တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် လမ်းစီမံကိန်းများထဲတွင် ပြည်ထောင်စုလမ်းပိုင်းစီမံကိန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်းရှိ လမ်းပိုင်းများစီမံကိန်းနှင့် တံတားစီမံကိန်းဟု သုံးပိုင်းခွဲကာ စီမံကိန်းစုစုပေါင်း ၂၄ ခုအား တည်ဆောက်လျက်ရှိသည်။
အဆိုပါ စီမံကိန်း ၂၄ ခုကို ဆင်းရဲမွဲတေမှုလျော့ချရေး အစီအစဉ်အတွက်
ပေးအပ်သည့် JICA ၏ ODA ချေးငွေအရ တည်ဆောက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လမ်းပိုင်းနှင့် တံတားစီမံကိန်းများ တည်ဆောက် လျက်ရှိသော်လည်း ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင်မူ တည်ဆောက်မည့် စီမံကိန်းများမပါရှိသေးကြောင်း ထုတ်ပြန်ထားသည်။
ဧရာဝတီ၊ မကွေး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ချင်း၊ မွန်ပြည်နယ်တို့တွင် အများဆုံးအသုံးပြုမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျပ် ၁၈ ဘီလျံကျော်ဖြင့် အများဆုံးအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ အာဆီယံ၊ အာရှလမ်းမကြီးများအပါအ၀င် နိုင်ငံတကာဆက်သွယ်မှုလမ်းမကြီးများအားလုံးကို မူလ ၁၂ ပေ အကျယ်မှ ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းအဆင့် ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။
နိုင်ငံကာဆက်သွယ်မှုလမ်းမကြီးများဖြစ်သည့် အာဆီယံ၊ အာရှလမ်းမကြီးများ၊ ဘင်းမ်စတက်၊ ဂျီအမ်အက်စ်လမ်းမကြီးများအား မူလ ၁၂ ပေအကျယ်မှ ၂၄ ပေ အကျယ်ကတ္တရာကွန်ကရစ်လမ်းအဆင့် ဆောင်ရွက်မည်ဖြစ်ပြီး တံတားများကိုလည်း အမြဲတမ်းကွန်ကရစ် တံတားများအဖြစ်ဆောင်ရွက်မည်ဟုလည်း သိရသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် Asean Free Trade Area အဖြစ်ရောက်ရှိရေး အကောင်အထည်ဖော်နေသည့်ကာလဖြစ်၍ လမ်းတံတားများအဆင့်မြှင့်တင်ခြင်းကို ဦးစားပေးအစီအစဉ်များ သတ်မှတ်လုပ်ဆောင်လျက်ရှိရာ နိုင်ငံတကာဆက် သွယ်မှုလမ်းမကြီးကို ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းအဆင့်ဆောင်ရွက်ခြင်းကို အဓိကဦးစားပေးသတ်မှတ်ထားကြောင်း သိရသည်။
နိုင်ငံခြားချေးငွေ၊ နိုင်ငံခြားအကူအညီဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် တည်ဆောက်လျက်ရှိသော လမ်းတံတားစီမံကိန်းများနှင့် ကုန်ကျငွေများ
ဒေသ | လမ်း/တံတားစီမံကိန်း | ကုန်ကျငွေ |
ကယား | ပြည်ထောင်စုလမ်းပိုင်း၊ ပြည်နယ်တွင်းလမ်းပိုင်း | ၇ .၃၀ |
ကရင် | ပြည်ထောင်စုလမ်းပိုင်း၊ တံတား | ၄ .၁၉ |
ချင်း | ပြည်ထောင်စုလမ်းပိုင်း | ၁၀ .၀၄ |
စစ်ကိုင်း | ပြည်ထောင်စုလမ်းပိုင်း၊ တံတား | ၅ .၀၀ |
တနင်္သာရီ | ပြည်ထောင်စုလမ်းပိုင်း | ၅ .၁၁ |
ပဲခူး | ပြည်ထောင်စုလမ်းပိုင်း | ၄ .၆၃ |
မကွေး | ပုသိမ်-မုံရွာတံတား | ၁၀ .၅ |
မန္တလေး | ပြည်ထောင်စုလမ်းပိုင်း | ၃ .၇၁ |
မွန် | ပြည်ထောင်စုလမ်းပိုင်း | ၉ .၃၈ |
ရန်ကုန် | လမ်းပိုင်းနှင့် တံတားများ | ၁၈ .၆ |
ရှမ်း | ပြည်ထောင်စုလမ်းပိုင်း | ၄ .၇၇ |
ဧရာဝတီ | ပြည်ထောင်စုလမ်းပိုင်း | ၁၀ .၂၀ |
စုစုပေါင်း | စီမံကိန်း ၂၄ ခု | ၉၃ .၄၃ |
မှတ်ချက်။ | ။ကချင်နှင့် ရခိုင်ပြည်နယ်အတွက် စီမံကိန်းများမပါရှိကြောင်းသိရ။ |
Eleven Media Group
No comments:
Post a Comment