Nov 19 - 10 : 00 AM
အမေရိကန်သမ္မတ အိုဘားမား ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်သို့ရောက်ရှိ
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါ လိုက်ပါလာခဲ့ပြီး အိုဘားမားနှင့် အဖွဲ့အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မီရှဲတို့ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သမ္မတ
အိုဘားမားနှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ ၀န်းကျင်တွင် ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံနေကြောင်း
သိရသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံပြီးပါက တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသို့ သွားရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ယနေ့အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်တစ်လျှောက် မြန်မာပြည်သူ အများအပြားက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံပြီးပါက တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသို့ သွားရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
ယနေ့အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်တစ်လျှောက် မြန်မာပြည်သူ အများအပြားက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် လွှတ်တော်မှ ထွက်ခွာပြီးနောက် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြှော်မည်ဖြစ်ကာ မြောက်ဘက်မုဒ်မှ ရင်ပြင်တော်ပေါ်သို့ တတ်ရောက်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် သမ္မတအိုဘားမား၏ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရွှေတိဂုံစေတီတော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ုတိုင်းဒေသကြီး လွှတ်တော်မှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
Nov 19 - 11 : 35 AM
ယနေ့နေ့လည်ပိုင်းတွင်း အမေရိကန်သမ္မတ အိုဘားမားသည် လူမှုရေးအဖွဲ့အစည်းများ၊တိုင
Nov 19 - 11 : 30 AM
နိုင်ငံတော်သမ္မတဦသိန်းစိန်နှင်
Nov 19 - 11 : 00 AM
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ
Nov 19 - 10 : 20 AM
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ စတင်တွေ့ဆုံနေပြီဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment