ဓနုဖြူဖြစ်စဉ်နဲ့ ပတ်သက်ပြီးနှောင်းလူ တို့ အမှတ်မမှားစေလိုတဲ့ စိတ်ရင်းနဲ့ပါ။သက်ရှိထင်ရှား ရှိနေသူများ အနေနဲ့ မမှန် ဘူးဆိုရင်လည်းဝေဖန်ထောက်ပြနိုင်ပါတယ်။ အဲဒီအချိန် ၁၉၈၉ခုနှစ် နှစ်ဆန်းပိုင်းမတ်လ ကုန် ဧပြီလဆန်းလို့ထင်ပါတယ်။မ.၀.တ ဥက္ကဋ္ဌ ဗိုလ်မှူးတင်ဖေအေး (ကွယ်လွန်)နဲ့ အတွင်းရေးမှူးကစာရေးသူပါ။ ၁၉၉၀ပြည့် နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်
ဧရာဝတီတိုင်းမြို့နယ်အသီးသီးကို NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်လှည့်လည်ကွင်းဆင်းရင်းဓနုဖြူ ရောက်ရှိလာပြီး ဖြစ်ပျက်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် (NLD-အထွေထွေ အတွင်းရေးမှူး) ဓနုဖြူကိုလာ မယ့်ကိစ္စနဲ့ပတ်သက်ပြီးNLDဥက္ကဌ ဦးထွန်း ရှင်(ခ)ဦးပါကြီး၊ဒုဥက္ကဋ္ဌဦးသောင်းရီ(ရှေ့နေ)၊ အတွင်းရေးမှူးကိုကျော်ကြီးတို့နဲ့ မ.၀.တ ရုံးမှာအကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းကြပါတယ်။
မြို့တွင်းဝင်ရောက်မယ့်လမ်းကြောင်း၊ စုဝေးဟောပြောမယ့်နေရာ၊ နယ်ကျေးရွာ တွေကိုသွားမယ့်သင်္ဘောဆိပ်၊ ပြန်ဝင်မယ့် သဘောင်္ဆိပ်၊နောက်ဆုံးမြို့ကနေပြန်လည် ထွက်ခွာမယ့်လမ်းကြောင်းကအစအပြန်ပြန် အလှန်လှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ သဘောတူညီပြီး အချက်အလက်တွေကို သူတို့လည်းသူတို့ အထက်အဖွဲ့အစည်း အဆင့်ဆင့်၊ကျွန်တော်တို့လည်း ကျွန်တော် တို့အထက်ခရိုင်(အဲဒီအချိန်မြို့နယ်စု)၊တိုင်း အဆင့်ဆင့်ကိုတင်ပြပြီး လုံခြုံရေးစီမံချက် တွေ ရေးဆွဲခဲ့ကြပါတယ်။ ကျွန်တော်တို့ ရေးဆွဲခဲ့ကြတဲ့လုံခြုံရေးစီမံချက်ဆိုတာဟာ လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးက အဓိကပါ။
လမ်းမပေါ်မှာ လူစုလူဝေး ဖြစ်ပြီး မလိုလားအပ်တဲ့အဖျက် အမှောင့်တစ်စုံ တစ်ရာ ပေါ်ပေါက်လာမှာကို မ.၀.တ အနေနဲ့အစိုးရိမ်ဆုံးပါ။မှန်ရာပြောရင်သစ္စာ ပါ။ ဘာပြဿနာတစ်စုံတစ်ရာမရှိဘဲအေး အေးချမ်းချမ်းနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ စည်းရုံးရေး ခရီးစဉ်ကနေအမြန်ဆုံး ပြန်လည်ထွက်ခွာသွားစေချင်တာကျွန်တော် တို့အားလုံးရဲ့ ရင်ထဲကဆန္ဒအမှန်ပါ။
