Thursday, November 8, 2012

ပြည်သူချစ်သောခေါင်းဆောင်များ

Hot News ဂျာနယ်အတွဲ (၃) အမှတ်  (၁၀၉) တွင် တက္ကသိုလ်စိန်တင်၏ ပန်းပန်  လျက်ပါခေါင်းစီးဖြင့် ဆောင်းပါးကိုဖတ်မိ ပြီး ကျွန်ုပ်ဤသို့အတွေးနယ်ချဲ့မိပါသည်။
ကျွန်ုပ်တစ်သက်တွင် ပြည်သူများ ၏ လေးစားမှုချစ်ခင်မှုယုံကြည်မှုကိုရခဲ့ ကြသော ခေါင်းဆောင်များကို တွေ့ခဲ့ဖူး ပါသည်။
ပါလီမန်ခေတ်က ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းစသည့် ပြည်သူချစ်သော ခေါင်းဆောင်များပေါ်ထွန်းခဲ့ပါသည်။ ထိုသူ  များတွင် ၀န်ကြီးချုပ်ဟောင်းဦးနုကတော့ နံပါတ်တစ်ဟုယူဆပါသည်။ သူ့ခေတ်က မဲပုံးထောင်ပြီး ပြိုင်လို့ကတော့မည်သူမျှ မနိုင်နိုင် ရခိုင်ရေဘေးကယ်ဆယ်ရေးအလှူ ခံထွက်တော့၊ ရောက်ရာအရပ်တွင် လူအများလမ်းဘေးဝဲ၊ ယာအပြည့်ကြိုဆို  ကြလှူဒါန်းကြသည်။ သက်ကြီးရွယ်အို အဘွားကြီးတွေ၊ ငွေလှူရင်းထိုင်ကန်တော့ ကြလို့မသင့်ပါဘူးဆိုပြီးတားရတာကိုလည်း  ကိုယ်တွေ့ကြုံခဲ့ရသည်။ တချို့လည်းမျက် ရည်ကျကြသည်။ ထိုစဉ်က (၁၉၆၇) အထိ
ဦးနု၏ (အာဏာမရှိသော်လည်း) ဘုန်းကံကကြီးမားလျက်ပင်၊ တချို့ကသာ သနာပြုမင်းဟုသတ်မှတ်သည် ထိုအချိန်  ထိ ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံနှင့် ဦးနု၏ဓာတ်ပုံကို တချို့အိမ်ခေါင်းရင်းတွင်  ချိတ်လျက်တွေ့ရသည်။ ဦးနုကားကမ္ဘာ့ ခေါင်းဆောင်များနှင့် ရင်ဘောင်တန်း ပြောနိုင်သူဖြစ်သည်။ ကိုယ်တိုင်ကကိုယ် ကျိုးမရှာ၊ ပြည်သူကိုချစ်ခင်၊ ရိုးသားပွင့် လင်း၊ လူထုချစ်ခင်မှုရသည့်အခါလိပ်ပြာ သန့်ပြီးမှန်တယ်ထင်တာကိုပြောရဲ လုပ်ကိုင်ရဲကလာသည်ဟုယူဆသည်။
အဟောအပြောကောင်း၊ စာရေး ကောင်း၊ ဘာသာပြန်ကောင်းသည့်အပြင် ဓမ္မစကြာတရားတော်ကို ပရိသတ်ရင်ထဲ ရောက်အောင်စွမ်းနိုင်သူဖြစ်ပေသည်။
တရုတ်ဖြူတိုက်ပွဲတွင်ထင်ရှားခဲ့သော  ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောမှာလည်း ပြည်သူချစ်သော စစ်ခေါင်းဆောင်အဖြစ် ပြည်သူများ၏ ချစ်ခင်လေးစားအားကိုးမှုခံရသူဖြစ်ကြောင်း   သိရှိရသည်။
ရဲဘော်သုံးကျိပ်ဝင်ထဲတွင် ဗိုလ်ချုပ် အောင်ဆန်းပြီးလျှင် ဗိုလ်မှူးချုပ်ကျော်ဇော ကိုပို၍ လူသိများကြသည်။ တရုတ်ဖြူ တိုက်ပွဲကြောင့် ဂုဏ်သတင်းပိုမိုကျော်ဇော လာခြင်းဖြစ်သည်ဟုထင်ပါသည်။
လေသူရဲဗိုလ်ပီတာကို နိုင်ငံသား ကောင်းအဖြစ်လူအများပါးစပ်များတွင် ရေပန်းစားခဲ့သောအချိန်ဖြစ်၍ ဗိုလ်မှူးချုပ် ကျော်ဇောကိုတော့ မျိုးချစ်သူရဲကောင်းဟု သတ်မှတ်ကြသည်။
မဆလခေတ်မှာတော့ ကိုယ်ကျိုးမရှာ  နိုင်ငံကိုချစ်ပြည်သူကိုအလေးထားသော ခေါင်းဆောင်များရှိကြသော်လည်း ပေါ်လစီအမှား၊ လုပ်ငန်းကမကျွမ်း၊ နိုင်ငံ ရေးအမြင်နည်းပါးငါတကောကောသဖြင့်  ပြည်သူချစ်သောပုဂ်္ဂိုလ်ရယ်လို့ထောက် ပြစရာရှားသော်လည်းဝန်ကြီး(ဆောက် လုပ်ရေး) ဦးစိန်ဝင်းမှာ ကိုယ်ကျိုးမရှာ ဟိတ်ဟန်မရှိရိုးသားဖြောင့်မတ်မှုဂုဏ် ကြောင့် သုဝဏ္ဏမြို့မိသားစုများအပါအ၀င်   တစ်နိုင်ငံလုံး၏ချစ်ခင်လေးစားမှုခံရသည်  ကို တွေ့ရပါသည်။
ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးလည်း  ထိုစဉ်က တပ်မှူးတပ်သားများ၊ ပြည်သူ များချစ်ခင်လေးစားမှုခံရသူများဖြစ်ကြပါ  သည်။ တရုတ်ဖြူတိုက်ပွဲတွင် ဗိုလ်မှူးချုပ် ကျော်ဇောက (ထိုစဉ်က) ဗိုလ်မှူးတင်စိုး ဦးကိုသီဟသူရဘွဲ့ပေးဖို့ထောက်ခံသော် လည်း စစ်ရုံးချုပ်ကသူရဘွဲ့သာပေးခဲ့ကြောင်း  သိရပါသည်။
ဗိုလ်ချုပ်ဟာရဲဘော်တွေ၊ အရာရှိ ငယ်တွေနဲ့ တစ်သားထဲရှိတဲ့ စစ်ခေါင်း ဆောင်ပါ၊ ရဲဘော်တွေကျွန်တော်တို့တွေ က သိပ်ပြီးချစ်ခင်လေးစားတာတွေများ  တော့ (တစ်ပြည့်မွေးတယ်ဆိုပြီး) ပြုတ် တော့မှာပဲလို့ထင်တာ၊ ထင်တဲ့အတိုင်းပါ ပဲဟု တပ်ရင်းမှူးဟောင်းတစ်ဦး၏မှတ်ချက်  စကားကြားခဲ့ရသည်။ ချစ်ခင်သူပေါပြီး ပရိသတ်များလာရင်၊ အန္တရာယ်ရှိသော ခေတ်ဖြစ်သည်။
၁၉၈၈ ခုနှစ်ကစပြီး ဒီဖက်နှစ်တွေ၊ ခေတ်တွေမှာတော့ ဒေါ်အောင်ဆန်းစု ကြည်ပေါ့ဗျာ၊ မြန်မာပြည်သူတွေရဲ့ချစ် ခင်မှုလေးစားမှု၊ ယုံကြည်မှုအားကိုးမှုခံရ တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး ပါ။ ပြည်သူ့အသဲစွဲ၊ ပြည်သူ့အချစ်တော် ကြီးပါ။
