Monday, November 19, 2012

သမ္မတ အိုဘားမားနှင့် ဟီလာရီ ကလင်တန်တို့ မြန်မာနိုင်ငံမှ ထွက်ခွာ



အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်မှာ မြန်မာနိုင်ငံသို့ နံနက်
၉ နာရီ မိနစ် ၃၀ တွင် ရောက်ရှိပြီး၊ ညနေ ၃ နာရီ ၃၀ မိနစ်တွင် မြန်မာနိုင်ငံမှ ပြန်လည
်ထွက်ခွာသွား၍ ၆ နာရီကြာသည်။ ယခုခရီးစဉ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် သမ္မတအိုဘားမားတို့ ပြည်ပသို့ အတူတကွ သွားရောက်မှု၏ နောက်ဆုံးခရီးစဉ်ဖြစ်ဖွယ်ရှိသည်။ အကြောင်းမှာ ဟီလာရီကလင်တန်မှာ မကြာမီတွင် နိုင်ငံခြားရေး ၀န်ကြီးတာဝန်မှ အနားယူတော့

သမ္မတအိုဘားမားသည် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းမပြောကြားမီတွင် မြန်မာနိုင်ငံရှိအရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သီးသန့်တွေ့ဆုံ


ရန်ကုန်မြို့သို့ရောက်ရှိနေသော သမ္မတအိုဘားမားသည် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းမပြောကြားမီတွင် မြန်မာနိုင်ငံရှိအရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သီးသန့်တွေ့ဆုံခဲ့သည်။

ထိုသို့ သီးသန့်တွေ့ဆုံရာတွင် သမ္မတက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကို တန်ဖိုးထားလေးစားပြီး ဒီမိုကရေစီဖြစ်စဉ်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများသည်




အမေရိကန်သမ္မတခရီးစဉ် တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တစ်ခုတည်းသာကန့်သတ်ချက်တစ်ခုတည်းဖြင့် ပြည်တွင်းသတင်းထောက်(၁၃)ဦး၊အမေရိကန်သတင်းထောက်(၁၃)ဦးသာ သတင်းရယူခွင့်ရှိပြီး ပြည်တွင်းမီဒီယာတွင် STATE  သတင်းထောက် (၈)ဦး ၊စကိုင်းနက်မှ(၂)ဦး၊PRESS များမှ (၃)ဦး စုစုပေါင်း (၁၃)ဦးသာသတင်းရယူခွင့် ရှိသည်။ထို့ကြောင့် သတင်းများကိုအချိန်နှင့်တပြေးညီ ထုတ်ပြန်သွားရန်စီစဉ်ထားကြောင်းသိရသည်။ရန်ကုန်လေဆိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် မီဒီယာကန့်သတ်ချက်မထားပဲ နေရာဝင်ဆံနိုင်မှုအနေအထားအရာ အင်အားအနည်းဆုံးဖြင့် အဖွဲစုံလင်စွာတက်ရောက်ပေးပါရန် အမေရိကန်သံရုံးက မေတ္တာရပ်ခံထားပြီး မီဒီယာများအလိုက် အမေရိကန်သံရုံးသို့ သတင်းပေးပို့ထားမှုအပါအ၀င် ပြန်ကြားရေးဝန်ကြီးဌာနသို့ စာရင်းပေးပို့ထားသူတို့ကိုလည်း လုံခြုံရေးတာဝန်ရှိသူများကိုတစ်ဆင့်ပေးပို


အမေရိကန်ပြည်ထောင်စု၏ သမ္မတဘားရတ်ဟူစိန်အိုဘားမား၏ နာရီပိုင်းမြန်မာပြည်ခရီးစဉ်အတွင်း  ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းဘသင် ခန်းမ၌ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာ့နိုင်ငံရေးနှင့် ပြည်တွင်းရှိ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တွေ့ဆုံခဲ့ပြီး။ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်၊ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ အပြုသဘောဆောင်သော အကြံပြုချက်များနှင့် ပတ်သက်၍ ဗေဒါအင်စတီကျူမှ ဒါရိုက်တာ ဦးမျိုးရန်နောင်သိမ်းအား သဘော  ထားအမြင်များအား တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါသည်။
သမ္မတအိုးဘားမားရဲ့ မြန်မာ ပြည်ခရီးစဉ်မှာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်

နိုဝင်ဘာလ ၁၉ ရက်နေ့ အာဆီယံ ဆက်စပ် အစည်းအဝေးများသို့ နိုင်ငံတော် သမ္မတ ကိုယ်စား သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Peace Place အဆောက်အအုံ၌ ဆက်လက်ပြုလုပ်နေသော (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ အနက် နိုဝင်ဘာလ ၁၉ ရက်နေ့ အစည်းအဝေး အစီအစဉ်များတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်စား နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း တက်ရောက်လျက် ရှိပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အမေရိကန် သမ္မတ အိုဘားမားနှင့်

မာအစိုးရ၏ တင်ပြမှုများကို အာဆီယံ ခေါင်းဆောင်များ ထောက်ခံ

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ၌ မြန်မာ အစိုးရ၏ တင်ပြမှုများကို အာဆီယံ ခေါင်းဆောင်များ အနေဖြင့် ထောက်ခံကြောင်း ကမ္ဘောဒီးယားနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kao Kimhuom က နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kao Kimhuom သည်

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် ဥပဒေနှင့် စီးပွားရေး အကြံပေး ကုမ္ပဏီ မြန်မာနိုင်ငံ၌ ရုံးခန်း ဖွင့်မည်

၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အမြုံ အသက်ဝင်ချိန် မတိုင်မီအချိန်တွင် ကမ္ဘောဒီးယား နိုင်ငံ၏ နာမည်ကျော် ဥပဒေနှင့် စီးပွားရေး အကြံပေး ကုမ္ပဏီ  Sciaroni and Associates က မြန်မာနိုင်ငံနှင့် လာအို နိုင်ငံများသို့ သွားရောက်ပြီး ရုံးခွဲ ဖွင့်လှစ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့ ရုံးခွဲဖွင့်မည့် အကြောင်းကို (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်နေသော ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Peace Place အဆောက်အအုံရှိ မီဒီယာ စင်တာတွင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ လာအို ရုံးခွဲကို ဖွင့်လှစ်ဖို

အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း၌ မြန်မာနိုင်ငံ ပါဝင် လက်မှတ်ရေထိုး

အာဆီယံ လူ့အခွင့် အရေး ကြေညာ စာတမ်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းတည့်ချိန်က မြန်မာ အပါအ၀င် အာဆီယံ ခေါင်းဆောင်များက လက်မှတ် ရေးထိုးပြီး ကြေညာစာ တမ်းကို အတည်အဖြစ် ထုတ်ပြန် လိုက်ပါသည်။

အာဆီယံ ခေါင်းဆောင်များ အနေဖြင့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Peace Place အဆောက်အအုံ၌ တွေ့ဆုံခဲ့ပြီးနောက် အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်းကို အတည်အဖြစ်

ဘင်္ဂါလီ ရိုဟင်ဂျာအရေး မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို အာဆီယံ အတွင်းရေးမှူးချုပ် အသိအမှတ်ပြု

ဘင်္ဂါလီ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ ကြိုးပမ်းမှုနှင့် လုပ်ဆောင်မှုများအပေါ် အသိအမှတ်ပြုကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ်က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရာ မီဒီယာ စင်တာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အာဆီယံ ဒေသတွင်းနိုင်ငံများအကြား အကြမ်းဖက်မှုများ ဖြစ်လာနိုင်ခြေနှင့် စပ်လျဉ်းပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဆူရင် ပြောကြားခဲ့သည့် စကားများကို ပြန်လည် ကောက်နှုတ်ပြီး VOA သတင်းဌာနက မေးမြန်းခဲ့သည့် အပေါ် ပြန်လည် ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီ ရိုဟင်ဂျာ အရေးနင့် မြန်မာအစိုးရ၏

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့တွေ့ဆုံ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား

မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။

ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း

မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား

မြန်မာနိုင်ငံ မင်္ဂလာပါ......
လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့် ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သံဃာတော်တွေက ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီ။
ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက်

နိုဝင်ဘာလ ၁၉ ရက်(ယနေ့) နံနက်ပိုင်းတွင် မန္တလေး၊ အိုးဘို အကျဉ်းထောင်နှင့် ကလေးမြို့ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် အကျဉ်းသားပေါင်း (၄) ဦး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး အဆိုပါလေးဦးမှာ ပုဒ်မ၁၇(က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြသော ကိုအောင်သီဟ၊ ကိုစိုင်းကျော်အောင်၊ ကိုကျော်ဌေး၊ ကိုမောင်မောင်ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ ကလေးမြို့ အကျဉ်းထောင်မှလည်း

Sunday, November 18, 2012

အမေရိကန်သမ္မတ မစ္စတာ ဘာရက်အိုဘားမား မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်လည်ပတ်မှု နောက်ဆုံးရသတင်းများ



Nov 19 - 10 : 00 AM
အမေရိကန်သမ္မတ အိုဘားမား ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်သို့ရောက်ရှိ

အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါ လိုက်ပါလာခဲ့ပြီး အိုဘားမားနှင့် အဖွဲ့အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မီရှဲတို့ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သမ္မတ အိုဘားမားနှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ ၀န်းကျင်တွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံနေကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံပြီးပါက တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသို့ သွားရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ယနေ့အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်တစ်လျှောက် မြန်မာပြည်သူ အများအပြားက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် လွှတ်တော်မှ ထွက်ခွာပြီးနောက် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြှော်မည်ဖြစ်ကာ မြောက်ဘက်မုဒ်မှ ရင်ပြင်တော်ပေါ်သို့ တတ်ရောက်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် သမ္မတအိုဘားမား၏ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရွှေတိဂုံစေတီတော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ုတိုင်းဒေသကြီး လွှတ်တော်မှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
Nov 19 - 11 : 35 AM
ယနေ့နေ့လည်ပိုင်းတွင်း အမေရိကန်သမ္မတ အိုဘားမားသည် လူမှုရေးအဖွဲ့အစည်းများ၊တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို တွေ့ဆုံပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
Nov 19 - 11 : 30 AM
နိုင်ငံတော်သမ္မတဦသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့၏ တွေ့ဆုံမှု နံနက် ၁၁နာရီ ၂၀မိနစ်အချိန်တွင် ပြီးစီးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ အပြုသဘောဆောင်သောတွေ့ဆုံမှုသည် အမေရိကန် မြန်မာ နှစ်နိုင်ငံ ရေရှည်ဆက်ဆံရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအား တိုးတက်မှုကိုဖြစ်ပေါ်စေ ကြောင်း၊ အမေရိကန် မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်နှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှအပြင် တစ်ကမ္ဘာလုံးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတော်သမ္မတကြီး၏ ကလေးစစ်သားဆိုင်ရာ ဆောင်ရွက်မှုများနှင့် လက်နက်ကြီးတပ်ဆင်မှု ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများသည် ကောင်းမွန်ပါကြောင်း၊ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် ထပ်မံ လာရောက်နိင်မည် ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
Nov 19 - 11 : 00 AM
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားသည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမားသည် ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး တစ်ဦးလျှင် ၅ မိနစ်ခန့် ၄င်းတို့၏ တွေ့ဆုံမှုနှင့် ပတ်သတ်၍ မှတ်ချက်စကားပြောကြားမည် ဖြစ်သော်လည်း မီဒီယာများမှ မေးမြန်းခွင့်မရှိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။
Nov 19 - 10 : 20 AM
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ စတင်တွေ့ဆုံနေပြီဖြစ်ကြောင်း သိရှိရသည်။


