Wednesday, November 7, 2012

Webcam

အင်တာနက်သုံးတဲ့သူတွေ၊ Chatting သမားတွေ၊ Video Conference လုပ်မယ့်သူတွေ အဆင်ပြေစေမယ့် Logitech အမျိုးအစား Webcam တစ်မျိုးဈေးကွက်ထဲကို ၀င်ရောက်လာပါတယ်။ မော်ဒယ် C-170 ဖြစ်ပြီး ကင်မရာအပြင် Microphone လည်း ပူးတွဲပါဝင်ပါတယ်။

အရုပ်ပုံကောင်းကောင်း၊ ကြည်လင်တဲ့ပုံရိပ် မြင်နိုင်တဲ့မှန်ဘီလူးမျိုးနဲ့ ပြုလုပ်ထားပြီး VGA Quality Video ရုပ်ထွက်ရနိုင်တယ်လို့ သိရပါတယ်။ Movie သာမက ဓာတ်ပုံရိုက်ကူးနိုင်ပြီး 5 Megapixel Resolution ရှိတယ်လို့ သိရပါတယ်။ Built in Mic က ကြည်လင်ပြတ်သားတဲ့အသံကို ရစေနိုင်ပြီး အပြန်အလှန်ပြောတာကို ပြတ်ပြတ်သားသား ကြားစေနိုင်တယ်လို့ ဆိုပါတယ်။ Video Resolution ကို
640x 480 pixel အထိရစေနိုင်ပြီး Capture လုပ်မယ်ဆိုရင်တော့ 1024x 768 အထိရရှိနိုင်မယ်လို့ သိရပါတယ်။ Data Transfer Speed က USB 2.0 High Speed ဖြစ်ပါတယ်။ Universal Clip ပါဝင်ပြီး Laptop မှာရော Desktop မှာပါ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာမှာ Windows XP အထက်ဆိုရင် တပ်ဆင်လို့ရပါပြီ။ လိုအပ်တဲ့ Software အပြည့်အစုံပါဝင်ပြီး တန်ဖိုးကျပ်တစ်သောင်းရှစ်ထောင့်နှစ်ရာနဲ့ ဆိပ်ကမ်းသာလမ်းက F@X ကွန်ပျူတာဆိုင်မှာ ၀ယ်ယူရရှိနိုင်ပါတယ်။

ရေးသားသူ -အောင်အောင်
     Internet Journal

No comments:

Post a Comment