ချစ်ခင်မှု၊ ယုံကြည်မှု၊ လေးစားမှု၊ အားကိုးမှုဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ အဓိပ္ပာယ် ချင်း ကွဲပြားသလို့၊ ဒီဂုဏ်ပုဒ်တစ်ခုစီရဖို့  အတွက် သီးခြားစွမ်းဆောင်ရည်တွေရှိပါ တယ်။
လူအများချစ်ခင်မှုဂုဏ်ပုဒ်ဟာ အနုပညာသမားတွေလည်းရနိုင်ပါတယ်။ နိုင်ငံရေးသမားလည်းရနိုင်ပါတယ်။ တခြား   လူမှုအဖွဲ့အစည်းတွေလည်းရနိုင်ပါတယ်။
အနုပညာသမားရတဲ့ ချစ်ခင်မှုက သရုပ်ဆောင်ကောင်း၍ အဆိုကောင်း၍ အရေးကောင်း၍ဖြစ်ပါတယ်။
နိုင်ငံရေးသမား၊ လူမှုအဖွဲ့အစည်း သမားများရတဲ့ ချစ်ခင်မှုက၊ လူအကျိုး ပြုလုပ်ငန်းတွေကြောင့်ပါ (လိုရင်းပျောက် မှာ စိုး၍မဆက်တော့ပါ)
ဒေါ်စုကို ပြည်တွင်းကလည်း၊ ချစ်ခင်လေးစားယုံကြည်မှုအားကိုးမှုကြောင့်   ထောက်ခံအားပေးသလိုပြည်ပနိုင်ငံများ  ကလည်း ချစ်ခင်လေးစားအားပေးမှု၊ ထောက်ခံမှုရခဲ့တာဟာ မြန်မာ့သမိုင်း စဉ်တလျှောက်မှာမရှိခဲ့ဖူးဟုထင်ပါတယ်။
အနောက်နိုင်ငံတွေက လူမှုရေးအဖွဲ့ တွေ ကမ္ဘာ့နာမည်ကြီးတက္ကသိုလ်တွေ၊ အစိုးရတွေ၊ လွှတ်တော်တွေကပေးတဲ့ ဘွဲ့ တံဆိပ်တွေဟာ တစ်ရာကျော်ပါပြီ၊ ကမ္ဘာ တွင် ဆုတံဆိပ်အများဆုံးရသူအဖြစ်ဂင်း နစ်စံချိန်တင်ထိုက်ပါတယ်။ ငြိမ်းချမ်းရေး    နိုဗယ်ဆု၊ လုံးဝမရသေးတဲ့ နိုင်ငံတွေအများ  ကြီးရှိပါသေးတယ်။ (အနောက်နိုင်ငံတွေ  ရဲ့ နိုင်ငံရေးလှည့်ကွက်လို့မလိုသူတွေက ပြောကြတယ်) အဲဒီစကားဟာဆုပေးတဲ့ ဂုဏ်သိက္ခာရှိတဲ့၊ အဖွဲ့အစည်းတွေ၊ လူ ပုဂ်္ဂိုလ်တွေကိုပါစော်ကားသလိုဖြစ်ပါသည်။ ပြောတဲ့သူသာသိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်ပေ  မည်။တခဲနက်လူထု၏ချစ်ခင်လေးစားအား ပေးမှုရခြင်းကိုလည်း ဗိုလ်ချုပ်အောင်ဆန်း   ရဲ့ သမီးမို့လို့ပါဟုခပ်ဖော့ဖော့ပြောကြ သည်။ အမြင်ကျဉ်း၊ အတွေးတိမ်သူတို့၏  မှတ်ချက်စကားဖြစ်သည်။
