ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှရေးဆွဲထားသော ဆက်သွယ်ရေးဥပဒေကြမ်းကို
နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ခဲ့သည့်
ဆက်သွယ်ရေးဥပဒေကြမ်းတွင် အခန်းပေါင်း ၁၂ ခန်း ပါဝင်ပြီး ပြည်ထောင်စုဝန်ကြီးဌာနမှ
ရေးဆွဲထားသည့်ဆက်သွယ်ရေးဥပဒေကြမ်းကိုအတည်ပြုပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့
တင်သွင်းသွားမည်ဟု သိရှိရသည်။
ဆက်သွယ်ရေးဥပဒေကြမ်း၊ အခန်း ၂၀(အထွေထွေ) ပုဒ်မ၇၃ တွင် ပြည်
ထောင်စုအစိုးရအဖွဲ့သည်
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး သို့မဟုတ်
ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်သော မည်သည့်သတင်းအချက်အလက်နှင့်
ဆက်သွယ်ရေးကိုမဆို ကြားဖြတ်ဖမ်းယူရေးအတွက် သက် ဆိုင်ရာအဖွဲ့အစည်းများသို့
ညွှန်ကြားနိုင်သည်ဟု ပါရှိသည်။
ပုဒ်မ ၇၇ တွင် ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့်
စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန်မလွယ်ကူသော
ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့တင်ပို့ရန်မလိုဘဲ
မည်ကဲ့သို့ထိန်းသိမ်းထားကြောင်း အစီရင်ခံစာသို့ သက်ဆိုင်ရာ အခြားစာရွက်စာတမ်း
အထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့တင်ပြခြင်းကို တရားရုံးရှေ့သို့
သက်သေခံပစ္စည်းတင်ပြခြင်းကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ
စီမံခန့်ခွဲခြင်းပြုလုပ်နိုင်သည်ဟု ပါရှိသည်။
ဆက်သွယ်ရေးဥပဒေကြမ်းတွင် အိုင်တီဆိုင်ရာ နည်းပညာလုံခြုံရေးများ အဓိကပါဝင်ပြီး
ဆက်သွယ်ရေးဆိုင်ရာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများခွင့်ပြုရေးကိစ္စများကို
ကျယ်ကျယ်ပြန့်ပြန့်ထည့် သွင်းထားခြင်းမရှိသည်ကိုတွေ့ရသည်။
Eleven Media Group
No comments:
Post a Comment