ကျန်းမာရေးအသုံးစရိတ် အရှေ့တောင်အာရှတွင် မြန်မာအမြင့်မားဆုံး

အရှေ့တောင်အာရှတွင်းနိုင်ငံများတွင် မြန်မာနိုင်ငံသည် ကျန်းမာရေးအသုံးစရိတ်အမြင့်မားဆုံး တွင်ရှိနေပြီး အသုံးစရိတ်၏ ၈၇ ရာခိုင်နှုန်းသည် လူမမာများအနေ ဖြင့် မိမိတို့ဘာသာ အိတ်စိုက်သုံး စွဲနေရခြင်းဖြစ်ကြောင်းသိရသည်။
အောက်ခြေလူတန်းစား အများစုမှာ တစ်နေ့ဝင်ငွေ ၁၅၀၀  ၀န်းကျင်ရှိကြောင်း၊နေမကောင်း၍ ရပ်ကွပ်ထဲရှိ ဆေးခန်းသို့သွား  ပြလျှင် ၃၀၀၀ပေးရကြောင်း၊အထူးကုဆေးခန်းတစ်ခုတွင် သာမန် ရောဂါတစ်ခုပြသလျှင် ဆရာဝန်  ကိုစမ်းသပ်ခ ၄၀၀၀ပေးရကြောင်း၊  သူနာပြုခ၊အရံသူနာပြုခ၊အခန်းခ  စသည့် စရိတ်များအပါအ၀င် ပျှမ်းမျှ ကျပ်(၁)သိန်းမှ (၁)သိန်းခွဲ   ထိ ကုန်ကျနိုင်ကြောင်းသိရသည်။
လူအများစုအားထားနေရ သော ရပ်ကွက်ဆေးခန်းမှာပင် 

Moe&More ကုမ္ပဏီကို သုခမြိုင်ရေနံလုပ်သားများ ဆန္ဒပြမည်

သုခမြိုင်ရေနံလုပ်သားများ အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်အဖွဲ့ဝင်များ(၈)လေး လုံးအင်အားစု ကလေးမြို့အဖွဲ့ဝင်များနှင့် Moe&More ကုမ္ပဏီ   တာဝန်ရှိသူတို့သည် နိုဝင်ဘာ(၈)  ရက်တွင်၊ကုမ္ပဏီရှိရာ ကလေးမြို့၊  အောင်သစ္စာရပ်ကွက် ကုမ္ပဏီ ရုံးခန်း၌ ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်   ပြုလုပ်ခဲ့ကြောင်း အထက်ချင်းတွင်း     ဒေသလူငယ်များကွန်ရက်မှ ကို မင်းမင်း ပြောပြချက်အရ သိရပါ သည်။
အဆိုပါ ညှိနှိုင်းပွဲတွင် ကုမ္ပဏီ   တာဝန်ရှိသူများနှင့်ရေနံလုပ်သား များ ညှိနှိုင်းမှုအဖြေအား ရေနံ လုပ်သားများဘက်မှ ကျေနပ်ခြင်း   မရှိသောကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြတော့မည်ဖြစ်ကြောင်း နိုဝင်ဘာ(၁၆)ရက်တွင် သုခမြိုင်

ထူးခြားသောရေစက်တစ်ခု

အင်းတင်ကျေးရွာနှင့် ချယ်ရီရိုးမ ကုမ္မဏီသွား တောလမ်းတွင်ဦးအောင်ဝင်း+ဒေါ်ခင်မာဌေးတို့၏ ဈေးဆိုင်လေးတစ်ဆိုင်သည်
ကြားစခန်းတစ်ခုသဖွယ်တည်ရှိနေသည်
။ ၄င်းဈေးဆိုင်ကလေးတွင်ဘယ်ဘ၀ရေစက်ကြောင့်မသိ ခွေးမလေးတစ်ကောင်နှင့်
မျောက်သားပေါက်လေးတစ်ကောင်တို့ ငြိမ်းချမ်းစွာ အတူနေထိုင်နေကြသည်ကိုအံ့သြဖွယ်တွေ့ရှိခဲ့ရပါသည်။ ထိုမျောက်ကလေး၏အမည်ကို ဂျော်နီလို့
ပေးထားကြောင်းသိရပြီး ခွေးမလေး၏နာမည်မှာ ၀ိုင်းချစ်ဖြစ်ကြောင်းကိုလည်းသိရပါသည်။ မျောက်ကလေးဂျော်နီကို

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းနှင့်အမေရိကန်ပြည်ထောင်စု USAID မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

အမေရိကန်ပြည်ထောင်စုUSAID အဖွဲ့သည် မြန်မာနိုင်ငံ သို့ (၃၀.၁၀.၂၀၁၂ မှ ၁၇.၁၁. ၂၀၁၂)အထိ နှစ်ပတ်ကြာလာ ရောက်၍ စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ လာရောက်လေ့လာ   ခဲ့ကြပြီး Team Leader အဖြစ်  လိုက်ပါလာပြီး အဖွဲ့ ၀င်များအပြင် Mr.Jakson နှင့်   Professor John တို့လိုက်ပါခဲ့ကြပြီး မြန်မာနိုင်ငံမှ MMRD နှင့်ပူးပေါင်း ၍ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကိုလေ့လာ၍ စာတမ်းပြုစုပြီး အမေရိကန်ပြည်ထောင် စု အစိုးရသို့ပြန်လည်တင်ပြသွား မည်သိရသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာလ(၁၅)  ရက်နေ့ ညနေ (၄း၃၀)အချိန်တွင်

အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ် ရန်ကုန်မြို့တွင် အခမဲ့ လာရောက်ဖျော်ဖြေမည်

အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ်သည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင်တွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သူ၏၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ''အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ များစွာသော အသိအမှတ်ပြုမှု၊ အလေးထားမှုတွေနဲ့အတူ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်။ ကွဲပြားမှုရှိတဲ့ ဖျော်ဖြေပွဲတစ်ခုလုပ်နိုင်ဖို့ မျော်လင့်ထားပါတယ်'' ဟု လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် လာရောက်ဖျော်ဖြေမည့် ဂရမ်မီဆုရှင် အဆိုတော် မရက်ဇ် ပြောကြားသည်။
လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် MTV EXIT မှစီစဉ်သည့် အဆိုပါဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ MTV EXIT Live in Myanmar ဖျော်ဖြေမှုကို USAID၊ AusAID၊ Walk Free နှင့်အာဆီယံမိတ်ဖက်အဖွဲ့များနှင့်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) ထုတ်ပြန်ကြေညာ

လူ့အခွင့်အရေး၊ အကျဉ်းသားများအရေး၊ ပဋိပက္ခများ ဖြေရျင်းရေးနှင့် အမျိုးသား သွေးစည်းညီညွတ်ရေး၊ အဏုမြူမပြန့်ပွားရေး၊ ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ် ဖြစ်ပေါ်ရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးများအတွက် မကြာသေးမီကဖွဲ့စည်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်(၂/၂၀၁၂)ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ . . .

မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ ရခိုင်လူမျိုး (၁၂)ဦးကိုလူသတ်မှုကြောင့်ဖမ်းဆီးထားသည်ဟုဆို

ရခိုင်ပြည်နယ် တကျော့ပြန်  ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး နောက် နိုဝင်ဘာ(၂၁)ရက်တွင်  မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်  တွင် နေထိုင်သော ဆန်ကုန်သည်   ဦးကျော်ဇောဖြူ သေဆုံးသည့်  ကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့ ရှိ ရခိုင်(၁၂)ယောက်အား စွပ်စွဲ  ဖမ်းဆီးလိုက်ကြောင်း ဒေသခံများ နှင့် ဖမ်းဆီးခံလိုက်ရသူ၏ ဆွေမျိုး   များပြောပြချက်အရသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်  ပြီးမြောက်ဦးဒေသခံများပြောဆို  နေကြသည်မှာ ““အဲဒီနေ့က (၂၁. ၁၀.၂၀၁၂)က သေဆုံးသွားတဲ့   ကိုကျော်ဇောဖြူကို မြောက်ဦးမြို့   သားတွေက ဘင်္ဂါလီတွေကို ဆန်ပို့ရောင်းချနေတာကို ရပ်တန့်ဖို့ အတွက် ထောင်ချီတဲ့လူအုပ်ကြီး နဲ့သွားတားကြတယ်၊အဲလို သွား တားတဲ့အချိန်မှာ ကိုကျော်ဇောဖြူ   က သူ့ဆီကို လူတွေအများကြီး  လာတာတွေ့တော့ အိမ်ပေါ်က   ဆင်းပြီးတော့ ဓားနဲ့ရမ်းတယ်။ အနားမှာရှိတဲ့

အမေရိကန်သမ္မတအိုဘားမား အလည်အပတ်ခရီးစဉ်အတွင် ရန်ကုန်မြို့တွင် လမ်းအချို့ခေတ္တပိတ်ထားမည်


နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရောက်ရှိလာမည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ ခရီးစဉ်အတွင်း ရန်ကုန်မြို့ပေါ်ရှိလမ်းများအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြထားချက်အရသိရှိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာလာမည့် သမ္မတ အိုဘားမား၏ ယာဉ်တန်းဖြတ်သန်းမည့် ပြည်လမ်းတစ်လျှောက်ရှိ ၁၀ မိုင်လမ်းဆုံ ၊ ပြည်လမ်းနှင့် လေဆိပ်လမ်းဆုံ ၊ ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံ၊ ၈မိုင်လမ်းဆုံ၊ ပါရမီလမ်းဆုံ(အေဒီမီးပွိုင့်)၊ အင်းလျားလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ ဟံသာဝတီအဝိုင်း၊ မြေနီကုန်း မီးပွိုင့်၊ လွှတ်တော်အရှေ့၊ ပြည်လမ်းနှင့် အလုံလမ်းဆုံ ၊ ဦးဝိစာရအဝိုင်းနှင့် ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်လမ်းဆုံတို့ကို ယာဉ်တန်းမဖြတ်မီ မိနစ်၂၀ ခန့် ခေတ္တကြိုတင် လမ်းပိတ်ထားမည်ဖြစ်ပြီး

ရေအောက်ကမ္ဘာလှည့်ခရီးသည်များအားဆွဲဆောင်သည့် ဘောက်စ်ဝက်ဂွန်

က္ကဆီကိုနိုင်ငံ၊ ကန်ကွန်း ကမ်းလွန်ရှိ ကာရစ်ဘီယံပင်လယ် ကမ်းစပ် အောက်ခြေ ရေအနက် ပေ(၃၀)ခန့်၌  ရှေးဟောင်း ဘောက်စ်ဝက်ဂွန်ဘီးတဲလ် ကား ပုံစံ အရာဝတ္တုတစ်ခုရှိနေသည်။ ထိုအရာဝတ္တုအား အယ်လ်ဂျေး(algae) နှင့်သန္တာများက ဖုံးအုပ်ထားပြီး ကျောက်ပုစွန်အနည်းငယ်က နေ အိမ်အဖြစ် အသုံးချနေကြသည်။ ၎င်းင်း၏ တာယာများပေါ်မှစာလုံး များအား မြင်ရလုနီးပါးအထိ ဗောက်စ်ဝက်ဂွန်ကား အစစ်နှင့် တူနေသော်လည်းအမှန်မှာဗောက်စ် ၀က်ဂွန်ကားအစစ်မဟုတ်ဘဲ ရေ အောက်ကမ္ဘာလှည့် ခရီးသည် များအား ဆွဲဆောင်ထားသည့် သမရိုးကျမဟုတ်သော နာမည် ကျော် အနုပညာလက်ရာတစ်ခု သာ ဖြစ်သည်။
ထိုကားပုံအား ပန်းချီပညာ ရှင် ဂျပ်စင်ဒီကိုင်ရက် တေလာက