စစခြင်းတော့ ဗိုလ်ချုပ်သမီးဆိုပြီး လူထုထောက်ခံတာမှန်နိုင်ပေမဲ့၊ နောက် ပိုင်းမှာ ဒေါ်စုရဲ့ စွန့်လွှတ်စွန့်စားမှု၊ အနစ် နာခံမှုတွေဟာ အလွန်ကြီးကျယ်လှပါ တယ်။ အသေးစိတ်ရေးပြရရင် စာနာ ထောက်ထားတတ်သူအတွက် ကမ္ဘာကျော် လွမ်းခြင်းတစ်ပုဒ်ဖြစ်နိုင်သလိုဒီမိုကရေစီ ဘက်တော်သားတွေအတွက် အတုယူဖွယ် ရာ မှတ်တမ်းတစ်ပုဒ်ဖြစ်နိုင်ပါတယ်။
ပြည်တွင်းရောပြည်ပကပါ ချစ်ခင် လေးစားအားပေးထောက်ခံမှုတွေရတာ တွေဟာ ကျွန်ုပ်ဉဏ်မှီသလောက်
၁။ အနစ်နာခံခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း။
၂။ ရင်ထဲကခံယူချက်အတိုင်း ဖြောင့်၊ မတ်စွာပြောဆိုခြင်း။
(ရင်ထဲက ရှိတဲ့အတိုင်းပြောတဲ့စကား  လား၊ ဖြောင့်မတ်စွာပြောတဲ့စကားလားဆို  တာ၊ ပြောတဲ့စကား၊ ပြောတဲ့ဟန်လေယူ လေသိမ်း၊ အမူအယာ၊ ဥပဓိကိုကြည့်ပြီး  မြန်မာလူထုတွေကောင်းကောင်းသိကြပါ တယ်။ မပြောသာလို့သာရှိမယ်၊ လိမ်လို့ မရပါ။ ရင်ထဲကတော့သိကြပါသည်။)
၃။ ပြည်တွင်း၊ ပြည်ပလက်ခံနိုင်တဲ့ နိုင်ငံ ရေးအမြင်ရှိခြင်း။
၎။ တင်္ခဏုပ္ပထိဥာဏ်၊ ဟာသဉဏ်ရှိခြင်း။
၅။ လူလူခြင်းလေးစားစွာဆက်ဆံတက် သော်လည်း ပြောဆိုရာ၌ ပွင့်လင်းဖြောင့် မတ်ခြင်း။
၆။ အနစ်နာခံကိုယ်ကျိုးစွန့်မှုတို့ကို ပြည်တွင်းကရော၊ ကမ္ဘာကပါသိအောင် သတင်းမီဒီယာသမားများက အချိန်နှင့် တပြေးညီထုတ်ပြန်ပေးခြင်း။
၇။ ၀တ်စားဆင်ယင်မှု မြန်မာဆန်ခြင်း။
၈။ လူထုရင်ထဲ လွယ်ကူစွာရောက်နိုင် သည့် ရိုးရှင်းသည့်စကားလုံးကိုသာသုံး ခြင်း။
၉။ တိုင်းပြည်နဲ့ နိုင်ငံအကျိုးကိုသာဦးထိပ်  ပန်ဆင်ခြင်း။
၁၀။ သည်းခံခွင်လွှတ်ခြင်း၊ အာဃာတမ ထားခြင်း၊ ဒါတွေကြောင့်ပါ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်ကြောင့် ကမ္ဘာ ပေါ်တွင် မြန်မာနိုင်ငံရှိသည်ဟုကမ္ဘာကသိ  ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ကြောင့် မြန်မာပြည်သူတွေရဲ့ အခြေအနေ ဆင်းရဲဒုက္ခ၊ လယ်မြေသိမ်းဆည်း၊ နေရာ ပြောင်းရွှေ့စသည့်အနိဋ္ဌာရုံတို့ကို ကမ္ဘာက သိခဲ့ရသည်။ ထို့ပြင်ကမ္ဘာ့ခေါင်းဆောင် များ၊ နိုင်ငံရေးသုတေသိများ၊ လူမှုအဖွဲ့  အစည်းများ၊ တက္ကသိုလ်ကဆရာကြီးများ   ကစ၍ နိုင်ငံတကာလူထုကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုအကြောင်းပြု ၍ မြန်မာနိုင်ငံကိုသိရှိစိတ်ဝင်စားလာကြ သည်။ တတ်နိုင်သမျှအကူအညီတွေလည်း  ပေးနေကြပြီ၊ နောင်လည်းလာကြအုံးမည် အံ့သြဖွယ်ကောင်းလေစွ။
