Monday, November 5, 2012

ဗြိတိန်နိုင်ငံ၏ ထိပ်တန်း သတင်းစာဖြစ်သောThe Daily Telegraph မှ မြန်မာ့စီးပွားရေး သတင်းများကို ထည့်သွင်းထုတ်ဝေလိုကြောင်း လာရောက်အဆိုပြု




ဗြိတိန်နိုင်ငံ၏ ထိပ်တန်းသတင်းစာဖြစ်သော The Daily Telegraph မှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ထည့်သွင်း ထုတ်ဝေရန် လာရောက်အဆိုပြုခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ရုံးအမှတ် ၃၂ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် The Daily Telegraph မှ Ms.Sorcha Hellyer(Vice President of Image Diplomacy of UK)  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
အဓိကအားဖြင့်The Daily Telegraph သည်
မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာသတင်းများ၊ မြန်မာ နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲနေမှုများကို The Daily Telegraph တွင်ထည့်သွင်းထုတ်ဝေ လိုကြောင်း ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးဆိုင်ရာ သတင်းများ ရယူရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိပြင်ဆင်နေသည်မှာ လဖြင့်ချီကာ ကြာမြင့်ခဲ့ပြီဟုလည်း သိရသည်။

ဗြိတိန်က The Daily Telegraph ထဲမှာ ထည့်သွင်းပြီး ဖော်ပြမှာပါ။The Daily Telegraph ဟာ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီလုပ်ငန်းရှင်၊ ဒါရိုက်တာတွေနဲ့ အစိုးရတာဝန်ရှိသူတွေ အပါအ၀င်လူဦးရေ ၁ ဒသမ ၆ သန်းဖတ်ရှုနေတဲ့ သတင်းစာ တစ်စောင်ဖြစ်ပါတယ်။ အဲဒီသတင်းစာရဲ့ National Edition အပိုင်းမှာ မြန်မာ့စီးပွားရေးသတင်းတွေကို ထည့်သွင်းဖော်ပြသွားဖို့

Ms.Sorcha Hellyer(Vice President of Image Diplomacy of UK) ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့မှ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ပြုပြင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ အချက်အလက်များကို ရှုထောင့်ပေါင်းစုံမှ သိရှိနိုင်ရန် ထည့်သွင်းထုတ်ဝေလိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။
The Daily Telegraph မှ Ms.Sorcha Hellyer (Vice President of Image Diplomacy of UK) က “ဗြိတိန်က The Daily Telegraph ထဲမှာ ထည့်သွင်းပြီး ဖော်ပြမှာပါ။The Daily Telegraph ဟာ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီလုပ်ငန်းရှင်၊ ဒါရိုက်တာတွေနဲ့ အစိုးရတာဝန်ရှိသူတွေ အပါအ၀င်လူဦးရေ ၁ ဒသမ ၆ သန်းဖတ်ရှုနေတဲ့ သတင်းစာ တစ်စောင်ဖြစ်ပါတယ်။ အဲဒီသတင်းစာရဲ့ National Edition အပိုင်းမှာ မြန်မာ့စီးပွားရေးသတင်းတွေကို ထည့်သွင်းဖော်ပြသွားဖို့ လာရောက်ဆွေးနွေးခဲ့တာပါ” ဟု နိုဝင်ဘာ ၂ ရက်နေ့က ပြောကြားခဲ့သည်။
The Daily Telegraph သတင်းစာကို ၁၈၅၅ ခုနှစ်တွင် စတင်တည်ထောင်ပြီး ၂၀၁၁ ခုနှစ်  စာရင်းများအရမှာ စောင်ရေ ၆၃၄၁၁၃ ထုတ်ဝေလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment