြတ်သန်းသွားလာလိုသူများ
အား ငွေကြေးတစ်စုံတစ်ရာပေးမှ ဖွင့်ပေးကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၃၁ ရက်ကပြုလုပ်သော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှု မြှင့်တင်ရေးလစဉ်ညှိနှိုင်းအစည်းအဝေးတွင်
တက်ရောက်လာသော ဒေသခံများက ပြောကြားခြင်းဖြစ်သည်။
“၇ နာရီခွဲ ၈ နာရီခွဲပဲရှိသေးတယ်။ ရွာကလူတွေပြန်လာတဲ့အခါမှာ
မောင်းတံပိတ်ထားပြီး ပိုက်ဆံတောင်းတယ်။ နှစ်ခါသုံးခါဖြစ်ပြီး ရွာထဲမှာ ပိုက်ဆံပေးတယ်။ တစ်စီးကို သုံးထောင်ကနေ ငါးထောင်ထိပေးရတယ်” ဟု တင်ပြပြောဆိုခဲ့သည်။
မူဆယ်မြို့အ၀င် ဂိတ်မောင်းတံအား ည ၇ နာရီနောက်ပိုင်း ကုန်ကားများသွားလာခွင့် ပိတ်ထားသော်လည်း အိမ်စီးကားများကိုမူ ည ၁၀ နာရီထိ
သွားလာခွင့်ပေးရန် သက်ဆိုင်ရာက ယခုနှစ်သြဂုတ်လက ညွှန်ကြားခဲ့သည်။ “အဲဒီလိုကြုံလာရင် ရဲမှူးဆီဖုန်းဆက်ပါ။ ကျွန်တော်တတ်နိုင်သမျှ
ကူညီပါမယ်” ဟု အဆိုပါဂိတ်အား တာဝန်ယူထားသော မူဆယ်မြို့နယ် ဒုရဲမှူးဦးရွှေဝင်းက ပြောသည်။
ယခုနှစ်ဧပြီလဆန်းမှစ၍ မူဆယ်မြို့အ၀င်ဂိတ်အား ည ၇ နာရီပိတ်ရန် ညွှန်ကြားခဲ့ပြီး သြဂုတ်လမှစ၍ စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်
စုဝန်ကြီးဦးသန်းမြင့်က ပြည်နယ်ဝန်ကြီးချုပ်နှင့်ညှိနှိုင်းကာ လူစီးကားများကို ည ၁၀ နာရီထိသွားလာရန် ခွင့်ပြုပေးခဲ့သည်။

အောင်သူရ
7Day News

No comments:

Post a Comment