အောက်ခြေလူတန်းစား အများစုမှာ တစ်နေ့ဝင်ငွေ ၁၅၀၀ ၀န်းကျင်ရှိကြောင်း၊နေမကောင်း၍ ရပ်ကွပ်ထဲရှိ ဆေးခန်းသို့သွား ပြလျှင် ၃၀၀၀ပေးရကြောင်း၊အထူးကုဆေးခန်းတစ်ခုတွင် သာမန် ရောဂါတစ်ခုပြသလျှင် ဆရာဝန် ကိုစမ်းသပ်ခ ၄၀၀၀ပေးရကြောင်း၊ သူနာပြုခ၊အရံသူနာပြုခ၊အခန်းခ စသည့် စရိတ်များအပါအ၀င် ပျှမ်းမျှ ကျပ်(၁)သိန်းမှ (၁)သိန်းခွဲ ထိ ကုန်ကျနိုင်ကြောင်းသိရသည်။
လူအများစုအားထားနေရ သော ရပ်ကွက်ဆေးခန်းမှာပင် ဆေးကုသစရိတ် ၃၀၀၀ကုန်ကျ နေသည့်အတွက် ရပ်ကွက်ထဲမှ စပ်ဆေးဆိုင်များကိုသာ အားထား နေရကြောင်း၊လက်ရှီိအခြေအနေ တွင် သားဖွားဆရာမခန့်ထားမှု နှုန်းမှာ လူဦးရေ၄၀၀၀တွင် သားဖွားဆရာမတစ်ဦးနှုန်းသာရှိပြီး လက်ထောက်ကျန်းမာရေးမှူးမှာလည်း လူဦးရေ ၄၀၀၀၀န်းကျင် တွင် ၁ဦးနှုန်းသာရှိကြောင်း သိရ သည်။
လက်ရှိအစိုးရ၏ကျန်းမာရေး အသုံးစရိတ်မှာ အလွန်နည်းပါး လျက်ရှိကြောင်း၊ကျန်းမာရေးဝန် ကြီးဌာန လက်အောက်တွင် အထူးကုဆရာဝန် ၁၈၅၃ဦး၊လက်ထောက် ဆရာဝန် ၂၈၉၆ဦး၊အုပ်ချုပ်ရေး ပြည်သူကျန်းမာရေးရောဂါနှိမ်နင်း ရေးဌာနများတွင် ၆၃၃ဦး စုစုပေါင်း ၅၃၈၀ဦးရှိကြောင်းသိရသည်။
နွယ်ရိုး
Hot News
No comments:
Post a Comment