လုံခြုံရေးစီမံချက်အရ ညောင်တုန်း မြို့နယ်နှင့် ဓနုဖြူမြို့နယ် အစပ် စက္ကာ၊ ဓနုဖြူ ကားလမ်းပေါ်က ထော်ကလို့ဆိုတဲ့ ရွာလေးမှစပြီး မော်တော်ယာဉ်ဖြင့်ဓနုဖြူ၊ ဓနုဖြူ မှကမ်းငူကြီး၊ ဆကာကြီးစတဲ့ ကျေး ရွာများသို့ရေယာဉ်ဖြင့် အဲဒီရွာများက ပြန် လာပြီး ဓနုဖြူကနေ ပြန်လည်ထွက်ခွာ သည်အထိအနီးကပ်လုံခြုံရေးက ဥက္ကဋ္ဌ (ဗိုလ်မှူးတင်ဖေအေး)၊ ဗိုလ်မှူးမောင်ထွန်း ခ.မ.ရ(၁၀၈)၊ဦးတင်စိန် (ရဲမြို့နယ်မှူး) တို့က ဆောင်ရွက်ကြပြီး ကျွန်တော်က ခရီးစဉ် လမ်းကြောင်းပေါ်မှာ မဟုတ်တဲ့ ဆက်သွယ်ရေးရုံး (မဟာဗန္ဓုလလမ်းနဲ့ ရတနာသီရိလမ်းထောင့်)မှာ တာဝန်ယူရ တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ များ နံနက်ပိုင်းမှာ မော်တော်ယာဉ် တန်း ဖြင့်ဝင်ရောက်လာပြီး ဓနုဖြူမြို့နယ် NLD ရုံးစိုက်ရာ မဟာဗန္ဓုလလမ်း က ဦးကျော် မင်းအိမ်မှာ စုဝေးဟောပြောကြပါတယ်။
အဲဒီနောက်ဓနုဖြူမြို့နယ် ဧရာဝတီ မြစ်ရိုးပေါ်က ကမ်းငူကြီး၊ ဆကာကြီး စတဲ့ကျေးရွာများကို ရေလမ်းခရီးအတိုင်း ကြိုတင်ညှိနှိုင်း သတ်မှတ်ထားတဲ့ကြား သင်္ဘောဆိပ်(မ.၀.တရုံးအနီး) ကနေ သွားကြတယ်။ အဲဒီခရီးစဉ်ကနေ ဓနုဖြူ ကို ပြန်ဝင်ရင်လည်း ကြားသင်္ဘောဆိပ်က ပဲ ပြန်ဝင်ရမှာပါ။ အသွားမှာ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့သော်လည်း အပြန် ခရီး စဉ်မှာတော့ ကြိုတင် ညှိနှိုင်းထားတဲ့ ကြားသင်္ဘောဆိပ်မှ ကမ်းပေါ်မတက်ဘဲ ပိတောက်ပင်ဆိပ်(မြို့မ ဓမ္မာရုံထိပ်)ကနေ လူစုလူဝေးနဲ့ ဓနုဖြူမြို့မဈေးကို ဖြတ်ပြီး လာတာကြောင့် အဲဒီမှာ ပြဿနာ စဖြစ် တာပါဘဲ။ ဒီနေရာမှာစာဖတ်သူ ပြည်သူ များကို နည်းနည်းရှင်းပြလိုပါတယ်။ အမှန် တစ်ကယ် သူတို့ဝင် ရောက်ရမယ့်ကြား သင်္ဘောဆိပ်ဟာ ကျွန်တော်တို့ လုံခြုံရေး အဖွဲ့ရဲ့ တောင်ဘက်၊ သူတို့မြို့နယ်ရုံးတွေ၊ ရဲစခန်းတွေ ရှိတဲ့နေရာ လုံခြုံစိတ် ချရမှု အပြည့်ရှိတယ်။ တကယ်တမ်း ၀င်လာတာ က မြောက်ဘက်က NLD မြို့နယ်ရုံးနဲ့ လည်း အများကြီးဝေးတယ်။ ဈေးအလယ် ကဖြတ်လာတာ၊ စည်းရုံးရေး ခရီးစဉ်မှာ ပါလာသူတွေ၊ ဈေးရောင်း ဈေးဝယ်တွေနဲ့ ရောထွေးသွားတယ်။ လုံခြုံရေးအရ မဖြစ် သင့်ဘူး။ ကြိုတင် ညှိနှိုင်းထားတဲ့လမ်း ကြောင်းလည်း မဟုတ်တဲ့အတွက် တာဝန် အရ တားဟယ် ဆီးဟယ် ပစ်မယ်ခတ်မယ် ဖြစ်ကြတယ်။ ဖြစ်စဉ်ကတော့ဒါပါဘဲ။ အဲဒီ အချိန်မှာ ဗိုလ်မှူး တင်ဖေအေးနဲ့ ဗိုလ်မှူး မောင်ထွန်းတို့ရောက်လာပြီးဆက်မလုပ်ဖို့ ကျွန်တော့်ကို တားမြစ်ခဲ့တယ်။ (ဆရာ အောင်မြင်သူရေးသလိုဒါစစ်မြေပြင်မဟုတ် ဘူး၊ နိုင်ငံရေး ဂဠုန်ဦးစောလို မဖြစ်စေ ချင်ဘူးဆိုတဲ့ စကားလုံးမျိုးတွေမပြောခဲ့ဘူး ဆိုတာကတော့ သက်ရှိထင်ရှား ရှိနေတဲ့ ဗိုလ်မှူးမောင်ထွန်းကိုသာ မေးကြည့်ပါ။)
ဓနုဖြူဈေးအတွင်းလမ်းက လေးက ပေ (၂၀)လောက်ပဲ ကျယ်ပါတယ်။ လမ်း ဘေးဆင်းလျှောက်စရာဘာပလက်ဖောင်း မှလဲမရှိ၊ လမ်းအရှည်ကလည်း မြောက် ဘက်ထိပ်ကနေ ဆက်သွယ်ရေးရုံး ထောင့် အထိ ပေ၁၀၀၀လောက် ပဲရှည်ပါတယ်။ လူစုလူဝေးက ဈေးတစ်ဝက်ကိုရောက်နေ ပြီဆိုတော့ လုံခြုံရေးအဖွဲ့နဲ့ပေ ၅၀၀ ထက် ပိုမဝေးတော့ပါဘူး။တစ်ကယ်သာသွေးဆာ နေခဲ့ရင် စာဖတ်သူအနေနဲ့ စဉ်းစားကြည့် ပါ။ အဲဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး န.တ.ခ (ပုသိမ်)မှာ ခုံရုံးဖွဲ့စစ်ဆေးခြင်းကို ခံခဲ့ရ ပါတယ်။ အထက်မှပေးအပ်သော အမိန့်နဲ့ တာဝန် ၀တ္တရားများကို ထမ်းဆောင်ခြင်း သာဖြစ်ကြောင်း(၁၂)ရက်တိတိ ဖြေရှင်းခဲ့ ရပါတယ်။ အကယ်၍သာ ဗိုလ်မှူးတင်ဖေ အေးနှင့် ဗိုလ်မှူးမောင်ထွန်းတို့ ၀င်မတား ဖြစ်ခဲ့ရင် ဘယ်လိုဆက်လက်ဆောင်ရွက် မယ်ဆိုတဲ့ အဆင့်အထိ ပွင့်ပွင့် လင်းလင်း တင်ပြခဲ့ပါတယ်။
““ဒါဆို မင်းတကယ် ပစ်မှာလား””လို့ စာဖတ်သူတွေသိချင်နေပါလိမ့်မယ်။ ဟုတ် တယ် ကျွန်တော်တကယ်ပစ်မှာပါ။ ဒါပေ မဲ့ စစ်မြေပြင်မှာ ရန်သူကို ချေမှုန်းသလို ပစ်မှာမဟုတ်ပါဘူး။ တပ်မတော်က သင် ပေးထားတဲ့ လုပ်နည်းစနစ် (Procedure) အတိုင်း လူစု လူဝေး ကွဲသွားအောင် လူ အုပ်ကိုကျော်ပြီး ခြောက်လှန့်ပစ်ခတ်မှာ ပါ။ လူစုလူဝေးမကွဲသေးရင်လည်း နောက် တစ်ဆင့်အနေနဲ့ ခေါင်းဆောင်ဟု ယူဆ ရသူ(သို့)အလံကိုင်ထားသူအား အသက် အန္တရာယ်မဖြစ်စေသော နည်းခါးအောက် ပိုင်းကိုသာ ချိန်ရွယ်ပစ်ခတ်ရမှာပါ။ အဲဒီလို ပစ်ခတ်ရတဲ့အဆင့်အထိရောက်ခဲ့ရင်လည်း အများပြည်သူစိုးရိမ်သလိုဒေါ်အောင်ဆန်း စုကြည်ကို ထိမှန်မှာမဟုတ်ပါဘူး။ ၀န်းရံ ထားတဲ့ ဆယ် ကျော်သက်ပင်နီတိုက်ပုံဝတ် လူငယ်လေးတွေကိုသာ ထိခိုက်နိုင် မှာပါ။
ပစ်မယ်ခတ်မယ်ဆိုတဲ့လုံခြုံရေးတပ် ဖွဲ့ဝင်တွေရဲ့ သေနတ်ပြောင်းဖျားတွေကို ဖယ်ရှားပြီးသွားခဲ့ကြတာလည်း မဟုတ်ပါ ဘူး။ လုံခြုံရေးအဖွဲ့ကလည်းအနီးဆုံးဓာတ် တိုင်တွေကို ဖော်ပြပြီး စည်းသုံးတန်သတ် မှတ်ကြောင်း အသံချဲ့စက်နဲ့ ကြေညာ တယ်။ လူစုလူဝေးကြီးကလည်း ဒုတိယ လိုင်းလောက် အရောက်မှာ ရပ်တန့်နေ တယ်။ အဲဒီအချိန် ဗိုလ်မှူးနှစ်ယောက်က လုံခြုံရေးအဖွဲ့ကို တားမြစ်ဖယ်ရှားပြီးမှ လူစု လူဝေးကြီးကလုံခြုံရေးအဖွဲ့ကို ကျော်ဖြတ် သွားတာပါ။ ၀ါးခမောက်ကြီး ဆောင်း ထားတဲ့ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)နဲ့ Colonel Kyi Mg (ဦးကြည်မောင်)တို့ကို တော့ လူစုလူဝေးရှေ့မှာ သတိထား မိ လိုက်ပါတယ်။
စစ်ဗိုလ်(Captain)လေး
Hot News
No comments:
Post a Comment