Monday, November 19, 2012

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် ဥပဒေနှင့် စီးပွားရေး အကြံပေး ကုမ္ပဏီ မြန်မာနိုင်ငံ၌ ရုံးခန်း ဖွင့်မည်

၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အမြုံ အသက်ဝင်ချိန် မတိုင်မီအချိန်တွင် ကမ္ဘောဒီးယား နိုင်ငံ၏ နာမည်ကျော် ဥပဒေနှင့် စီးပွားရေး အကြံပေး ကုမ္ပဏီ  Sciaroni and Associates က မြန်မာနိုင်ငံနှင့် လာအို နိုင်ငံများသို့ သွားရောက်ပြီး ရုံးခွဲ ဖွင့်လှစ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့ ရုံးခွဲဖွင့်မည့် အကြောင်းကို (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်နေသော ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Peace Place အဆောက်အအုံရှိ မီဒီယာ စင်တာတွင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ လာအို ရုံးခွဲကို ဖွင့်လှစ်ဖို
့ ပြန်ဆင်နေတာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ၊ ဒီလကုန်လောက်မှ ဖွင့်လှစ်နိုင်ပါလိမ့်မယ်။  စီးပွားရေး လုပ်ဆောင်မှု ကျင့်ထုံးတွေနဲ့ အတူ ဖွင့်လှစ်နိုင်အောင် စီစဉ် ထားပါတယ်။ မြန်မာနိုင်ငံ အတွက် ရုံးခွဲကိုလည်း နောက်နှစ်ရဲ့ ပထမ သုံးလအတွင်း မှာ ဖွင့်လှစ် နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု  Sciaroni and Associates  ကုမ္ပဏီမှ အကြီးတန်း ပူးပေါင်း ဆောင်ရွက်သူ Bretton G. Sciaroni ကပြောကြားခဲ့ပါတယ်။

“အခု လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီနဲ့  မြန်မာနဲ့ လာအိုမှာ ရှိတဲ့ ရှေ့နေပညာရှင်တို့ စတင် ပူးပေါင်းမှုများလုပ်နေပါပြီ။့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေက လွန်ခဲ့သော နှစ်၂၀ ကျော်က ကမ္ဘောဒီယားနဲ့ တူတဲ့ အတွက် သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုဖို့ အလွန်  စိတ်ဝင်စားပါတယ်”ဟု  Bretton G. Sciaroni က ဆက်လက် ပြောကြားခဲ့သည်။

မစ္စတာ  Bretton G. Sciaroni သည် ယခု အချိန်၌ ကမ္ဘောဒီယားနိုင်ငံ  စီပွားရေးအသင်း၏ ဥက္ကဌ အဖြစ် တာဝန်ထမ်းထမ်းဆောင်နေပါသည်။

Eleven Media Group

No comments:

Post a Comment