ဆောင်းဦးကာလသို့ ရောက်ရှိကာ အေးလာသောကြောင့် ကချင်ပြည်နယ်ရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော စစ်ပြေးဒုက္ခသည်စခန်းများတွင် အနွေးထည်၊ စောင်၊ ခေါင်းစွပ်၊ လက်အိတ် စသော အ၀တ်အထည်များ အရေးတကြီးလိုအပ်နေကြောင်း သတင်းရရှိသည်။
...
“အဆိုးဆုံးကတော့ ပန်းဝါအထက်က မှတ်တိုင်(၆)က IDP(စစ်ပြေးဒုက္ခသည်)စခန်းပဲ။ မှတ်တိုင်(၆)က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၉၀၀၀ ကျော်မှာရှိတယ်။ သွားလာဖို့ ခက်ခဲတယ်။ ကလေးချည်းပဲ ၃၁၀ ရှိတယ်။ ကလေးတွေ တဲအပြင်တောင် မထွက်နိုင်ဘူး”ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချု
ထို့အပြင် အဆိုပါစခန်းတွင် အမိုးအကာအဖြစ် တာပေါ်လင်စများကိုသာ အသုံးပြုထားသည့်အတွက် ရာသီအေးလာသောအခါ အကာအရံအဖြစ် အသုံးပြုရန် သုံးထပ်သားကဲ့သို့ သစ်အချောထည်များ လိုအပ်နေကြောင်း ၎င်းကဆက်လက်ပြောသည်။
အစိုးရနှင့် ကေအိုင်အေတို့ တစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် စစ်ပြေးဒုက္ခသည် တစ်သိန်းဝန်းကျင် ရှိနေပြီဖြစ်သည်။ မြို့ပေါ်၊ မြို့နှင့်နီးသော၊ တရုတ်-မြန်မာနယ်စပ်နှင့်နီးသော စစ်ပြေးဒုက္ခသည်စခန်းများတွင် သွားလာရေး ပိုမိုအဆင်ပြေ၍ အကူအညီများ ပုံမှန်ရရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာများတွင်မူ အကူအညီများစွာ လိုနေသေးကြောင်း စစ်ပြေးဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများကပြောသည်။
စစ်ပြေးဒုက္ခသည် ၂၀၀၀ ခန့်ရှိသော မေခနှင့် မလိခမြစ်ဝှမ်းကြားရှိ ကျေးရွာများတွင်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့်အတွက် ရာသီအေးလာချိန်တွင် အနွေးထည်နှင့်စောင်ကဲ့သို့ အနွေးဓာတ်ရရှိသော အ၀တ်အထည်များ အရေးပေါ်လိုအပ်နေသည်။ အလားတူ စစ်ပြေးဒုက္ခသည် ၃၀၀၀ ခန့်ရှိသော ဧရာဝတီမြစ်နှင့် မိုးညှင်းမြို့ကြားရှိ ကျေးရွာများတွင်လည်း အနွေးထည်နှင့်စောင်များ လိုအပ်နေသည်။
ထို့အပြင် ရှမ်းပြည်နယ်ရှိ နမ့်ဖက်ကာ၊ မန်တုံတို့ရှိ စစ်ပြေးဒုက္ခသည်စခန်းများတွင်လည်
ကချင်ပြည်နယ်တွင် ယခုလဆန်းပိုင်းကစ၍ ပိုအေးလာပြီဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၃ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိသည်။
ယခုနှစ် ဆောင်းရာသီတွင် ကချင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးအနေဖြင့် ပုံမှန်ထက်အအေးပေါ့မည်ဟု ၎င်းကဆက်လက်ခန့်မှန်းသည်။ သို့သော် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီလများတွင် အနိမ့်ဆုံးအပူချိန် ၇၊ ၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်နိုင်ကြောင်းလည်း ၎င်းကခန့်မှန်းသည်။
7Day News
No comments:
Post a Comment