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ် မြန်မာ့ကန်းရိုးတန်းသို့ ရွေ့လျားလာနိုင်ဖွယ်မရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနမှသတင်းထုတ်ပြန်

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်း မုန်တိုင်းအဖြစ် အားကောင်းလာနိုင်သော်လည်း မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနက နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် သတင်းထုတ် ပြန်ခဲ့သည်။ နိုဝင်ဘာလ ၁၈ ရက် မွန်းလွဲ ၁၂း၃၀ နာရီအချိန်တိုင်းထွာချက်များအရ အဆိုပါမုန်တိုင်းငယ်သည် ပုသိမ်မြို့၏ အနောက်ဘက် မိုင် ၄၀၀ ခန့်၊ ကျောက်ဖြူမြို့၏အနောက်တောင်ဖက် မိုင် ၃၈၀ ခန့် အကွာ ပင် လယ်ပြင်ကို ဗဟိုပြုနေပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့အားကောင်းလာကာ အနောက်မြောက်ဘက်သို့ရွေ့ လျားနိုင်ကြောင်း

ပြုံးပြုံးလေး ကျွန်တော့ဘေးကထိုင်… ရက်ကန်းခတ်သံလေးက အလွန်ပဲမြိုင်

ဝါလလွတ်ကင်း၊ သီတင်းကျွတ်ပြီး သည်နှင့် တန်ဆောင်းမုန်းလ ရာသီမှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် အသီး သီးသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၌ ကထိန်သင်္ကန်းကပ်လှူ ခြင်းနှင့် စုပေါင်း မဟာဘုံကထိန်ပွဲများ ကျင်းပပြုလုပ်လေ့ရှိကြသည်။ ရပ်ကွက် များထဲတွင် ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း ပြုနိုင်ရန် ဥပသ ကာ၊ ဥပသကီများ၏ ယာယီအလှူခံ  စခန်းလေးများမှာ အလှူခံနိဗ္ဗာန်ဆော် အကျိုးတော်ဆောင်၍ အလှူရှင် ဖိတ် ခေါ်သံများကား ဝေစီ ဆူညံစွာ..။
ယင်းတို့အထဲမှာ ဥပသကာ၊ ပီသစွာကထိန်အလှူပွဲအကြောင်းနှင့် ကထိန် သင်္ကန်းအကြောင်း သက်ဆိုင် ဆီလျော် မှုရှိစွာ ပြောနိုင်သူများရှိသလို လူဆိုသည် မှာ (အတ္တရှေ့တန်းတင် လွန်ကဲမှုများ)ရှိ တတ်သည်ဖြစ်ရာ (မဆီမဆိုင်)မိမိ၏ ကိုယ်ရေးအလှူများ ဗုဒ္ဓဂယာဘုရာဖူး ခရီးစဉ်များအကြောင်း ရှည်လျားစွာ ပြောကြားသည်များကိုလည်း ကြားရ သည်။ သာသနာအကျိုး သယ်ပိုးလို သော စိတ်များကို လေးစားမှု ထားသော် လည်း

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်သို့ ဘဏ္ဍာငွေ ပြန်လည်ပေးသွင်းရန် ကျန်ရှိနေသော ၀န်ကြီးဌာနများအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မကုန်မီ မပေးသွင်းပါက တရားဥပဒေနှင့်အညီ တရားစွဲဆိုခြင်းပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ သဘောထား မှတ်ချက်ပြု

၂၀၁၁-၂၀၁၂ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်သို့ ဘဏ္ဍာငွေ ပြန်လည်ပေးသွင်းရန် ကျန်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မကုန်မီ ပြန်လည်ပေးသွင်းရန်နှင့် မပေးဆပ်နိုင်ပါက ဒဏ်ကြေးများချမှတ်ခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများ ပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီမှ သဘောထားမှတ်ချက် ပြုထားပါသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးအတွက် ခွဲဝေပေးထားသော ဘဏ္ဍာငွေများအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ထူးခြားသော စစ်ဆေးပေါ်ပေါက်ချက်များနှင့် အရေးယူဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ထိုသို့ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်အရ

လယ်သမား (၄၇)ယောက်အကြွေး အမြန်ပြန်ပေး

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နှင့်မော်လမြိုင်ကျွန်းမြို့ သို့ဆက်သွယ်မှုကားလမ်းဖောက်  လုပ်ရာတွင် ဘိုကလေးမြို့နယ်  သာပေါင်းကျေးရွာနှင့်သပြုကုန်း   ကျေးရွာမှလယ်သမား(၄၇)ယောက်  မှ ၎င်းတို့စိုက်ပျိုးထားသော နွေစပါးများရိပ်လုဆဲဆဲအချိန်တွင်  မြန်မာရွှေရတာပတိန် ကုမ္ပဏီမှ   ၂၀၁၀ခုနှစ် ဖေဖော်ဝါရီ(၂၄) ရက်နေ့မှစတင်၍ သတ်မှတ်ချိန် ထက်စောကာ စက်ယန္တရားကြီး မျာဖြင့် လမ်းဖောက်လုပ်ခြင်းလုပ် ငန်းအားပြုလုပ်ခြင်းကြောင့် လယ်  ဧရိယာ (၆၃.၆၅)ဧကတွင် စိုက် ပျိုးထားသော စပါးများပျက်စီး  ဆုံးရှုံးသွားရကြောင်းပြောပြပါ သည်။
ထိုသို့ပျက်စီးဆုံးရှုံးသွားရ သောကြောင့် လယ်သမား(၄၇) ယောက်မှ