ဒေါ်စုနေအိမ်အကျယ်ချုပ်မှ လွှတ်သည့်နေ့က ဗေဒါရောင်ဝမ်းဆက် ၀တ်ပြီး၊ ဗေဒါရောင်ပန်းပန်ထားသည်ကို မြင်ယောင်မိသေးသည့် လူထုကလည်း တိုးမပေါက်အောင်ပါပဲ။ ငိုတဲ့ယူကငိုကြ သည်။ အာဏာမရှိပေမဲ့နိုင်ငံရေးသြဇာ ကြီးမားသူပါ။
၂၀၁၂ ခုနှစ်ကတော့ ထူးခြားလှသော  နှစ်ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီးကို လူထုကထင်ရှားစွာချစ်ခင်၊ ယုံကြည်၊ အားထာလာခဲ့သည်။ နိုင်ငံတော်သမ်္မတ ကြီး၏ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရဖြစ်ရေးဆိုသည့် စကားမှာလူထုကြားရေပမ်းစားခဲ့သည်။
နှစ် (၅၀) ကျော်ကိုယ်ရောစိတ်ပါ အကျဉ်းကျနေသည့် လူထုဘ၀ကိုသိရှိ စာနာနားလည်သည့်၊ မိန့်ခွန်းတွေခြွေပြီး တစ်ဆင့်စီဖြေလျှော့ပေးခဲ့သည်။ လူထု ချစ်ခင်သောနိုင်ငံရေးသမားတွေကို အကျဉ်းထောင်ကလွှတ်ပေးခဲ့သည်။ လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရအောင် ဆွေးနွေးခဲ့သည်။ မြစ်ဆုံရေကာတာကို ခေတ္တ ရပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် အန်ကယ်ဒီပါတီကို လွှတ်တော်   ထဲဝင်နိုင်အောင်လမ်းဖွင့်ပေးခဲ့သည်။ စီးပွားရေး၊ ပညာရေးစသည့်များပြားလှ သောအရေးအရာတို့ကိုဘက်စုံလုပ်နိုင် အောင်လည်း ပြုပြင်ဆောင်ရွက်နေသည်၊ ဒါတွေကြောင့်လည်း အမေရိကန်မှအပြန် ခရီးလူထု၏စိတ်ဝမ်းနှလုံးရွှင်ပြုံးစွာကြိုဆို ကြသည်ကိုတွေ့ရသည်။ နှစ်ပေါင်း (၅၀) ကျော်အတွင်း ပထမဆုံးမြင်ကွင်းပင်ဖြစ် သည်။ မင်္ဂလာရှိလေစွ။
လွှတ်တော်ဥက္ကဋ္ဌများ တချို့သော လွှတ်တော်ကိုယ်စားလှယ်များ တချို့သော  ၀န်ကြီးများကိုလည်း လူထုကချစ်ခင်ယုံ ကြည်အားကိုးလာကြတာကိုတွေ့ရသည်။
