Sunday, November 18, 2012

တောဆင်ရိုင်းများ သောင်းကျန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ချောင်းသာကမ်းခြေ  သို့သွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ တောင်ဆင်းရိုင်း များမကြာခဏဆိုသလိုဝင်ရောက်  ကာလူများအားအန္တရာယ်ပြုသတ် ဖြတ်ခြင်း၊ လူနေအိမ်နှင့် စိုက်ခင်း များအား ဖျက်ဆီးနေခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်နေရ လျက်ရှိပြီး ယင်းဆင်ရိုင်းများအား တိုင်းဒေသကြီးအစိုးရ၏အစီအစဉ် ဖြင့် ကာကွယ်တားဆီးမှုများပြုလုပ်  ပေးစေလိုကြောင်း ဒေသခံပြည်သူ  များထံမှ သိရှိရသည်။
“တောရှင်းပြီး ရော်ဘာအစား  ထိုးစိုက်ပျိုးမှုတွေလုပ်တော့ ဆင်ရိုင်း တွေနေရာပျောက်ပြီး အနီးနားက    ရွာတွေကို ရောက်ရောက်လာတာ၊  သူတို့ကြောင့် သေတဲ့လူတွေလည်း  မနည်းတော့ဘူး။ ဆင်တွေဖျက်ဆီး လို့ပျက်စီးတဲ့အိမ်တွေလည်းမနည်း တော့ဘူး။ ရွာမှာလူတိုင်းက ဗျောက်  အိုးဆောင်ထားရတယ်။ သူတို့လာ  ရင် ခြောက်ဖို့ ဒါပေမဲ့ မထိရောက်  ပါဘူး။ ဒီဆင်ရိုင်းတွေကြောင့် တောစပ်သွားပြီး ၀မ်းရေးရှာမယ့် လူတွေလည်းသွားမရှာရဲဘူး။ ဒါကို  မစိုးရနဲ့ အစီအစဉ်တစ်ရပ်အနေ နဲ့ ဖြေရှင်းပေးစေချင်တယ်”ဟု ရှမ်း  စုကျေးရွာနေပြည်သူတစ်ဦးက ပြောကြားသွားခဲ့သည်။
တောများရှင်းပြီး ရာဘာ အစားထိုးစိုက်ပျိုးမှုကြောင့် နေရာ ပျောက်၍ တောဆင်ရိုင်းများမှ အနီးရှီကျေးရွာများသို့ မကြာခဏ ၀င်ရောက်၍ စိုက်ခင်းနှင့် လူနေ အိမ်များအားဖျက်ဆီးခြင်း၊ လူများ အားအသက်အန္တရာယ်ပြုနေခြင်း တို့ပြုလုပ်လျက်ရှိနေပြီး တောဆင်  ရိုင်းအန်္တရာယ်အများဆုံးစိုးရိမ်နေ  ရသောရွာများမှာ ရှမ်းစု၊ သစ်တို ပင်၊ ကလောခုံ၊ ၀ါဘိုး၊ လျှောပြာ၊ ရွာသစ်ကြီးစသည်တို့ဖြစ်ကြောင်း သိရှိရသည်။
ခန့်ခန့်(ဒဿနိက)
Hot News   

No comments:

Post a Comment