နိုင်ငံပိုင် ရေနံချက်စက်ရုံ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ၊ မက်သနောစက်ရုံနှင့် ဓာတ်မြေသြဇာ စက်ရုံများအား ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် စတင်ပြင်ဆင်ပြီးနောက် သန်လျင်ရေနံချက် စက်ရုံအား နိုင်ငံခြားသား လုပ်ငန်းရှင်များသို့ စတင်လွှဲပြောင်းမည်

စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင် ရေနံချက်စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ၊ မက်သနောစက်ရုံများနှင့် ဓာတ်မြေသြဇာ စက်ရုံများအား အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ ဖက်စပ်လုပ်ကိုင်သွားရန် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် နိုင်ငံပိုင် သန်လျင်ရေနံချက်စက်ရုံအား နိုင်ငံခြားသား လုပ်ငန်းရှင်များသို့ စတင်လွှဲပြောင်းမည်ဖြစ်ကြောင်း စွမ်းအင်စီမံရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
သန်လျင်မြို့ရှိ အမှတ် (၁) ရေနံချက်စက်ရုံအား အဆင်မြင့်မွမ်းမံ ပြင်ဆင်ကာ ပြည်ပမှ ရေနံစိမ်းများ တင်သွင်းစေမည်ဖြစ်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်စေမည်ဖြစ်ကာ ထိုသို့ လွှဲပြောင်းပေးအပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍လည်း  နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် ဒီဇင်ဘာလ ၃ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ထိုသို့ စက်ရုံတစ်ခုလုံးအား လွှဲပြောင်းမှု မပြုလုပ်စဉ်က အမှတ် (၁) ရေနံချက်စက်ရုံတွင်ရှိသော စက်ဆီ/ချောဆီ ရောစပ်စက်ရုံအား

အမေရိကန်သမ္မတ၏ လေယာဉ်ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်များတွင် ရန်ကုန်လေဆိပ်၌ အခြားလေကြောင်းလိုင်းများမှ ဆင်း၊ တက်မပြုရန် ညှိနှိုင်းဆောင်ရွက်ထား

အမေရိကန်သမ္မတ၏ လေယာဉ်ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အခြားလေကြောင်းလိုင်းများမှ ဆင်း၊ တက်မပြုရန် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''အမေရိကန်နိုင်ငံက အရေးကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ ခရီးစဉ်ဖြစ်တာမို့ ဒီလေယာဉ်ဆိုက်ရောက်ချိန်နဲ့ ထွက်ခွာချိန်တွေမှာ အခြားပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းတွေအနေနဲ့ ဆင်း တက်မလုပ်အောင် လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတဲ့ သဘောပါ။ လေဆိပ်တစ်ခုလုံးကို ပိတ်ထားတာတော့ မဟုတ်ပါဘူး။ လုံခြုံရေးအရအချိန် လွှဲပေးရတဲ့သဘောပါ'' ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။
''မနက် ၈း၄၀မှာ စင်ကာပူနိုင်ငံကို ထွက်ခွာမယ့်

နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး ဈေးနှုန်းအဆိုပြုလွှာတင်သွင်းနိုင်ကြောင်း

နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီက ၂၀၁၂ ခုနှစ်နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး ..သတ်မှတ်ထားသောပမာဏအတိုင်း ၀ယ်ယူမည်ဖြစ်ကြောင်း၊ ကော်မတီမှသတ်မှတ်ထားသောစည်းကမ်းများနှင့် အညီ ဈေးနှုန်းအဆိုပြုလွှာများ တင်သွင်းနိုင်ကြောင်း ကြေငြာချက်တစ်ရပ်ကို တင်ဒါအမှတ် ၀၁(အရဆ)/၂၀၁၂-၂၀၁၃ ဖြင့်ကြေငြာလိုက်ကြောင်းသိရသည်။တင်ဒါအောင်မြင်သူများသည် သိုလှောင်ရုံအရောက်ပေးပို့ရမည်ဖြစ်ပြီး သိုလှောင်ရုံတည်နေရာလိပ်စာကို သက်ဆိုင်ရာ ဒေသရှိမြန်မာနိုင်ငံဆန်စပါး အသင်းချုပ်

အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည်

အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းအား ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများသို့ မှတ်ပုံတင်စနစ်ဖြင့် ၀န်ဆောင်မှုပေးသူ (Registered Service Provider) အဖြစ် ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ပြီး ယင်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် အဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော် ဗဟိုစာတိုက်ကြီးမှ သိရသည်။ လက်ရှိ၌ ယင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်အတွက် လျောက်လွှာခေါ်ယူထားပြီး အဆိုပါ လျောက်လွှာခေါ်ယူမှုအတွက် နောက်ဆုံးရက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့အဖြစ် သတ်မှတ်ထားသည်။
''လက်ရှိ ၀န်ဆောင်မှုပေးနေတဲ့ HDL တို့၊ EMS International တို့လို

“ဥပဒေဘောင်ကျော်လျှင်ရဲကိုလည်း ပြန်အမှုဖွင့်လို့ရတယ်”

