Tuesday, November 6, 2012

သင်္ဃန်းကျွန်းအနှေးယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ရရှိဒဏ်ငွေများ အပေါ်တိကျသောစာရင်းပြုစုထားခြင်းမရှိဘဲ အလွဲသုံးစားပြုမှုများရှိနေဟုဆို

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရှိ အနှေးယာဉ်စည်းကမ်းထိန်း သိမ်းရေးအဖွဲ့အနေဖြင့် လစဉ်   စည်းကမ်းမဲ့ အနှေးယာဉ်များစွာ အား ဖမ်းဆီးဒဏ်ငွေရိုက်မှုများ ပြုလုပ်လျက်ရှိပြီး ယင်းသို့ရရှိ ထားသော ဒဏ်ငွေများအား စာ ရင်းဇယားပြုစုထားခြင်းလုံးဝမရှိ ဘဲ အကြောင်းပြချက်အမျိုးမျိုး  ဖြင့် တာဝန်ရှိသူများက စာရင်း ဖျောက်နေလျက်ရှိကြောင်း ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့်တွေ့ဆုံစဉ် အနှေး ယာဉ်လုပ်သားများမှ ပြောကြား သွားခဲ့သည်။
““သူတို့တစ်လကို အနှေးယာဉ်  အစီး(၅၀)လောက်ဖမ်းတယ်။ပြီး တော့ ဒဏ်ငွေရိုက်တယ်။တစ်ခါ တစ်ခါ ဒဏ်ငွေရိုက်ရင် နယ်ကျော် ဆိုက်ကားတို့၊လိုင်စင်မဲ့ဆိုက်ကား တို့ကို
တစ်သောင်းခွဲစီဒဏ်ရိုက်   တယ်။ရိုက်တဲ့ငွေပမာဏက တစ် လ အစီး(၁၀၀)လောက်ဖမ်းနေတာ        (၅၀)နဲ့ပဲတွက်ဦး တစ်လကို(၇)သိန်း    ခွဲလောက်ရတယ်။သူတို့မှာ ဘာမှ     စာရင်းပြုစုထားတာမရှိဘူး။အဲဒါ နဲ့ပတ်သက်ပြီး အနှေးယာဉ်လုပ် သားတွေအားလုံးက သူတို့တွေ ကို သံသယ၀င်ကြတယ်။နောက် သူတို့အပေါ်မကျေနပ်တာတွေ များလာပြီး အခြေအနေ   ပိုဆိုးသွားနိုင်တယ်။ဒီလို စာရင်း ဇယားတိတိကျကျ ရေးဆွဲမထား တာဟာ သူတို့ဒီငွေတွေကို အလွဲ သုံးစားလုပ်နေတယ်လို့ ပဲယူဆ တယ်””ဟု သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ အနှေးယာဉ်လုပ်သား   တစ်ဦးမှ Hot News ဂျာနယ်သို့    ပြောကြားသွားခဲ့သည်။
ယင်းကိစ်္စနှင့်စပ်လျဉ်း၍ Hot News သတင်းဂျာနယ်က သင်္ဃန်းကျွန်းမြို့နယ်အနှေးယာဉ်  စည်းကမ်းထိန်းသိမ်းရေးရုံးသို့ သွားရောက်ပြီး အနှေးယာဉ်လုပ် သားများ၏ပြောကြားချက်နှင့်ပတ် သက်၍ တာဝန်ရှိသူများအား မေးမြန်းခဲ့ရာ အနှေး ယာဉ်စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူတစ်ဦးကမိမိတို့အနေ ဖြင့် ရရှိဒဏ်ငွေများအား ရုံးလုပ် ငန်းလည်ပတ်ရေးအတွက် အသုံး ပြုကြောင်း၊ရုံး၏တယ်လီဖုန်းခ၊ပြု ပြင်ရေးစရိတ်များမှာ တစ်လလျှင်    ကျပ်နှစ်သောင်းခန့်ရှိကြောင်း၊ ရရှိ ဒဏ်ငွေများအားလည်း စာရင်း  ဇယားစနစ်တကျ ပြုစုထားခြင်း  လုံးဝမရှိပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်ရုံးလည်ပတ်မှုအတွက်    အသုံးစရိတ်မှာ တစ်လလျှင် နှစ်သောင်းခန့်သာရှိသော်လည်း   ဒဏ်ငွေရရှိမှုပမာဏမှာ သိန်းချီ  ၍ ရှိနေသဖြင့် ယင်းတို့၏ စာရင်း မပြုစုထားခြင်းအပေါ် အနှေး ယာဉ်လုပ်သားအများစုကယုံကြည်  နိုင်ခြင်းမရှိဘဲ အလွဲသုံးစားပြုနေ သည်ဟု ယူဆလျက်ရှိကြောင်း သိရှိရသည်။

ခန့်ခန့်(ဒဿနိက)
Hot News       

No comments:

Post a Comment