ဒါအပြင် (၈၈) ကျောင်းသားများ (NGO) များ လူမှုရေးအဖွဲ့လုပ်သူအနုပညာ သမားတို့ကိုလည်း ချစ်ခင်၊ လေးစား၊ အားကိုးမှုတွေတွေ့ရပါသည်။ သူတို့ရောက် လေရာကြိုဆိုသူကတရုန်းရုန်း၊ (၂၀၁၂) ခုမှ မြန်မာပြည်တွင် ကြယ်များစွာ (တိမ် ကင်းစင်၍) ထွန်းလင်းလာကြပေပြီ၊ နာမည်ရှိသောကြယ်များပဲဖြစ်ပါသည်။ ပင်ကိုယ်အရောင်ထွက်သည့်ကြယ်များ  ဖြစ်ကြသည်။
ကိုယ်ကျိုးမရှာခြင်း၊ အများအကျိုး ကိုအားတက်သရောလုပ်ကိုင်ခြင်း၊ ဖြောင့် မတ်သောစကားကိုဆိုခြင်း၏ ဆုလာဘ် ပင်ဖြစ်ပေသည်။
ယခုအခါတွင်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုကလေးစစ်သားစုဆောင်းမှု (တိုင်းရင်းသား)နေအိမ်များပြောင်းရွှေ့ရ မှု၊ လယ်ယာမြေသိမ်းဆည်းမှု၊ အဂတိလိုက် စားမှု၊ လူသားဘ၀ဖြစ်တည်မှုကိုရပ်စဲမှု၊ မတရားဖမ်းဆီးချုပ်နှောင်မှု (အပြစ်မရှိပဲ)  ပြစ်ဒဏ်ကြီးလေးစွာချမှ (မောလိုက်တာ) စသည်စသည့်နားမချမ်းသာရသောအသံတို့  လည်း၊ မကြားရတော့ပြီ။
နယူးယောက်ရှိကုလသမဂ္ဂအစည်း   အဝေးတက်လျှင်လည်း ဘယ်မသွားရ၊ ဘယ်မလာရဂဏန်းကန့်သတ်ချက်မရှိတော့ပြီ၊ ခေါင်းဆောင်ခြင်းတူပါလျက် အထင်သေး  သောအကြည့်အဖက်မတန်သောအမှု အယာတို့လည်းမတွေ့ရပြီ။ ရဲဝံ့စွာတန်း တူဆွေးနွေးနိုင်ပါပြီ။ လူထုဘ၀ကို လေ့လာ၍ လူထုဆန္ဒကိုနားထောင်ပြီး ပြည်သူ့အကျိုးသယ်ပိုခြင်း၏ ရလာဘ်ပင်  ဖြစ်ပေသည်။ အများကောင်းကျိုးသယ်ပိုး တာဟာပါရမီရှင်ကြီးတွေရဲ့လုပ်ရပ်ပါ။
ခေါင်းဆောင်ဟာ ပြည်သူနဲ့ စားရ အတူတူငတ်အတူတူဖြစ်မယ်။ လူထုကို ဖြောင့်မတ်တဲ့စကားပြောမယ်။ လူထု အကျိုးကိုသာရှေ့ရှုမယ်ဆိုရင် အဲဒီခေါင်း ဆောင်ဟာ ပြည်သူကိုမိဘလိုပဲသဘော  ထားစေကာမူလူထုဟာ အဲဒီခေါင်းဆောင်  ကို အမြဲဦးထိပ်မှာထားချစ်ခင်ကြထောက် ခံတာတွေ့ရပါတယ်။
ငါနဲ့ ငါမိသားစု၊ င့ါအသိုင်းအ၀ိုင်းပဲ ချမ်းသာအောင်လုပ်တဲ့ ပြည်သူကိုနှိပ်စက် တဲ့ ခေါင်းဆောင်ဟာ ပြည်သူတွေရဲ့ မုန်းတီးမှု၊ ပစ်ပယ်မှုခံရတာပါပဲ၊ တိုင်းပြည် အန္တရာယ်နဲ့ ကြုံလာရင်အဲဒီခေါင်းဆောင် ဟာ ကိုယ်လွတ်ရုန်းပြီး ပုန်းကျင်းပဲရှာကြ လိမ်္မာဆိုတာကမ္ဘာ့အာဏာရှင်ခေါင်းဆောင် များရဲ့ သမိုင်းကိုလေ့လာရင်တွေ့နိုင်ပါ တယ်။


ဦးသန်း(အထွေထွေ)
Hot News         

No comments:

Post a Comment