ပဲခူးတိုင်းပေါင်းတည်မြို့နယ် ကြူတောကန်အုပ်စုနတ်ပုတီးကျေးရွာတွင် နိုဝင်ဘာ(၁၀)ရက်နေ့ည(၉နာရီ၃၀)အချိန်က မူးယစ်ဆဲဆိုသူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူ သည့်ဖြစ်စဉ်တွင် နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အပေါင်းအပါတစ်ဦးမှ ရိုက်နှက်ခဲ့ကြောင်း ဖမ်းဆီးခံရသူက ထွက်ဆိုတိုင်ကြားပြီးနောက် နယ်ထိန်းရဲတပ်ဖွဲ့ဝင်မှလည်း ၀တ္တရားနှောင့်ယှက်မှုဖြင့် ပြန်လည်တရားစွဲဆိုသည့် အမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။ကျေးရွာသားတို့၏တိုင်ကြားချက်တွင်မအေးစန္ဒာနေအိမ်၌ ရှိနေစဉ် အကိုဖြစ်သူ ဖိုးချို (၃၀)နှစ် နှင့်ရာအိမ်မှုးကိုအောင်မြင့် တို့စကားများသဖြင့်  ကိုအောင်မြင့်မှရဲစခန်းသို့တိုင်ကြားရာ ကျေးရွာအုပ်ချုပ်ရေးမှုး ကိုဟန်စိုးနှင့်အတူ

မြန်မာ့ရွှေများ မှောင်ခိုတင်ပို့နေမှု သိရှိသော်လည်း ထိရောက်စွာ တားဆီးနိုင်ခြင်းမရှိ မြန်မာ-တရုတ်နယ်စပ် လမ်းကြောင်းမှ တစ်ဆင့် အဓိကထွက်ရှိနေ

မြန်မာ့ရွှေများ မှောင်ခိုတင်ပို့နေမှု သိရှိသော်လည်း ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများထံမှ သတင်းရရှိသည်။
မှောင်ခိုသွားနေသည်ကို သိရှိသော်လည်း တားဆီးမှုအားနည်းသည့် အတွက် ထိရောက်အောင်မြင်စွာ ကိုင်တွယ်နိုင်မှု မရှိသေးကြောင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၏ ဒဿမအကြိမ် နှစ်ပတ်လည် အခမ်းအနားတွင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသူတော်မှ ပြောကြားခဲ့သည်။
“ရွှေမှောင်ခိုထွက်နေတာကို သိလားဆိုရင်တော့ သိတယ်။ ဒါပေမယ့် တားဆီးတဲ့နေရာမှာ အားနည်း နေတယ်”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသူ တော်မှပြောကြားခဲ့သည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအနေဖြင့်

မပြောင်းတချို့ ပြောင်းတစ်ချို့ ကောင်းဖို့နည်းလမ်းရှာကြစို့

ယခုကာလသည် မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရသစ်မှ ဦးဆောင်ကာ ဒီမို ကရေစီစနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ရာ အစိုးရဌာနဆိုင်ရာများ၏ ပြည်သူ့ရေး ရာ ၀န်ဆောင်မှု လုပ်ငန်းကိုလည်းပြုပြင် ပြောင်းလဲဖော်ဆောင်လာနေသည်မှာ ၀မ်းသာအားတက်ဖွယ်ဟု ဆိုရပေမည်။  သို့ရာတွင် အလုံးစုံ ပြောင်းသွားခြင်းကား မဟုတ်သေးသဖြင့် စာနယ်ဇင်း မီဒီယာ များမှတစ်ဆင့် ပြည်သူအချို့၏ ရင်ဖွင့် ညည်းညူသံများကိုလည်း ကြားသိနေရ ဆဲဖြစ်သည်။
ကျွန်တော်သည် အစိုးရဌာနဆိုင် ရာ ရုံးများသို့ ယခင်ကထက်စာလျှင် အရောက်အပေါက် ကျဲသွားခဲ့ပြီဟု ယျေဘုယျဆိုနိုင်သော်လည်း

တောဆင်ရိုင်းများ သောင်းကျန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ချောင်းသာကမ်းခြေ  သို့သွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ တောင်ဆင်းရိုင်း များမကြာခဏဆိုသလိုဝင်ရောက်  ကာလူများအားအန္တရာယ်ပြုသတ် ဖြတ်ခြင်း၊ လူနေအိမ်နှင့် စိုက်ခင်း များအား ဖျက်ဆီးနေခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်နေရ လျက်ရှိပြီး ယင်းဆင်ရိုင်းများအား တိုင်းဒေသကြီးအစိုးရ၏အစီအစဉ် ဖြင့် ကာကွယ်တားဆီးမှုများပြုလုပ်  ပေးစေလိုကြောင်း ဒေသခံပြည်သူ  များထံမှ သိရှိရသည်။
“တောရှင်းပြီး ရော်ဘာအစား  ထိုးစိုက်ပျိုးမှုတွေလုပ်တော့

နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက်ခြင်း တိုးတက်လာမှုနှင့်အတူ ကလေးသူငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှု အန္တရာယ်များမှ ကာကွယ်နိုင်ရန် ပုဂံဟိုတယ် အခန်းများတွင် သတိပေးချက်များ စတင်ထားရှိ

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံခြားသားများမှ မြန်မာကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုအန္တရာယ် များပြားလာနိုင်ပြီး အဆိုပါအမှုအခင်းများကို ကာကွယ်နိုင်ရန် ပုဂံဟိုတယ်ခန်းများတွင် သတိပေးချက်များ စတင်ထုတ်ထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုတယ်ဆိုတာ မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ပြစ်ဒဏ် ဖြစ်တယ်ဆိုတာကို ဟိုတယ်အခန်းတိုင်းမှာ

CNG လျှောက်ရာတွင် နံပါတ်အသေးထက် နံပါတ်အကြီးများက ရှိမရှိ ယဉ်ပိုင်ရှင်များအရင်ရသွားခြင်းအပေါ်ယာဉ်ပိုင်ရှင်အချို့သံသ

