Monday, November 19, 2012




အမေရိကန်သမ္မတခရီးစဉ် တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တစ်ခုတည်းသာကန့်သတ်ချက်တစ်ခုတည်းဖြင့် ပြည်တွင်းသတင်းထောက်(၁၃)ဦး၊အမေရိကန်သတင်းထောက်(၁၃)ဦးသာ သတင်းရယူခွင့်ရှိပြီး ပြည်တွင်းမီဒီယာတွင် STATE  သတင်းထောက် (၈)ဦး ၊စကိုင်းနက်မှ(၂)ဦး၊PRESS များမှ (၃)ဦး စုစုပေါင်း (၁၃)ဦးသာသတင်းရယူခွင့် ရှိသည်။ထို့ကြောင့် သတင်းများကိုအချိန်နှင့်တပြေးညီ ထုတ်ပြန်သွားရန်စီစဉ်ထားကြောင်းသိရသည်။ရန်ကုန်လေဆိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် မီဒီယာကန့်သတ်ချက်မထားပဲ နေရာဝင်ဆံနိုင်မှုအနေအထားအရာ အင်အားအနည်းဆုံးဖြင့် အဖွဲစုံလင်စွာတက်ရောက်ပေးပါရန် အမေရိကန်သံရုံးက မေတ္တာရပ်ခံထားပြီး မီဒီယာများအလိုက် အမေရိကန်သံရုံးသို့ သတင်းပေးပို့ထားမှုအပါအ၀င် ပြန်ကြားရေးဝန်ကြီးဌာနသို့ စာရင်းပေးပို့ထားသူတို့ကိုလည်း လုံခြုံရေးတာဝန်ရှိသူများကိုတစ်ဆင့်ပေးပို
့ထားကြောင်းသိရသည်။ပြန်ကြားရေးမီဒီယာ အသိအမှတ်ပြုကဒ်ပြား Press Card ကိုတိုင်းဒေသကြီးလွှတ်တော် ရန်ကုန်လေဆိပ် ရန်ကုန် တက္ကသိုလ်ဝင်ထွက်ခွင့် နေရာတွေမှာ အချိန်စာရင်းထဲမှာပါသည့်အတိုင်း အချိန်ကိုက်ထုတ်ပေးရန်စီစဉ်ထားကြောင်းသိရသည်။လုံခြုံရေးတာဝန်ရှိသူများကလည်း နေရာအလိုက်အသိမှတ်ပြုစတေကာများထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။အသေးစိတ်
ထပ်မံသိရှိလိုပါက ဦးဇော်နိုင်ဦး ဖုန်း -၀၉၄၉၀၃၂၉၉၇၊၀၁-၂၀၁၅၉၂တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရသည်။

Hot News

No comments:

Post a Comment