ထိုအလျားလိုက်နှစ်ရောင်ကွဲ ပုဇွန်ထုပ်မျိုးမှာအလွန်ရှားပါးပြီး အကြမ်းအားဖြင့် ကောင်ရေ ၅၀ တွင်မှ တစ်ကောင်၊ တစ်ခါတစ်ရံ ကောင်ရေပေါင်း သန်း ၁၀၀ တွင်မှတစ်ကောင်တွေ့ရှိရတတ်သည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်း
မိန်းနှင့်ရို့ဒ် ကျွန်းတွင်တွေ့ရှိခဲ့ရပြီး မကြာသေးမီကနိုဗာစကော့တီယာ နှင့် အဲဒွက်မင်းသားကျွန်းတွင် တွေ့ရှိခဲ့ရသည်။
သာမန်အားဖြင့်တွေ့ရှိရသော ပုဇွန်ရိုင်းများ၏ အညိုရင့်နှင့် မီးခိုးရောင်ပျောက်ကြားကွက်များမှာ မူလအနီရောင်၊ အ၀ါရောင်နှင့် အပြာရောင်တို့ကိုပရိုတင်းဓာတ်က စုစည်းလိုက်သဖြင့်ဖြစ်ပေါ်လာ ခြင်းဖြစ်ကြောင်းရေသတ္တ၀ါပြတိုက် က ရှင်းလင်းပြောကြားခဲ့သည်။
ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲတစ်မူ ထားခြားသောအရောင်များမှာ မူလအရောင်များအဆက်ပြတ်နေ၍ ဖြစ်ကြောင်း၊ ဥပမာအားဖြင့် လိမ္မော်ရောင်ပုဇွန်ထုပ်များမှာ မူလအပြာရောင်မရှိခြင်းကြောင့် ဖြစ်ကြောင်း ပြတိုက်မှဆက်လက် ရှင်းလင်းပြောကြားသည်။
ထိုအလျားလိုက်နှစ်ရောင်စပ် ပုဇွန်ထုပ်များ၏အရောင်ရရှိမှုမှာ ဥအတွင်းရှိနေစဉ်ကလပ်စည်းများ ကွဲပြားသွားမှုကြောင့်ဖြစ်နိုင် သည်။
ထိုပုဇွန်ထုပ်အမကြီးသည် မကြာမီပရိသတ်အားဆွဲဆောင် နိုင်လိမ့်မည်ဖြစ်ကြောင်း၊၎င်းင်းအား လေ့လာမှုကာလပြီးဆုံးလျှင်အများ ပြည်သူအားပြသမည်ဖြစ်ကြောင်းရေ သတ္တ၀ါပြတိုက်ကပြောကြားလိုက် သည်။
ဥက္ကာအာင်
Hot News
No comments:
Post a Comment