ထိုးလဲလှယ်ရေးစီမံချက်အရ မော် တော်ကားပိုင်ရှင်များအနေဖြင့်  မိမိတို့၏ယခင် သဘာဝဓာတ်ငွေ့ CNG စာအုပ်အား မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းဌာန သို့ အပ်နှံခဲ့ပြီး အသစ်တင်သွင်း သော AA ကားများအတွက် သ ဘာဝဓာတ်ငွေ့ CNG အသုံးပြု ရန် ပြန်လည်လျှောက်ထားရာတွင်  ယာဉ်နံပါတ်အသေးထက်စောစွာ    နံပါတ်အကြီးများက ရရှိခြင်းများ ရှိနေသဖြင့် ကားပိုင်ရှင်အချို့ မကျေနပ်လျက်ရှိကြောင်းသိရှိရ သည်။
““သူ့လုပ်ထုံးလုပ်နည်းအရ လျှောက်လွှာတင်တယ်။ဒါပေမဲ့ ကိုယ့်ထက်စီနီယာနိမ့်တဲ့သူတွေက   ထွက်လာတယ်။ဒီလို လက်သိပ် ထိုးလုပ်တာကိုတော့ မကျေနပ် ဘူး။အဲဒါနဲ့ CNG လျှောက်တဲ့နေ ရာက အရာရှိ ဦးကိုလေးကိုသွား ပြောတော့ ဦးကိုလေးကဒီကိစ္စသူ မရှင်းပေးနိုင်ဘူးတဲ့။ဒါနဲ့ကျွန်တော်    လည်း ဘယ်သူဖြေရှင်းပေးနိုင်သ လဲမေးတော့ သူကမောက်မောက် မာမာနဲ့ ခင်ဗျား ဘာသာစုံစမ်း ပေါ့။ခင်ဗျားကတိုင်ချင်နေတဲ့သူ။   ကိုယ့်ဘာသာစုံစမ်းတယ်။မင်းကို

ရန်ကုန်သို့ နေ့ချင်းအရောက်သွားနိုင်မည့် မြ၀တီ-သင်္ဃန်းညီနောင်-ကော့ကရိတ် ဒုတိယလမ်းသစ် စတင်ဖောက်လုပ်

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအတွက် အဓိကအရေးပါသော မြ၀တီ-ကော့ကရိတ် ဒုတိယမြောက် ဒေါနတောင်ရှောင်ကွင်းလမ်းပိုင်းနှင့် လမ်းဟောင်းပြုပြင်ရေး လုပ်ငန်းများကို ထိုင်းနိုင်ငံ SEE SANG YOTHA ကုမ္ပဏီလီမိတက်မှ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အဆိုပါလမ်းသစ် ပြီးစီးပါက မြ၀တီမှ ရန်ကုန်သို့ နေ့ချင်းအရောက် သွားလာနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
“ချစ်ကြည်ရေးတံတားထိပ်ကနေ သင်္ဃန်းညီနောင် မိုင်တိုင်အမှတ် ၉၂/၇ အထိ လမ်းဟောင်းပြုပြင်ရေး အပိုင်းနဲ့ လမ်းသစ်ဖောက်လုပ်ရေး အပိုင်းကို အဆိုင်းတွေခွဲပြီး လုပ်ဆောင်နေပါတယ်။ စီမံကိန်းကို ထိုင်းနဲ့ မြန်မာအင်ဂျင်နီယာတွေ  ပူးတွဲတာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု လမ်းဟောင်းပြုပြင်ရေးလုပ်ငန်း လုပ်ဆောင်နေသူ

လာမည့် နှစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ ဆောက်လုပ်ရေးလုပ်သား သိန်းနှင့်ချီ၍ အလုပ်အကိုင် ရဖွယ်ရှိနေ

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကြောင့် လာမည့်နှစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ ဆောက်လုပ်ရေးလုပ်သားသိန်းချီ၍ အလုပ်အကိုင်ရလာ ဖွယ်ရှိနေကြောင်း အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက ထင်မြင်သုံးသပ်ထားပါသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ လိုအပ်ချက်ဖြည့်ဆည်းမှု၊ အရည်အသွေးမြှင့်တင်မှုနှင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူတို့၏ ရုံးအဆောက်အအုံများ လိုအပ်ချက်မြင့်မားမှုတို့ကြောင့် တစ်နိုင်ငံလုံးအတိုင်း  အတာဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထား ပါသည်။
ရန်ကုန်မြို့ရှိ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ စသည့်ဆောက်လုပ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ကိုရီးယား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက်ဆွေးနွေးနေကြောင်း  အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

မြန်မာ့ ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ် အားပေးခဲ့ သည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအဖြစ် သမ္မတအိုဘားမား အား မြန်မာပြည်သူ များ ကြိုဆိုကြမည်၊ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အစဉ်အလာ ကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်၌ အိုဘားမား မိန့်ခွန်းပြောကြားရန် စီစဉ်ထား

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘားမားအား မြန်မာ့ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ် အားပေးခဲ့သည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအား ကြိုဆိုသည့်အသွင်ဖြင့် သမ္မတ အိုဘားမားအား မြန်မာပြည်သူများက ကြိုဆိုကြမည်ဖြစ်ကြောင်း Facebook ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ် ပျံ့နှံ့နေသည်။
အဆိုပါသတင်းများ၌ အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အိုဘားမားပုံစံတူလူ ရုပ်ကြီးများဖြင့်လည်း ကြိုဆိုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန် သမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ခရီးစဉ်အား မြန်မာပြည်သူများမှ ကြိုဆိုလိုလျှင် လုံခြုံရေးအခြေ အနေပေါ်မူတည်ကာ ကြိုဆိုခွင့် ပေးသွားမည် ဖြစ်ကြောင်း မြန်မာအစိုးရနှင့်