Sunday, November 18, 2012

ရေအောက်ကမ္ဘာလှည့်ခရီးသည်များအားဆွဲဆောင်သည့် ဘောက်စ်ဝက်ဂွန်

က္ကဆီကိုနိုင်ငံ၊ ကန်ကွန်း ကမ်းလွန်ရှိ ကာရစ်ဘီယံပင်လယ် ကမ်းစပ် အောက်ခြေ ရေအနက် ပေ(၃၀)ခန့်၌  ရှေးဟောင်း ဘောက်စ်ဝက်ဂွန်ဘီးတဲလ် ကား ပုံစံ အရာဝတ္တုတစ်ခုရှိနေသည်။ ထိုအရာဝတ္တုအား အယ်လ်ဂျေး(algae) နှင့်သန္တာများက ဖုံးအုပ်ထားပြီး ကျောက်ပုစွန်အနည်းငယ်က နေ အိမ်အဖြစ် အသုံးချနေကြသည်။ ၎င်းင်း၏ တာယာများပေါ်မှစာလုံး များအား မြင်ရလုနီးပါးအထိ ဗောက်စ်ဝက်ဂွန်ကား အစစ်နှင့် တူနေသော်လည်းအမှန်မှာဗောက်စ် ၀က်ဂွန်ကားအစစ်မဟုတ်ဘဲ ရေ အောက်ကမ္ဘာလှည့် ခရီးသည် များအား ဆွဲဆောင်ထားသည့် သမရိုးကျမဟုတ်သော နာမည် ကျော် အနုပညာလက်ရာတစ်ခု သာ ဖြစ်သည်။
ထိုကားပုံအား ပန်းချီပညာ ရှင် ဂျပ်စင်ဒီကိုင်ရက် တေလာက ဖန်တီးထားခြင်းဖြစ်ပြီး ၎င်းင်းသည် ယခုအခါ ကန်ကွန်းရေအောက် ပြတိုက်ဟု ထင်ရှားလာသည့် ပြတိုက်အား မက္ကဆီကိုနိုင်ငံရှိ လူအများတို့၏ နေ့စဉ်လှုပ်ရှား သွားလာမှုများမှ ပင်လယ်ထဲသို့ ကျရောက်လာသည့် ပန်းပုထည် ၅၀၀ ခန့်အားဖြည့်စွက်ပေးထား သူလည်းဖြစ်သည်။ တေလာ သည် ၂၀၀၆ ခုနှစ်ကတည်းက သာမန်ကွန်ကရစ်ထက် ပင်လယ် ရေဆားငန်ဓာတ်ကို ပိုမိုခံနိုင်ရည် ရှိသည့် မရိန်းကွန်ကရစ်များအား အသုံးပြု၍ ရုပ်တုများထုလုပ် ခဲ့သည်။ ထိုရုပ်တုများအားဖြင့် သဘာဝ သန္တာကျောက်တန်းများ ဆီသို့ ကမ္ဘာလှည့်ခရီးသည်များ အားဆွဲဆောင်ပေးပြီး ဟာရီကန်း မုန်တိုင်းတိုက်ခိုက်သည့်အခါတွင် လည်း သန္တာကျာက်တန်းများ အတွက် အကာအကွယ် ဖြစ်စေ သည်။
တေလာ၏ ဗောက်စ်ဝက် ဂွန်ရုပ်ထုမှာ အလေးချိန် ၈ တန် လေးပြီး တေလာနှင့်အဖွဲ့သည် အလွန်ကြီးများသော လေအိတ် ကြီးများဖြင့် ရုပ်ထုအားချည် နှောင်၍ကမ်းစပ်မှရေချ မည့်နေ ရာ သို့ရောက်အောင် ၆ မိုင်ခန့် ဆွဲယူသွားခဲ့ရကာ နောက်ဆုံး တွင်တော့ သတ်မှတ်နေရာတွင် ရေချနိုင်ခဲ့သည်။ နှစ်အနည်းငယ် အတွင်းတွင်ပင် သန္တာများက ရုပ် တုအားဖုံးအုပ်သွား ခဲ့သဖြင့် မူလ ကျောက်သားများကို မတွေ့မြင်ရ တော့ဘဲ သံချေးတက်နေသည့် ဗောက်စ်ဝက်ဂွန်ကားတစ်စီးအဖြစ် မြင်တွေ့နေရခြင်း ဖြစ်သည်။

ဥက္ကာအာင်
Hot News

No comments:

Post a Comment